About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile
Showing posts with label ပြည်တွင်းဖြစ်. Show all posts
Showing posts with label ပြည်တွင်းဖြစ်. Show all posts

Oct 15, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ ပါဝင်သော NCCT နှင့် အစိုးရက ဖွဲ့စည်းပေးထားသော UPWC တို့ ၂ နှစ်ကျော် ညှိနှိုင်းရေးဆွဲခဲ့သည်။ လက်မှတ်ရေးထိုးသည့် ၈ ဖွဲ့တွင် ပါဝင်သော ABSDF သည် NCCT တွင် ပါဝင်ခဲ့ခြင်းမရှိသဖြင့် ယင်းစာချုပ် စတင်ရေးဆွဲချိန်တွင်  ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့၊ စာချုပ်အချောသတ်ချိန်တွင်မှ ပါဝင်ခွင့် ရရှိခဲ့သည်။
ABSDF သည် တိုင်းရင်းသားလူမျိုး တစ်မျိုးမျိုးကို အခြေခံဖွဲ့စည်းထားသည့် အဖွဲ့အစည်း မဟုတ်ခြင်း ကြောင့် Ethnic Armed Organization အဖြစ် သတ်မှတ်ခြင်းတွင် ဝိဝါဒ ကွဲပြားလေ့ရှိသည်။
သို့သော် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည့်အတွက် EAO အဖြစ် သတ်မှတ်ခံရသည်လည်း ရှိသည်။

အခန်းအနားရောက် ၈၈ မျိုးဆက်များ


Read more »

Aug 12, 2015

SD နှင့် ၈၈ ငြိမ်းပွင့် တွေ့ဆုံ (သတင်း)

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့(SD)တွင် ပါဝင်လုပ်ဆောင်နေသည့် ရဲဘော်မျိုးဝင်း(မကဒတ ဒု ဥက္ကဋ္ဌ)
- ၈၈ ငြိမ်း/ပွင့် နှင့် တွေ့ဆုံဆွေးနွေးစဉ်။ သြဂုတ်လ ၉ ရက် ၂၀၁၅

Read more »

Aug 7, 2015

နဝမအကြိမ် NCA စာချုပ်ညှိနှိုင်းဆွေးနွေးပွဲ

August 7, 2015
ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော NCA စာချုပ် အပြီးသတ် နိုင်ရေးအတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသားများ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့အနက် ၁၅ ဖွဲ့နှင့်သာ လက်မှတ်ရေးထိုးမည်ဆိုသည့် အခြေခံမူ အပေါ်တွင် ရပ်တည်နေသဖြင့် နှစ်ဘက် ညှိနှိုင်း၍ မရသေးပေ။
NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား အားလုံး ပါဝင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် မကြာမီ နေပြည်တော်၌ နှစ်ဖက် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။
နေပြည်တော်သို့ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ မှ ခေါင်းဆောင်များ သွားရောက်တွေ့ဆုံမည်ဖြစ်သည်။

Read more »

Jul 30, 2015

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့လုံး ပါဝင် မှ လက်မှတ်ထိုးမည်ဟု တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်များက တညီတညွှတ်တည်း ဆုံးဖြတ် လိုက်ကြသည်။
ယင်းဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အထိပြုလုပ်သည့် NCA လက်မှတ် ထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက သဘောတူလိုက်ခြင်းဖြစ်သည်။
ချင်းမိုင်မြို့ အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ SD အဖွဲ့ က ရန်ကုန်မြို့တွင် ယခု လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် NCA ညှိနှိုင်းဆွေးနွေးပွဲ ရလဒ် များကို တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များထံ တင်ပြခဲ့သည်။
ထိပ်သီးခေါင်းဆောင်များ၏ ညှိနှိုင်းချက်သဘောထားများကို သြဂုတ်လ ပထမအပတ်ထဲ၌ ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) တွင် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် SD အဖွဲ့ တို့ ထပ်မံ ညှိနှိုင်းသွားကြမည်ဖြစ်သည်။
July 30, 2015
http://burma.irrawaddy.org

Read more »

Jul 21, 2015

ပြည်တွင်းငြိမ်းချမ်းရေးနှင့်အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ


UPWC-SD NCA အချောသတ်နိုင်ရေး ဆွေးနွေးပွဲပထမနေ့ကိုရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန MPC တွင် ၂၀၁၅ ဇူလိုင်လ ၂၂ မနက် ၁၀:၀၀ တွင် စတင်ကျင်းပခဲ့ပါတယ်။
အခု ဆွေးနွေးပွဲက NCA ရဲ့ (၈) ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲ ဖြစ်ပါတယ် အလွတ်သဘော နဲ့ ပြင်ဆင်ရေးဆွေးနွေးပွဲပေါင်း (၄၀) ကျော် ကျင်းပခဲ့ပါတယ်။
Senior Delegation မှာ လူသစ်အချို့ နဲ့ NCCT အဖွဲ့ဝင် အချို့ ပါဝင်ပါတယ်။
အစည်းအဝေးသို့တက်ရောက်မည့် UPWC ကိုယ်စားလှယ် အဖွဲ့ဝင်စာရင်း
၁။ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း UPWC - ဒုဥက္ကဌ
၂။ ဦးသိန်းဇော် UPWC - ဒုဥက္ကဌ
၃။ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း
၎။ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်
၅။ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး
၆။ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ
၇။ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး
၈။ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး
၉။ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး
၁၀။ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်
၁၁။ ဦးထွန်းထွန်းဦး ဒု ရှေ့နေချုပ်
၁၂။ ဗိုလ်မှူးကြီး ကျော်စိုးဝင်း
၁၃။ ဦးစောထွန်းမြအောင်
၁၄။ ဒေါ်မိယဉ်ချမ်း
၁၅။ ဦးခက်ထိန်နန်
MPC အလုပ်အဖွဲ့
၁။ ဦးတင်မောင်သန်း Special Advisor
၂။ ဦးလှမောင်ရွှေ Special Advisor
၃။ ဒေါက်တာ ဒေါ်ရင်ရင်နွယ် Special Advisor
၎။ ဒေါက်တာ သန့်မြင့်ဦး Special Advisor
၅။ ဦးကျော်စိုးလှိုင်
၆။ ဒေါက်တာ မင်းဇော်ဦး
၇။ ဒေါက်တာ ကျော်ရင်လှိုင်
၈။ ဦးအောင်နိုင်ဦး
၉။ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်
၁၀။ ဦးညိုအုန်းမြင့်
၁၁။ ဒေါက်တာ ရေဘက်ခါထင်
၁၂။ ဦးတင်အောင်မိုး
၁၃။ ဒေါက်တာ ကျော်ဆန်းဦး
၁၄ ဦးလှမြင့်
အစည်းအဝေးသို့တက်ရောက်သည့် SD အဖွဲ့ဝင်စာရင်း
၁။ ပဒို နော်စီဖိုးရာစိန် အဖွဲ့ခေါင်းဆောင်
၂။ ဒေါက်တာ လဂျာ ဒုတိယအဖွဲ့ခေါင်းဆောင် (၁)
၃။ ပူးဇင်ကျုံး ဒုတိယအဖွဲ့ခေါင်းဆောင် (၂)
၎။ ခိုင်စိုးနိုင်အောင် အဖွဲ့ဝင်
၅။ နိုင်ဟံသာ အဖွဲ့ဝင်
၆။ ဦးမျိုးဝင်း အဖွဲ့ဝင်
၇။ ခွန်မြင့်ထွန်း အဖွဲ့ဝင်
၈။ ရွှေမျိုးသန့် အဖွဲ့ဝင်
၉။ စပ်ခွန်ဆိုင်း အဖွဲ့ဝင်
၁၀။ ဗိုလ်ချုပ် တာအိုက်ဘုန်း အဖွဲ့ဝင်
၁၁။ ပဒို စောကွယ်ထူးဝင်း (NCCT အဖွဲ့ဝင်)
၁၂။ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း (NCCT အဖွဲ့ဝင်)
၁၃။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ (NCCT အဖွဲ့ဝင်)
၁၄။ ဒေါ်စောမြရာဇာလင်း (NCCT အဖွဲ့ဝင်)
၁၅။ တာအိုက်ညွန့် (NCCT အဖွဲ့ဝင်)
နည်းပညာအထောက်အကူအဖွဲ့
၁၆။ ဒေါ်ဂျာနန် အဖွဲ့ဝင်
၁၇။ ဒေါ်နန်ရော် အဖွဲ့ဝင်
၁၈။ ဗိုလ်မှူးကြီး ဆင်ဝါး Special Advisor
၁၉။ နော်မေဦး Special Advisor
၂၀။ စောကပီ Special Advisor
၂၁။ ဆလိုင်းထလာဟေး Special Advisor
၂၂။ ဒုတိယဗိုလ်မှူးကြီး လအောင် အဖွဲ့ဝင်
၂၃။ ရမ်ကု(လ်)ကျုံး အဖွဲ့ဝင်

Read more »

Mar 30, 2015

Nationwide Ceasefire Agreement Final Draft အတည်ပြု ပြီးစီး

၃၁ မတ် ၂၀၁၅
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ရှေ့မှောက်တွင် Nationwide Ceasefire Agreement Final Draft အတည်ပြု ပြီးစီးကြောင်း UPWC နှင့် NCCT နှစ်ဘက် ခေါင်းဆောင် ငါးဦးစီမှ လက်မှတ်ရေးထိုးကြစဉ်။

Read more »

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် သဘောတူညီ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(Union Peacemaking Work Committee-UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination Team-NCCT) တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) အတွက် (၇) ကြိမ်မြောက် အစည်းအဝေး သတ္တမ နေ့ (၃၀.၃.၂၀၁၅) နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် Nationwide Ceasefire Agreement-NCA) ပါ အခန်းပေါင်း ၇ ခန်း အပိုဒ်ပေါင်း ၃၃ ပိုဒ် အပိုဒ်ငယ်ပေါင်း ၈၆ ပိုဒ် ပါအချက်အားလုံးကို သဘောတူနိုင်ခဲ့ကြသည်။နောက်တစ်နေ့ (၃၁.၃.၂၀၁၅) ရက်နေ့ နံနက် ၁၀ နာရီတွင် နှစ် ဘက်ခေါင်းဆောင် များပြန်လည်တွေ့ဆုံပြီးတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) ပါ အချက်များ အားလုံးကို ဆွေးနွေးပွဲ မှတ်တမ်းများအရ ပြန်လည် စီစစ်ပြီး သဘောတူညီထားကြောင်း ပဏာမ အဆင့် လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။

Read more »

Dec 8, 2012

၉၂ နှစ်မြောက် အမျိုးသားနေ့

ပထမဆုံး အမျိုးသားနေ့ကို ခရစ်နှစ် ၁၉၂၂ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့) တွင် စတင်ကျင်းပခဲ့သည်။ ခရစ်နှစ် ရက်စွဲအားဖြင့် ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ တွင် ဖြစ်ပါသည်။ 
အမျိုးသားအောင်ပွဲနေ့တွင်  နေရာဒေသအသီးသီး၌  ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ကြသည်။

Read more »

Nov 30, 2012

အာရုဏ် ခါးခါး

လက်ချည်း မျှမျှ
ဘဝ သုဉ်းသုဉ်း
ရုန်းရုန်း ထထ
.. ... ..
ပိတ် ခိုး မြူ ဆီး
လောင်မီး သားညှော်
ဟစ်အော် ညည်းညည်း
.. ... ..
ပျားရည် ခါးခါး
လျားလျား သက်သက်
ဝမ်းကယ်အောင် လျက်ခဲ့ရ
.. ... ..
နေအတက်
အာရုဏ် မနက်
မမျှော်ရက်ရဲတော့ ... ...

၂၀၁၂ sweet December အတွက် ..

Read more »

Nov 13, 2012

ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ

သမ္မတဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့ သည် ယခုလ ၉ ရက်နေ့က ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး ၃ ရက်အတွင်း ပြည်ပအခြေစိုက် အဖွဲ့အစည်း ၁၄ ဖွဲ့နှင့် တွေ့ဆုံ ဆွေး နွေးခဲ့သည်။
နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် နိုင်ငံရေးအဖွဲ့များ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားအကူ အညီပေးရေးအဖွဲ့၊ ဒုက္ခသည်ကူညီရေးအဖွဲ့များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းသို့တွေ့ဆုံဆွေးနွေးမှုအပေါ် ဝန်ကြီး ဦးအောင်မင်း က ကျေနပ်မှုရှိသည်ဟုဆိုသည်။
“သူ (ဦးအောင်မင်း) က ကျနော်တို့ကို ရှင်းပြတာကတော့ တွေ့ဆုံတဲ့ဟာတွေက Peace Process အနေနဲ့ တွေ့တဲ့ဟာတွေပါ သလို အခြားအဖွဲ့တွေရဲ့ ယုံကြည်မှုနဲ့ သူတို့ရဲ့သဘောထားတွေကိုလည်း ထည့်သွင်း စဉ်းစားနိုင်မယ်၊ ဒီလိုနည်းနဲ့လည်း stabilization ဘက်ပိုရောက်ဖို့ သမ္မတနဲ့ သူ (ဦးအောင်မင်း) နဲ့ရည်ရွယ်တယ်ဆိုတာမျိုး ကျနော်တို့ကို ရှင်းပြပါတယ်” ဟု ဦးလှမောင်ရွှေ က ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ အဖွဲ့ အစည်းများနှင့်တွေ့ဆုံဆောင်ရွက်မှုများနှင့်ပတ်သက်၍ လက်မှတ်ထိုးသဘောတူညီမှုများ ပြုလုပ်ခဲ့ခြင်း မဟုတ် သေးသော်လည်း တရားဝင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းသို့တွေ့ဆုံမှုများကို အကောင်ထည်ဖော်ဆောင်ရွက်သွားရန် ရှိကြောင်း သူကဆက်ပြောသည်။
ဦးအောင်မင်းနှင့်အဖွဲ့၏ ထိုင်းနိုင်ငံခရီးစဉ်တွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များဖြစ်သော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့အပြင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ (WLB)၊ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ (Shwe Gas Movement)၊ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန  (GHRE)၊ ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေး ကော်မီတီ (TBBC) အပါအဝင် စုစုပေါင်း ၁၄ ဖွဲ့ဖြင့် တွေ့ဆုံဆွေးနွေးသွားခဲ့ခြင်းဖြစ်သည်။
ABSDF နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲများ တစ်ဆင့်ချင်း တွေ့ဆုံဆွေးနွေးသွားနိုင်ရေး၊ ထို့ပြင် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ချက်များကို သွားနိုင်ရန်အတွက် ပြည်တွင်း ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ နယ်ပယ် အသီးသီးနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ပြည်တွင်းလေ့လာရေး ခရီးစဉ် တို့ကို သဘောတူညီခဲ့ကြောင်းသိရသည်။
“အထဲမှာရှိတဲ့ အခြေအနေမှန်တွေနဲ့ ကျနော်တို့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးဖို့လိုအပ်တယ် ဒါကြောင့်မို့လို့ ပြည်တွင်း လေ့လာရေး ခရီးစဉ်ကို ကျနော်တို့အနေနဲ့ သွားဖို့အတွက် သဘောတူတယ်” ဟု ABSDF ဥက္ကဌ ကိုသံခဲ က ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ABSDF နှင့် အစိုးရတို့အကြားထိတွေ့ဆက်ဆံရာတွင် အကန့်အသတ်များရှိနေခြင်း၊ ယုံကြည်မှုတည်ဆောက်ရန်လိုအပ် ကြောင်းနှင့် နိုင်ငံတွင်း အကျဉ်းထောင်များတွင် နှစ်ရှည်လများ အကျဉ်းချခံနေရသော ABSDF အကျဉ်းသားများနှင့်ပတ်သက်၍လည်းလည်း တောင်းဆိုခဲ့ကြောင်း သူကဆက်ပြောသည်။
(ဧရာဝတီ အွန်လိုင်းမဂ္ဂဇင်း မှ ...)

Read more »

Feb 7, 2012

ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ

၇ ဖေ ၂၀၁၂

မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)၊ ပြည်ပအခြေစိုက် မီဒီယာများဖြစ်သော ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)၊ ဧရာဝတီ၊ မဇ္ဇိမ သတင်းဌာနများနှင့် တွေ့ဆုံခဲ့သည်။

Read more »

Feb 5, 2012

ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ

၅ ဖေ ၂၀၁၂

ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ပအိုဝ့်အမျိုးသားအစည်းအရုံး၊ ကရင်နီတိုးတက်ရေးပါတီ တို့နှင့် ယနေ့ ထိုင်းမြန်မာနယ်စပ် တနေရာတွင် တွေ့ဆုံခဲ့သည်။
ဖေဖော်ဝါရီ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုနှင့် ဆက်လက်တွေ့ဆုံရန်ရှိသည်ဟု ဆိုသည်။

Read more »

ရွှေညဝါဆရာတော် ကိစ္စ ပြန်လည်သုံးသပ်ရန် လှုပ်ရှားမှု

ကျောင်းတိုက်ကနေ တလအတွင်းထွက်ခွာဖို့အတွက် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်တွေရဲ့ တောင်းဆိုချက်အရ ဇန်နဝါရီ ၁၉ ရက်နေ့က ရွှေညဝါဆရာတော်က ဝန်ခံလက်မှတ် ထိုးပြီးတဲ့နောက်မှာ သည်ကိစ္စကို ပြန်လည်သုံးသပ်ပေးဖို့အတွက်  လူ တထောင်ကျော် လက်မှတ်ရေးထိုးထားတဲ့ စာတစောင်ကို နိုင်ငံတော်သမ္မတ အပါအဝင် လူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်း ၁၇ ဖွဲ့ထံ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

Read more »

Jan 18, 2012

ရွှေညဝါဆရာတော် ဝန်ခံဂတိပြုလက်မှတ်ရေးထိုး


ရန်ကုန် - ဇန်န၀ါရီ ၁၉
ရွှေည၀ါဆရာတော်ကို သာဓုကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွာပေးရန် တိုင်းသံဃာ့နာယကအဖွဲ့ကယနေ့မွန်းလွဲ ၂နာရီခွဲတွင်ဆုံးဖြတ်ချက်ချခဲ့ကြောင်း 7Day News သတင်းထောက်ကသတင်းပေးပို့သည်။
ဇန်န၀ါရီ ၁၉ရက်မှ ဖေဖ၀ါရီ ၁၉ရက်အတွင်း ကျောင်းတိုက်မှထွက်ခွာပေးရန်နှင့်ကျောင်းမှ
မထွက်ခွာမီ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာနေထိုင်သွားရန်လည်း နာယက အဖွဲ့ကမိန့်ကြားခဲ့သည်။
ထိုဆုံးဖြတ်ချက်ကို တိုင်းသံဃာ့နာယကအဖွဲ့ဥကဌဆရာတော်နှင့် အကျိုးတော်ဆောင်အဖွဲ့
ဝင်ဆရာတော် များစုစုပေါင်း သံဃာတော်၁၀ပါးက ယနေ့အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
လူမှု့ရေးဝန်ကြီးနှင့် တိုင်းသာသနာရေးမှူးတို့တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
ရွှေညဝါဆရာတော်ကိစ္စ နာကြားနေစဉ်အချိန်တွင် ဆရာတော် ဦးဂမ္ဘီရ က အခုလိုလုပ်တာ ဓမ္မဝါယန နဲ့လည်း မညီ၊ လူ့အခွင့်အရေးကိုလည်း ချိုးဖောက်ခြင်းဖြစ်၍ အတိအလင်းကန့်ကွက်ကြောင်း အစည်းအဝေးပြုလုပ်ရာ ရွှေတိဂုံအရှေ့ဖက်မုခ်၊ ကြားတောရလမ်း၊ ကြေးသွန်းဘုရားကြီရှေ့ရှိ သံဃာ့နာယကအဖွဲ့ ကျောင်းတိုက်ဝင်းအတွင်း မိန့်ကြားခဲ့သည်။


(လူထုအော်သံ ဘလော့ဂ် မှ ကူးယူဖော်ပြပါသည်။)

Read more »

Jan 4, 2012

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ဆုရစာရင်း


လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် (THE ART of FREEDOM FILM FESTIVAL) ဆုစာရင်းကို ၂၀၁၁ ဇန်နဝါရီ ၄ ရက်နေ့ ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ကြေညာတွင် ပြိုင်ပွဲဝင်ကားပေါင်း ၁၈၈ ကားအနက် အောက်ပါ ဇတ်ကားများ ဆုရရှိခဲ့သည်။

  • အကောင်းဆုံး ဇတ်လမ်းတို ဆု ကို ကြိုး ဇတ်ကားဖြင့် ဒါရိုက်တာ မင်းသိုက်၊
  • အကောင်းဆုံး မှတ်တမ်းရုပ်ရှင် (Documentary) ဆုကို ဒါရိုက်တာ စိုင်းကျော်ခန့် ၏ Click in fear၊
  • အကောင်းဆုံး Animation ဆုကို ဒါရိုက်တာအောင်ဇော်မိုး ၏ Unity & Freedom၊
  • အကောင်းဆုံး မျက်နှာသစ်ဒါရိုက်တာဆုကို Still in dark ဇတ်လမ်းတိုဖြင့် တင်ပြခဲ့သော ဒါရိုက်တာ အောင်ဇော်မိုး၊
  • ပရိတ်သတ်အကြိုက်ဆုံးဆုကို ဒါရိုက်တာ ဝိုင်း ၏ အဲသည်အခန်းဖြတ်၊

လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော်  ကို  ဒီဇင်ဘာလ ၃၁ ရက်​နေ့ ရန်ကုန်မြို့​၊​ ပြည်လမ်း​မ​ရှိ တော်ဝင်စင်တာတွင် စတင်ဖွင့်​လှစ်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ပြိုင်ပွဲဝင်ဇတ်ကားများကို အခမဲ့ ပြသခဲ့ကာ ဇန်နဝါရီ ၄ ရက်နေ့ ညနေပိုင်းတွင် ဆုများ ထုတ်ပြန်ကြေညာခဲ့သည်။

Read more »

Dec 25, 2011

Freedom ရုပ်ရှင်ပြိုင်ပွဲဝင် ကားများ အခမဲ့ကြည့်ရှုနိုင်


Freedom ရုပ်ရှင်ပြိုင်ပွဲတွင် ပါဝင်ပြသမည့် ကားများအား ပြည်သူများအခမဲ့ ကြည့်ရှုနိုင်ကြောင်း ယင်းပြိုင်ပွဲတွင် ဆုရွေးချယ်ရေးအဖွဲ့တွင်ပါဝင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၁နေ့ ညနေ၃နာရီမှ ၄နာရီကြားတွင်တော်ဝင်စင်တာ သတ္တမထပ် ရှိ ရုပ်ရှင်ရုံတွင် ကျင်းပမည်ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှ ၃ရက်နေ့အထိ ယင်းရုပ်ရှင်ရုံတွင်  နံနက်၁၀နာရီမှ ၆ နာရီအထိ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း ၄င်းကပြောသည်။

အဆိုပါပြိုင်ပွဲတွင် Documentry၊ Animation နှင့် Short Film ဟူ၍အမျိုးအစား သုံးမျိုးပါဝင်ပြီး ပြိုင်ပွဲဝင်စုစုပေါင်း ၁၈၇ ကားပါဝင်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်သူများတွင် နာမည်ရပြီး ရုပ်ရှင်ဒါရိုက်တာများ ရိုက်ကူးသည့် လက်ရာများထက် နာမည်ရပြီးသားမဟုတ်သူများ ရိုက်သည့် လက်ရာက ပိုမိုများကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးကပြောသည်။

“ပြည်သူတွေကို စတင်ပြသမယ့်နေ့တွေမှာ ပြိုင်ပွဲဝင်အားလုံးရဲ့ကားတွေထဲကနေ ရွေးချယ်ပြီး ပြသသွားမှာပါ”ဟု ၎င်းကဆိုသည်။
ဆုပေးပွဲအခမ်းအနားကို ဇန်န၀ါရီလ ၄ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး Best Documentryဆု၊ Best Short Film ဆု၊ Audience Choice (ပရိတ်သတ်က ရွေးချယ်ပေးသည့်) ဆုနှင့် Best Animation ဟူ၍ စုစုပေါင်း ၄ ဆုသတ်မှတ်ထားကြောင်း၊ ဆုငွေအဖြစ် ကျပ်ဆယ်သိန်းနှင့် ဆုတံဆိပ်၊ လက်မှတ်တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ရင်းမြစ် -thithtoolwin.com

Read more »

Dec 22, 2011

ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည်..

ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက (၁၅)ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည်.. ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနယက (၁၅)ပါးစုံညီ အစည်းအဝေးမှ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ပြီး လာမည့် တပေါင်းလမှာ ပြုလုပ်မယ့် နိုင်ငံတော် သံဃမဟာနာယက (၄၇)ပါးစုံညီ အစည်းအဝေးမှာ ရွှေညဝါဆရာတော်ကြီး၏ အသနားခံစာအား အားလုံးစုံညီ ဆုံးဖြတ်မည် ဖြစ်ကြောင်းသိရှိရပါသည်...။ လောလောဆယ် ဆိုင်းငံ့ထားစဉ်ကာလ၌ ရွှေညဝါပညာ့ဗိမ္မာန် ကျောင်းတိုက်၌ ရွှေညဝါဆရာတော်ကြီး ဆက်လက်သီတင်းသုံး နေထိုင်လျှက်ရှိပါတယ်...။ ဗုဒ္ဓတက္ကသိုလ်အားလည်း ဆက်လက်ဖွင့်လှစ် ထားပါတယ်..။ ထိုသို့ ဆက်လက် ဖွင့်လှစ်ထားကြောင်း အသိပေး အကြောင်းကြားစာအား မနက်ဖြန်မှာ လာပို့ရန် သံဃမဟာနာယက ဆရာတော်ကြီးများမှ မိန့်ကြားလိုက်ကြောင်း သိရှိရပါတယ်...။

သတင်းရင်းမြစ်: http://www.demowaiyan.co.cc/2011/12/blog-post_23.html

Read more »

Dec 19, 2011

ဆင်ဆာဖြတ်ကြမယ် ... တဲ့

မြန်မာ့ရုပ်ရှင် ဆင်ဆာဘုတ် ကို သရုပ်ဖော်ထားတဲ့ ပြကွက်ကလေးပါ။



မိမိလည်း မကြောက်မရွံ့သရုပ်ဆောင်ပေးသော သရုပ်ဆောင်များကို အထူးလေးစားဂုဏ်ပြုပါတယ် ...။
Youtube မှာ Post တင်ပေးတဲ့ kokokyawthu7786 နဲ့ သည်လင့်ကလေးကို ပို့ပေးတဲ့ ဘော်ဘော်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ youtube မှာ ကြည့်မရတော့ဘူးဆိုတဲ့သူများအတွက် မိုးမခ က ပြန်တင်ထားပေးလို့ link ပြန်လဲထားပေးပါတယ်။

Read more »

Dec 18, 2011

မီးပုံးပျံဆိုတာ မိုင်းဒဏ်လောက်တော့ ခံနိုင်ရမယ်


အမျိုးနဲ့ဘာသာ၊ သာသနာအတွက် ဘဝတစ်ခုလုံး ထိုးကျွေးဖို့ ၊ ဘယ်တော့မှ ဝန်မလေးဘူး။ ကြုံလာစမ်း လောကဓံ အညံ့မခံ ငါ့အားမာန်နဲ့ အမြဲတမ်းပဲ ရှင်သန်နေမယ် မိုးပေါ်တက်မယ့် မီးပုံးပျံဆိုတာ မိုင်းဒဏ်လောက်တော့ ခံနိုင်ရမယ်။ 
ရွှေညဝါဆရာတော်

Read more »

Dec 15, 2011

မိသားစု (by နေဘုန်းလတ်)


အဖေ ...
ရေဒီယိုဖွင့်ပြီးတော့ သတင်းတွေထဲ နားစွင့်နေချိန်
အမေ ...
ဘုရားစင်ရှေ့မှာ သစ္စာတွေ အထပ်ထပ် ဆုတောင်း
သားတွေမှာတော့ ...
အားလုံးရဲ့ မပြည့်သေးတဲ့ တောင်းဆုတွေ အတွက်...
ပျိုမြစ်ခြင်း တွေကို ချခင်း ပေးဆပ်နေကြရဲ့...

                                                                          နေဘုန်းလတ်

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ