About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Jun 24, 2022

ငါ့ကို ဒုက္ခပေးတဲ့ကောင် ...

မှတ်မိနေတုန်းပဲ ခွေးဘီလူးရေ ..

မင်း ငါ့ကို အတော် အနိုင်ကျင့်ခဲ့တဲ့ကောင် ...

...

ဘေ့စ်ဂီတာ ခြောက်ကြိုးကို "ဆွေးနေလားမသိဘူးဆိုပြီး"ဖြတ်လိုက်လို့ ကိုတင်ဝင်းလှိုင် အံ့ဩရတဲ့ကောင် ...

မဲဂလာ ဘုရားကျောင်းဖွင့်ပွဲ ဒရမ်တီးဖို့ ငါ့ကိုနှိပ်စက် ... ခွဲမှူးက မင်းဆိုဖို့ ဂီတာတီးပေးရရှာ ...

...

သေ့ဘောဘိုးကွင်းထဲမှာတီးလိုက်ရတဲ့ဒရမ် ... (အဲသည်တုန်းက မင်း နဲ့ မိုးသီဟ)

...

ဝေါလေမှာ ဒရမ်တီးရင်း ဖလူးကျတဲ့သတင်းကို စင်ပေါ်ကကြားရတာ .. မင်းနဲ့ ငါ အတူတူ ..

...

၂ နှစ်လောက် သက်သာချောင်ချိပြီးနောက် ...

...

မကဒတ ၅ နှစ်ပြည့်မှာ ရာမာယဏဇတ် က ဖို့ ကိုမိုးသီးကပြောတော့ ဒဿဂီရီဇတ်စာတွေရွတ်ပြပြီး ဒဿဂီရိနေရာကို ဖရီးယူလိုက်တာ ...

ငါ ...ပုံတော်တွေချိုးတော့ .. ကပ်ခေါင်း, (ကသည်းခေါင်း)မှဆောင်းမယ်ဆိုလို့  ငါ မရရအောင် လုပ်ပေးရတာ ... ပုံတော်(မကိုဋ်ခေါင်း) တွေကို မင်းချွန်ပေးလို့ POP တွေနဲ့ ထပ်ပိုးကပ်ရတာ ...

အကတိုက်ပြီးချိန် ဆေးရုံကိုစုပြုံသွားကြပြီး “ရွှေဝမ်းတော် ဟာပါပေါ့ ... မယ်မယ်ဖုရား”  .... ဆိုပြီး ဆရာမ သန်းသန်းအေး (ဒေါ်နက်) ချက်ထားသမျှ အုပ်စုလိုက် ဝိုင်းစားကြတာ .. 

မင်းနဲ့ အဘ(ကိုချစ်နိုင်/ ... )ရယ် ဘိုးတော် ကိုပြုံး တို့ အချွန်နဲ့မ, လို့ ငါ့ကို ဘုန်းကြီး ဝါးလုံးနဲ့ လိုက်တာရယ် ...  (တော်သေးတယ် .. ဘုန်းကြီးကို ကိုဇော်နိုင်လိုက်ဆွဲတာမှီလို့ .. မဟုတ်ရင် ငါတော်တော်ထိမှာ ... )

... ...

အလယ်ပိုင်းမှာတုန်းကလည်း စတိတ်ရှိုးသံကြားသမျှဆီ ကိုပိလရဲ့ စက်ဘီးငှားပြီး (မင်းဆိုဖို့/ငါဒရမ်တီးပေးဖို့) လင်းလင်း မှောင်မှောင် နင်းခဲ့ကြ ... ... ခရစ်စမတ်လည်း ခရစ်စမတ်မို့ .. သင်္ကြန်လည်း သင်္ကြန်မို့ ... 

... ...

ရွေလီလမ်းမှာ မိုက်ကရိုဘတ်စ်နဲ့ လာကြိုပြီး ကျောက်ကုန်းလမ်းထောင့်ကဆိုင်မှာ ကိုမဲ နဲ့ ငါ့ကို စပရိုက်လုပ်ခဲ့တဲ့ ကောင် ...

... ...

မကြာခဏ ဒုက္ခသေးသေးလေးတွေ မပေးရရင်တောင် call ခေါ်ပြီး အပျင်းပြေ ဆဲတတ်တဲ့ ... ငါ့ကို ဒုက္ခ ပေးတတ်တဲ့ကောင် ...

... ...

သောကြာ တညနေ ကီးဘုတ်လေးနဲ့ငြိမ့်နေတုန်း မင်းဖုန်းခေါ်ပြီးလျှာရှည်နေလို့ ပြန်ကောမိတုန်းက 

"အားတုန်းဆက်တာ .. မအားရင် .. ... မအားဘူး" ဆိုလို့ မင်းရိုင်းတတ်လာပြီလား မေးတော့ .. မင်းမို့ရိုင်းတာ ... တဲ့ ... 

ငါ့မို့ အနိုင်ကျင့်တဲ့ကောင် ..

...

မင်းအတွက် ဒဿဂီရိခေါင်း ထပ်လုပ်ပေးဖို့ ရွှံတောင်မခူးရသေးဘူး ..

မင်းက လစ်သွားပြီ ...

ငါ့ဒုက္ခက ... ဘာဆက်လုပ်ရမှာလဲ ...

ဒိုးတူဘောင်ဖက်တွေ လျော့လျော့သွားတဲ့အထဲ (ကိုမဲ လို)မင်းပါသွားတော့ ...

ငါ ထပ်ရောက်ရတဲ့ ဒုက္ခထဲ ...

ယောင့် .. မျိုးသူအောင် ... -ီးပဲ ... ။

--- ဝင်းတင့်ဟန် ---

Read more »

Dec 28, 2021

ပရိုက်ဗိတ် မားသားဒေး ၂၀၂၁

ဇာတာသက်နဲ့ပြောရင် ထက်ခေါက်တော့ မကျိုးသေးပါဘူး

တကယ်တမ်း ..

ပြောကြရစတမ်း ပြောရရင် ..

"အိမ်ပြေး" ... က "အိမ်ပြေး" ပါပဲ မေမေရယ် ...

တိတိကျကျ ... ဘယ်နှစ်ကွမ်းမှန်းမသိ .. 

မိသားစုကို ဝေးခဲ့ ဘဝ ... ...

"သား" ဘဝနဲ့လည်း ဝေးဘူးပြီ ..

"အဖေ" ဘဝနဲ့လည်း ဝေးရပြီးနောက် ..

တပြိုင်တည်းမှာ ဘဝပေါင်းများစွာ ..

မေ့ သားဆိုး ..

လိမ္မာခွင့် ဘယ်တော့မှ ရတော့မယ် .. 

ခုတော့ ... ဘဝ ဟောင်းလောင်း ထောင်သောင်းကြား မှာ ...

ဘယ်သူတွေ ဘာဖြစ်နေ ..

မေမေ နေကောင်းကျန်းမာ သက်ရှည်ပါစေ .. ။

ဝင်းတင့်ဟန်



Read more »

Jan 10, 2021

ပုံတော်တွေရဲ့ နောက်ကွယ်မှာ

ရာမာယန ဇာတ်တော်ထဲမှ မျက်နှာဖုံးများ၏ နောက်ကွယ်
(ရာမယဏ အနုပညာများထဲက မကိုဋ်ခေါင်းတော်(ပုံတော်)များ ပြုလုပ်ပုံကို သင်ကြားပေးခဲ့ဖူးတဲ့ ဆရာ ဦးစိန်ဝင်း ရဲ့ အင်တာဗျူးလေး တွေ့မိလိုပါ။)ရာမာယန ဇာတ်တော်ထဲမှ မျက်နှာဖုံးများ၏ နောက်ကွယ်
ရာမဇာတ်တော်ထဲမှာ အသုံးပြုနေတဲ့ ခေါင်းဆောင်းတွေကို ဝါသနာအရင်းခံပြီး ဆယ်စုနှစ်တစ်ခုကျော်လာတဲ့အထိ အနုပညာ လက်ရာပြောင်မြောက်စွာ ဖန်တီးပေးနေသူ တစ်ယောက်အကြောင်းကို အခုသတင်းလွှာမှာ mntv ပရိသတ်များ ရှုစားရမှာပါ။
သတင်း၊ ရိုက်ကူး၊ တည်းဖြတ် အောင်သူ၊ ဝေဖုန်းဇော်၊ ရဲသွေးနီ
https://fb.watch/5_LTQQY5f9/

Read more »

Dec 28, 2019

ငါဆယ့်နှစ်


ဖေဖေရေ .. မေမေရေ .. ညီမလေးရေ .. ညီလေးရေ ..
ကိုယ်ကြိုက်တာ ကိုယ်လုပ် တဲ့ .. ငယ်ငယ်က မိဘတွေ သင်ပေးခဲ့တဲ့ အရေးကြီးဆုံး သင်ခန်းစာ ..
၁၉၈၈ မှာ အစားအစာ(ဟင်း)ဆင်းရဲခြင်း၊ ကျန်းမာရေးချို့တဲ့(ငှက်ဖျားနှိပ်စက်)ခြင်းတွေနဲ့ ကြုံချိန်မှာ မိဘကိုယ်စား အနားမှာ တစုံတယောက်ရှိချင်တဲ့ ဆန္ဒနဲ့ (ခေါင်းဆောင်မှုတာဝန်ကို လစ်လျှူပြီး) ကိုယ်တိုင် ပါဝင်နေမိတဲ့ စစ်မက်ကာလကြီးအတွင်းမှာ ကျန်းမာရေးဝန်ထမ်းတာဝန်ကို နှစ်ပေါင်း အစိတ်လောက် ရွေးချယ်ခဲ့ပါတယ်။
ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ခွင့်ရတဲ့ကာလ .. ပျော်ပါတယ် .. ။ အဲသည် ကာလတွေရဲ့ ခံစားမှုတွေ ဘာနဲ့မှ နှိုင်းမရခဲ့ပါဘူး။ ဖေ မေ အရွယ် သူနာတွေ၊ ညီမ ညီ အရွယ် သူနာတွေ၊ ဖိုး ဖွား အရွယ် သူနာတွေ ကုသခွင့် ရတိုင်း၊ ပြုစုခွင့်ရတိုင်း အိမ်မှာ ပြုစုခွင့်  ရသလို ခံစား နားလည်ခဲ့ရပါတယ်။ ဒါ .. ဥပမာ တစ်ခုပါ။
သမီး သား မျိုးဆက်ကို ရရှိပြီးတဲ့ကာလမှာ သမီး သား ကို မျိုးဆက်အမွေ ဆိုတာ အကောင်းဆုံး ပေးနိုင်ဖို့ ရွေးချယ်မိတော့ “ကိုယ်ကြိုက်တာ လုပ်” ဆိုတဲ့ စကားလေးပဲ ရွေးမိတယ်။ ကိုယ့်ကို သူများတကာ လုပ်ရင် မကြိုက်ဘူးဆိုရင် ကိုယ်လည်းမလုပ်ပါနဲ့ ဆိုတဲ့ ဆင့်ပွားအနက်ကိုပါ သင်ပေးတတ်လာတယ်။ ကိုယ့် ခံစားချက်ဟာ ကိုယ်ဖြစ်ချင်စိတ်ဆိုတာကိုလည်း နားလည်စေချင်လာတယ်။
တမလွန်က ဖေဖေ -
ခုချိန်ထိ ကြောင့်ကျ ပူပင်နေတဲ့ မေမေ -
သင်ကြားပေးသည်မျှ အရာရာ မစွမ်းမြောက်ပေမဲ့
တစ်စုံတစ်ရာတော့ မျိုးဆက်လက်ကမ်း
လှမ်းခဲ့လို့ ..
နည်းနည်းတော့ ကြေနပ်ပေးပါ ..
ဒီဇင်ဘာ နှစ်ဆယ့်ရှစ်
မိသားစုဝင်ဖြစ်ခွင့်ရ
သည်ဘဝရဲ့
အနှိုင်းမဲ့အခွင့်အရေး
သံသရာအကြွေး
ဝဋ်တစ်ခု အဖြစ် ဆပ်ခွင့်ပေးပါ့ - ဖေ မေ နဲ့ ညီမလေး ညီလေးရေ ..
(ဝင်းတင့်ဟန်)

Read more »

Nov 2, 2019

နိုဝင်ဘာ ၁ ရက်နေ့အကြောင်း

·         က်ပီးဘတ်သ်ဒေး တူယူ ဆိုပြီး
ရောင်စုံညီးမီးထွန်းလို့
ပျော်ပွဲကြီးကျင်းပခွင့်မရှိဘူး ...
·         မျက်နှာချင်း ဆုံခွင့်မရှိတော့တဲ့
ပေးဆပ်သူတို့ကို တမ်းတတဲ့
မျက်ရည်တွေနဲ့
အလွမ်းမီးတွေသာထိန်ထိန်ထွန်းညှိခဲ့ နေ့ ...
ဝင်းတင့်ဟန်
၁ နို ၁၉


Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ