About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Dec 25, 2011

Freedom ရုပ်ရှင်ပြိုင်ပွဲဝင် ကားများ အခမဲ့ကြည့်ရှုနိုင်


Freedom ရုပ်ရှင်ပြိုင်ပွဲတွင် ပါဝင်ပြသမည့် ကားများအား ပြည်သူများအခမဲ့ ကြည့်ရှုနိုင်ကြောင်း ယင်းပြိုင်ပွဲတွင် ဆုရွေးချယ်ရေးအဖွဲ့တွင်ပါဝင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၁နေ့ ညနေ၃နာရီမှ ၄နာရီကြားတွင်တော်ဝင်စင်တာ သတ္တမထပ် ရှိ ရုပ်ရှင်ရုံတွင် ကျင်းပမည်ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှ ၃ရက်နေ့အထိ ယင်းရုပ်ရှင်ရုံတွင်  နံနက်၁၀နာရီမှ ၆ နာရီအထိ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း ၄င်းကပြောသည်။

အဆိုပါပြိုင်ပွဲတွင် Documentry၊ Animation နှင့် Short Film ဟူ၍အမျိုးအစား သုံးမျိုးပါဝင်ပြီး ပြိုင်ပွဲဝင်စုစုပေါင်း ၁၈၇ ကားပါဝင်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်သူများတွင် နာမည်ရပြီး ရုပ်ရှင်ဒါရိုက်တာများ ရိုက်ကူးသည့် လက်ရာများထက် နာမည်ရပြီးသားမဟုတ်သူများ ရိုက်သည့် လက်ရာက ပိုမိုများကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးကပြောသည်။

“ပြည်သူတွေကို စတင်ပြသမယ့်နေ့တွေမှာ ပြိုင်ပွဲဝင်အားလုံးရဲ့ကားတွေထဲကနေ ရွေးချယ်ပြီး ပြသသွားမှာပါ”ဟု ၎င်းကဆိုသည်။
ဆုပေးပွဲအခမ်းအနားကို ဇန်န၀ါရီလ ၄ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး Best Documentryဆု၊ Best Short Film ဆု၊ Audience Choice (ပရိတ်သတ်က ရွေးချယ်ပေးသည့်) ဆုနှင့် Best Animation ဟူ၍ စုစုပေါင်း ၄ ဆုသတ်မှတ်ထားကြောင်း၊ ဆုငွေအဖြစ် ကျပ်ဆယ်သိန်းနှင့် ဆုတံဆိပ်၊ လက်မှတ်တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ရင်းမြစ် -thithtoolwin.com

Read more »

Dec 22, 2011

ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည်..

ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက (၁၅)ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည်.. ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနယက (၁၅)ပါးစုံညီ အစည်းအဝေးမှ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ပြီး လာမည့် တပေါင်းလမှာ ပြုလုပ်မယ့် နိုင်ငံတော် သံဃမဟာနာယက (၄၇)ပါးစုံညီ အစည်းအဝေးမှာ ရွှေညဝါဆရာတော်ကြီး၏ အသနားခံစာအား အားလုံးစုံညီ ဆုံးဖြတ်မည် ဖြစ်ကြောင်းသိရှိရပါသည်...။ လောလောဆယ် ဆိုင်းငံ့ထားစဉ်ကာလ၌ ရွှေညဝါပညာ့ဗိမ္မာန် ကျောင်းတိုက်၌ ရွှေညဝါဆရာတော်ကြီး ဆက်လက်သီတင်းသုံး နေထိုင်လျှက်ရှိပါတယ်...။ ဗုဒ္ဓတက္ကသိုလ်အားလည်း ဆက်လက်ဖွင့်လှစ် ထားပါတယ်..။ ထိုသို့ ဆက်လက် ဖွင့်လှစ်ထားကြောင်း အသိပေး အကြောင်းကြားစာအား မနက်ဖြန်မှာ လာပို့ရန် သံဃမဟာနာယက ဆရာတော်ကြီးများမှ မိန့်ကြားလိုက်ကြောင်း သိရှိရပါတယ်...။

သတင်းရင်းမြစ်: http://www.demowaiyan.co.cc/2011/12/blog-post_23.html

Read more »

Dec 19, 2011

ဆင်ဆာဖြတ်ကြမယ် ... တဲ့

မြန်မာ့ရုပ်ရှင် ဆင်ဆာဘုတ် ကို သရုပ်ဖော်ထားတဲ့ ပြကွက်ကလေးပါ။



မိမိလည်း မကြောက်မရွံ့သရုပ်ဆောင်ပေးသော သရုပ်ဆောင်များကို အထူးလေးစားဂုဏ်ပြုပါတယ် ...။
Youtube မှာ Post တင်ပေးတဲ့ kokokyawthu7786 နဲ့ သည်လင့်ကလေးကို ပို့ပေးတဲ့ ဘော်ဘော်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ youtube မှာ ကြည့်မရတော့ဘူးဆိုတဲ့သူများအတွက် မိုးမခ က ပြန်တင်ထားပေးလို့ link ပြန်လဲထားပေးပါတယ်။

Read more »

Dec 18, 2011

မီးပုံးပျံဆိုတာ မိုင်းဒဏ်လောက်တော့ ခံနိုင်ရမယ်


အမျိုးနဲ့ဘာသာ၊ သာသနာအတွက် ဘဝတစ်ခုလုံး ထိုးကျွေးဖို့ ၊ ဘယ်တော့မှ ဝန်မလေးဘူး။ ကြုံလာစမ်း လောကဓံ အညံ့မခံ ငါ့အားမာန်နဲ့ အမြဲတမ်းပဲ ရှင်သန်နေမယ် မိုးပေါ်တက်မယ့် မီးပုံးပျံဆိုတာ မိုင်းဒဏ်လောက်တော့ ခံနိုင်ရမယ်။ 
ရွှေညဝါဆရာတော်

Read more »

Dec 15, 2011

မိသားစု (by နေဘုန်းလတ်)


အဖေ ...
ရေဒီယိုဖွင့်ပြီးတော့ သတင်းတွေထဲ နားစွင့်နေချိန်
အမေ ...
ဘုရားစင်ရှေ့မှာ သစ္စာတွေ အထပ်ထပ် ဆုတောင်း
သားတွေမှာတော့ ...
အားလုံးရဲ့ မပြည့်သေးတဲ့ တောင်းဆုတွေ အတွက်...
ပျိုမြစ်ခြင်း တွေကို ချခင်း ပေးဆပ်နေကြရဲ့...

                                                                          နေဘုန်းလတ်

Read more »

ရွှေညဝါဆရာတော်အား သံဃမဟာနာယကအဖွဲ့က အရေးယူရန် ဆောင်ရွက်နေ

နိုင်ငံရေး အခမ်းအနားများ မကြာခဏ ကျင်းပလေ့ရှိသော ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေညဝါ ဆရာတော် အရှင် ပညာသီဟ၊ သက်တော် ၄၆ နှစ် (ဝါတော် ၂၇ ဝါရှိ) အား မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တရားဟောကြားသည့်ကိစ္စနှင့် ပါတ်သက်၍ အရေးယူပေးရန် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး သံဃာ့မဟာနာယကအဖွဲ့သို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၁၂ရက်နေ့နေ့စွဲဖြင့် အကြောင်းကြားခဲ့ကြောင်းသတင်းရရှိပါသည်။
ပြည်တွင်းတွင် တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခံနေရသော ဆရာတော်က အာဏာပိုင်များက အမျိုးမျိုး ဖိအားပေးနေကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားမိန့်ခွန်းတွင် ဆရာတော်က ထည့်သွင်း မိန့်ကြားခဲ့သည်။
တရားဟောခွင့် ပြန်လည်ရရှိမည့် ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် နတ်မောက်မြို့၌ တရားပွဲပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း သိရှိရသည်။
သာဓုပရိယတ္တိ စာသင်တိုက်ကြီးတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး၊ ဂီတ၊ ပန်းချီ၊ စာပေအသိုင်းအဝိုင်းနှင့်၊ လူမှုရေး အဖွဲ့အစည်းဝင်များက သြဂုတ် ၈ ရက်နေ့က ၂၃ နှစ်မြောက် လူထုအုံကြွမှု "ရှစ်လေးလုံး" နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့သည်။
နှစ်စဉ် သံဃာတော် အပါးကိုးရာကျော်ကို စာဝါများကို ပို့ချသင်ကြားပေးနေသည့် ဆရာတော်ကဲ့သို့ သာသနာတော်အတွက် ကျေးဇူးများသော ထင်ရှားကျော်ကြားသော ဆရာတော်တစ်ပါးကိုပင် ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်များ ဟောပြောခွင့်မရှိ ဟု ပိတ်ပင်ထားခြင်းသည် လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့် များကိုချိုးဖောက်ခြင်းဖြစ်သည်။ဤ ဆရာတော်အား အရေးယူရန်ဆုံးဖြတ်ချက်ကို ပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကြရန်
လူထုအော်လံ blog တွင် တိုက်တွန်းထားသည်။

သတင်းရင်းမြစ်များ - ဧရာဝတီ၊ HREIB၊ myanmarreferral၊ လူထုအော်သံ၊ 8888peoplepower၊ ဒီမိုဝေယံ။

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ