About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Dec 8, 2012

၉၂ နှစ်မြောက် အမျိုးသားနေ့

ပထမဆုံး အမျိုးသားနေ့ကို ခရစ်နှစ် ၁၉၂၂ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့) တွင် စတင်ကျင်းပခဲ့သည်။ ခရစ်နှစ် ရက်စွဲအားဖြင့် ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ တွင် ဖြစ်ပါသည်။ 
အမျိုးသားအောင်ပွဲနေ့တွင်  နေရာဒေသအသီးသီး၌  ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ကြသည်။

Read more »

Nov 30, 2012

အာရုဏ် ခါးခါး

လက်ချည်း မျှမျှ
ဘဝ သုဉ်းသုဉ်း
ရုန်းရုန်း ထထ
.. ... ..
ပိတ် ခိုး မြူ ဆီး
လောင်မီး သားညှော်
ဟစ်အော် ညည်းညည်း
.. ... ..
ပျားရည် ခါးခါး
လျားလျား သက်သက်
ဝမ်းကယ်အောင် လျက်ခဲ့ရ
.. ... ..
နေအတက်
အာရုဏ် မနက်
မမျှော်ရက်ရဲတော့ ... ...

၂၀၁၂ sweet December အတွက် ..

Read more »

Nov 13, 2012

ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ

သမ္မတဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့ သည် ယခုလ ၉ ရက်နေ့က ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး ၃ ရက်အတွင်း ပြည်ပအခြေစိုက် အဖွဲ့အစည်း ၁၄ ဖွဲ့နှင့် တွေ့ဆုံ ဆွေး နွေးခဲ့သည်။
နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် နိုင်ငံရေးအဖွဲ့များ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားအကူ အညီပေးရေးအဖွဲ့၊ ဒုက္ခသည်ကူညီရေးအဖွဲ့များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းသို့တွေ့ဆုံဆွေးနွေးမှုအပေါ် ဝန်ကြီး ဦးအောင်မင်း က ကျေနပ်မှုရှိသည်ဟုဆိုသည်။
“သူ (ဦးအောင်မင်း) က ကျနော်တို့ကို ရှင်းပြတာကတော့ တွေ့ဆုံတဲ့ဟာတွေက Peace Process အနေနဲ့ တွေ့တဲ့ဟာတွေပါ သလို အခြားအဖွဲ့တွေရဲ့ ယုံကြည်မှုနဲ့ သူတို့ရဲ့သဘောထားတွေကိုလည်း ထည့်သွင်း စဉ်းစားနိုင်မယ်၊ ဒီလိုနည်းနဲ့လည်း stabilization ဘက်ပိုရောက်ဖို့ သမ္မတနဲ့ သူ (ဦးအောင်မင်း) နဲ့ရည်ရွယ်တယ်ဆိုတာမျိုး ကျနော်တို့ကို ရှင်းပြပါတယ်” ဟု ဦးလှမောင်ရွှေ က ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ အဖွဲ့ အစည်းများနှင့်တွေ့ဆုံဆောင်ရွက်မှုများနှင့်ပတ်သက်၍ လက်မှတ်ထိုးသဘောတူညီမှုများ ပြုလုပ်ခဲ့ခြင်း မဟုတ် သေးသော်လည်း တရားဝင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းသို့တွေ့ဆုံမှုများကို အကောင်ထည်ဖော်ဆောင်ရွက်သွားရန် ရှိကြောင်း သူကဆက်ပြောသည်။
ဦးအောင်မင်းနှင့်အဖွဲ့၏ ထိုင်းနိုင်ငံခရီးစဉ်တွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များဖြစ်သော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့အပြင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ (WLB)၊ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ (Shwe Gas Movement)၊ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန  (GHRE)၊ ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေး ကော်မီတီ (TBBC) အပါအဝင် စုစုပေါင်း ၁၄ ဖွဲ့ဖြင့် တွေ့ဆုံဆွေးနွေးသွားခဲ့ခြင်းဖြစ်သည်။
ABSDF နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲများ တစ်ဆင့်ချင်း တွေ့ဆုံဆွေးနွေးသွားနိုင်ရေး၊ ထို့ပြင် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ချက်များကို သွားနိုင်ရန်အတွက် ပြည်တွင်း ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ နယ်ပယ် အသီးသီးနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ပြည်တွင်းလေ့လာရေး ခရီးစဉ် တို့ကို သဘောတူညီခဲ့ကြောင်းသိရသည်။
“အထဲမှာရှိတဲ့ အခြေအနေမှန်တွေနဲ့ ကျနော်တို့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးဖို့လိုအပ်တယ် ဒါကြောင့်မို့လို့ ပြည်တွင်း လေ့လာရေး ခရီးစဉ်ကို ကျနော်တို့အနေနဲ့ သွားဖို့အတွက် သဘောတူတယ်” ဟု ABSDF ဥက္ကဌ ကိုသံခဲ က ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ABSDF နှင့် အစိုးရတို့အကြားထိတွေ့ဆက်ဆံရာတွင် အကန့်အသတ်များရှိနေခြင်း၊ ယုံကြည်မှုတည်ဆောက်ရန်လိုအပ် ကြောင်းနှင့် နိုင်ငံတွင်း အကျဉ်းထောင်များတွင် နှစ်ရှည်လများ အကျဉ်းချခံနေရသော ABSDF အကျဉ်းသားများနှင့်ပတ်သက်၍လည်းလည်း တောင်းဆိုခဲ့ကြောင်း သူကဆက်ပြောသည်။
(ဧရာဝတီ အွန်လိုင်းမဂ္ဂဇင်း မှ ...)

Read more »

Feb 20, 2012

ရွှေတိဂုံ ၂၆၀၀ ပြည့် ဘုရားပွဲတော်တွင် ရာမာယဏ ကပြမည်

ရွှေတိဂုံစေတီတော်နှစ် (၂၆ဝဝ)ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲတွင် မြန်မာ့ ရိုးရာနန်းတွင်း ရာမာယဏဇာတ်တော်ကြီးကို သီရိရာမအဖွဲ့က ထန်းပင်ကုန်းကွင်း ၌ ဖျော် ဖြေတင်ဆက်မှာဖြစ်ပါသည်။ သီရိရာမအဖွဲ့ က ဖေဖော်ဝါရီ ၂၉ ရက် မှ မတ်လ ၃ရက် နေ့အထိ  ၄ ရက်တိုင်တိုင် ရွှေတိဂုံဘုရားပရိ ဝုဏ်အတွင်းထန်းပင်ကုန်း ကွင်းတွင် ကပြဖျော် ဖြေမည်ဖြစ်ကြောင်းသိရပါသည်။ 

ရင်းမြစ် Asia Fame Media Group

Read more »

ရာမဇာတ်တော်ကြီး (၂၂၂)နှစ်ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲနှင့် ရာမပညာရှင်ဂုဏ်ပြုပြွဲ



ဖေဖော်ဝါရီလ(၁၄)ရက်၊မွန်းတည့် ၁၂ နာရီက စာပေဗိမာန်တွင် မြန်မာ့ရိုးရာ နန်းတွင်းရာမဇာတ်တော်ကြီး (၂၂၂)နှစ်ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲနှင့် ရာမပညာရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့သည်။အခမ်းအနားတွင် အလှည့်ကျသဘာပတိ ဦးတင်ခ(စာရေးဆရာကြီး တက္ကသိုလ်တင်ခ)က အဖွင့်အမှာစကားပြောကြား ပြီးနောက် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌဦးခင်မောင်ထွန်း (ဆရာခင်မောင်ထွန်း -လမ်းမတော်နှင့် အဏ္ဏဝါဦးသန်းအောင်တို့က အမှာ စကားပြောကြားပေးခဲ့သည်။ ထို့နောက်အဏ္ဏဝါ သီရိရာမအဖွဲ့၊အိုးဘိုရာမ အဖွဲ့ဝင်များအားစီစဉ်သူဦးကြိုင်မြင့် (ဆရာမာင်ရန်ရှင်း)က ဂုဏ်ပြုချီးမြှင့် စကားပြော ကြားပေးခဲ့သည်။ စာတမ်းဖတ်ပွဲတွင် [ဆရာကြီးဒေါက်တာဦးခင်အေး(ဆရာမောင်ခင်မင်-ဓနုဖြူ)]က မြန်မာရာမဇာတ်စာပေများ ၏ သွင်ပြင်နှင့်အရင်းခံရာစာတမ်း၊ အဏ္ဏဝါ သီရိရာမဦးခင်ရွှေမှ မြန်မာ ရာမဇာတ်အကအဖွဲ့များစီးဆင်းမှုစာတမ်း၊ ဆရာဦးရဲအောင်မှငါးရာငါးဆယ်နိပါတ်တော်လာရာမဇာတ်တော်ကြီးစာတမ်း၊ဖျာပုံ ဦးကျော်လင်းမှဖျာပုံနန်းတွင်း မြန်မာရာမာယဏ ဇာတ်တော်ကြီး၏ သမိုင်းကြောင်းစာတမ်းများဖတ်ကြားပေးခဲ့သည်။ဆရာဦးကြိုင်မြင့်(မောင်ရန်ရှင်း)ကရာမ အက ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးခဲ့သည်။ အဆိုပါ အခမ်းအနားတွင် စိတ်ကူးချိုချိုစာအုပ်တိုက်မှ မြန်မာ့ရိုးရာနန်းတွင်း ရာမဇာတ်တော်ကြီး ၂၂၂ နှစ်ြ ပည့်အထိမ်းအမှတ်အဖြစ်ထုတ်ဝေသော မြန်မာရာမဇာတ် စာတမ်းများစာအုပ်ကို တက်ရောက်လာသူများအား မေတ္တာလက်ဆောင် အဖြစ်ပေးခဲ့သည်။
သတင်းရင်းမြစ် -  Asian Fame Media Group.

Read more »

Feb 7, 2012

ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ

၇ ဖေ ၂၀၁၂

မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)၊ ပြည်ပအခြေစိုက် မီဒီယာများဖြစ်သော ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)၊ ဧရာဝတီ၊ မဇ္ဇိမ သတင်းဌာနများနှင့် တွေ့ဆုံခဲ့သည်။

Read more »

Feb 5, 2012

ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ

၅ ဖေ ၂၀၁၂

ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ပအိုဝ့်အမျိုးသားအစည်းအရုံး၊ ကရင်နီတိုးတက်ရေးပါတီ တို့နှင့် ယနေ့ ထိုင်းမြန်မာနယ်စပ် တနေရာတွင် တွေ့ဆုံခဲ့သည်။
ဖေဖော်ဝါရီ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုနှင့် ဆက်လက်တွေ့ဆုံရန်ရှိသည်ဟု ဆိုသည်။

Read more »

ရွှေညဝါဆရာတော် ကိစ္စ ပြန်လည်သုံးသပ်ရန် လှုပ်ရှားမှု

ကျောင်းတိုက်ကနေ တလအတွင်းထွက်ခွာဖို့အတွက် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်တွေရဲ့ တောင်းဆိုချက်အရ ဇန်နဝါရီ ၁၉ ရက်နေ့က ရွှေညဝါဆရာတော်က ဝန်ခံလက်မှတ် ထိုးပြီးတဲ့နောက်မှာ သည်ကိစ္စကို ပြန်လည်သုံးသပ်ပေးဖို့အတွက်  လူ တထောင်ကျော် လက်မှတ်ရေးထိုးထားတဲ့ စာတစောင်ကို နိုင်ငံတော်သမ္မတ အပါအဝင် လူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်း ၁၇ ဖွဲ့ထံ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

Read more »

Feb 2, 2012

ဆည်းလည်း


ချိုမြနှုတ်ခမ်း တီတာစမ်းရေ
မေ ဖေ လည်ဆွဲ ဒါရူသည်း
မြဲပြုံးရယ်မြူး
နှုတ်ငုံဖူးမှာ
မပျောက်မလျ တည်လေပါ ..

Read more »

Jan 18, 2012

ရွှေညဝါဆရာတော် ဝန်ခံဂတိပြုလက်မှတ်ရေးထိုး


ရန်ကုန် - ဇန်န၀ါရီ ၁၉
ရွှေည၀ါဆရာတော်ကို သာဓုကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွာပေးရန် တိုင်းသံဃာ့နာယကအဖွဲ့ကယနေ့မွန်းလွဲ ၂နာရီခွဲတွင်ဆုံးဖြတ်ချက်ချခဲ့ကြောင်း 7Day News သတင်းထောက်ကသတင်းပေးပို့သည်။
ဇန်န၀ါရီ ၁၉ရက်မှ ဖေဖ၀ါရီ ၁၉ရက်အတွင်း ကျောင်းတိုက်မှထွက်ခွာပေးရန်နှင့်ကျောင်းမှ
မထွက်ခွာမီ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာနေထိုင်သွားရန်လည်း နာယက အဖွဲ့ကမိန့်ကြားခဲ့သည်။
ထိုဆုံးဖြတ်ချက်ကို တိုင်းသံဃာ့နာယကအဖွဲ့ဥကဌဆရာတော်နှင့် အကျိုးတော်ဆောင်အဖွဲ့
ဝင်ဆရာတော် များစုစုပေါင်း သံဃာတော်၁၀ပါးက ယနေ့အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
လူမှု့ရေးဝန်ကြီးနှင့် တိုင်းသာသနာရေးမှူးတို့တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
ရွှေညဝါဆရာတော်ကိစ္စ နာကြားနေစဉ်အချိန်တွင် ဆရာတော် ဦးဂမ္ဘီရ က အခုလိုလုပ်တာ ဓမ္မဝါယန နဲ့လည်း မညီ၊ လူ့အခွင့်အရေးကိုလည်း ချိုးဖောက်ခြင်းဖြစ်၍ အတိအလင်းကန့်ကွက်ကြောင်း အစည်းအဝေးပြုလုပ်ရာ ရွှေတိဂုံအရှေ့ဖက်မုခ်၊ ကြားတောရလမ်း၊ ကြေးသွန်းဘုရားကြီရှေ့ရှိ သံဃာ့နာယကအဖွဲ့ ကျောင်းတိုက်ဝင်းအတွင်း မိန့်ကြားခဲ့သည်။


(လူထုအော်သံ ဘလော့ဂ် မှ ကူးယူဖော်ပြပါသည်။)

Read more »

Jan 4, 2012

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ဆုရစာရင်း


လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် (THE ART of FREEDOM FILM FESTIVAL) ဆုစာရင်းကို ၂၀၁၁ ဇန်နဝါရီ ၄ ရက်နေ့ ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ကြေညာတွင် ပြိုင်ပွဲဝင်ကားပေါင်း ၁၈၈ ကားအနက် အောက်ပါ ဇတ်ကားများ ဆုရရှိခဲ့သည်။

  • အကောင်းဆုံး ဇတ်လမ်းတို ဆု ကို ကြိုး ဇတ်ကားဖြင့် ဒါရိုက်တာ မင်းသိုက်၊
  • အကောင်းဆုံး မှတ်တမ်းရုပ်ရှင် (Documentary) ဆုကို ဒါရိုက်တာ စိုင်းကျော်ခန့် ၏ Click in fear၊
  • အကောင်းဆုံး Animation ဆုကို ဒါရိုက်တာအောင်ဇော်မိုး ၏ Unity & Freedom၊
  • အကောင်းဆုံး မျက်နှာသစ်ဒါရိုက်တာဆုကို Still in dark ဇတ်လမ်းတိုဖြင့် တင်ပြခဲ့သော ဒါရိုက်တာ အောင်ဇော်မိုး၊
  • ပရိတ်သတ်အကြိုက်ဆုံးဆုကို ဒါရိုက်တာ ဝိုင်း ၏ အဲသည်အခန်းဖြတ်၊

လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော်  ကို  ဒီဇင်ဘာလ ၃၁ ရက်​နေ့ ရန်ကုန်မြို့​၊​ ပြည်လမ်း​မ​ရှိ တော်ဝင်စင်တာတွင် စတင်ဖွင့်​လှစ်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ပြိုင်ပွဲဝင်ဇတ်ကားများကို အခမဲ့ ပြသခဲ့ကာ ဇန်နဝါရီ ၄ ရက်နေ့ ညနေပိုင်းတွင် ဆုများ ထုတ်ပြန်ကြေညာခဲ့သည်။

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ