၇ ဖေ ၂၀၁၂
မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)၊ ပြည်ပအခြေစိုက် မီဒီယာများဖြစ်သော ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)၊ ဧရာဝတီ၊ မဇ္ဇိမ သတင်းဌာနများနှင့် တွေ့ဆုံခဲ့သည်။