About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Jun 7, 2010

၂၀၁၀ ရွေးကောက်ပွဲအပေါ် သဘောထား

၁။ နအဖ ၏ နိုင်ငံရေးလမ်းပြမြေပုံအား အဆင့်တိုင်းတွင် တိုက်ဖျက်သွားမည် ဆိုသော မူ အား ဆက်လက် ကိုင်ဆွဲရန်။
၂။ နအဖ မှ တဖက်သတ်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အား မူအရလည်းကောင်း၊ ရေးဆွဲခဲ့သည့် ဖြစ်စဉ်များအရ လည်းကောင်း လုံးဝ လက်မခံနိုင်။
၃။ ထို ဖွဲ့စည်းပုံ အခြေခံဥပဒေ အား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုချက် ရယူရာတွင်လည်း ဖိနှိပ်မှုများ၊ ခြိမ်းခြောက် အကြပ်ကိုင်မှုများ၊ မသမာမှုများ စသည့် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ခဲ့သည့်အပေါ် ပြည်သူလူထု ၏ စစ်မှန်သော ဆန္ဒသဘောထား မပါသောကြောင့် ဆန္ဒခံယူပွဲ၏ ရလဒ် အား လက်မခံနိုင်။
၎။ ထို့ကြောင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အား အကောင်အထည်ဖော်ခြင်းမရှိဘဲ ၂၀၁၀ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် နအဖ ၏ ရွေးကောက်ပွဲအသစ်အား လက်မခံနိုင်။
၅။ ရွေးကောက်ပွဲသစ်တွင် နည်းပရိယာယ်အရ ပါဝင်ဆောင်ရွက်သင့်သည် ဆိုသော အဆိုပြုချက်များသည် ၂၀၁၀ ရွေးကောက်ပွဲအား လက်မခံသည့် မဟာဗျူဟာကို ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် မဆောင်ရွက်သင့်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ