About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Oct 15, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ ပါဝင်သော NCCT နှင့် အစိုးရက ဖွဲ့စည်းပေးထားသော UPWC တို့ ၂ နှစ်ကျော် ညှိနှိုင်းရေးဆွဲခဲ့သည်။ လက်မှတ်ရေးထိုးသည့် ၈ ဖွဲ့တွင် ပါဝင်သော ABSDF သည် NCCT တွင် ပါဝင်ခဲ့ခြင်းမရှိသဖြင့် ယင်းစာချုပ် စတင်ရေးဆွဲချိန်တွင်  ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့၊ စာချုပ်အချောသတ်ချိန်တွင်မှ ပါဝင်ခွင့် ရရှိခဲ့သည်။
ABSDF သည် တိုင်းရင်းသားလူမျိုး တစ်မျိုးမျိုးကို အခြေခံဖွဲ့စည်းထားသည့် အဖွဲ့အစည်း မဟုတ်ခြင်း ကြောင့် Ethnic Armed Organization အဖြစ် သတ်မှတ်ခြင်းတွင် ဝိဝါဒ ကွဲပြားလေ့ရှိသည်။
သို့သော် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည့်အတွက် EAO အဖြစ် သတ်မှတ်ခံရသည်လည်း ရှိသည်။

အခန်းအနားရောက် ၈၈ မျိုးဆက်များ


Read more »

Aug 12, 2015

SD နှင့် ၈၈ ငြိမ်းပွင့် တွေ့ဆုံ (သတင်း)

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့(SD)တွင် ပါဝင်လုပ်ဆောင်နေသည့် ရဲဘော်မျိုးဝင်း(မကဒတ ဒု ဥက္ကဋ္ဌ)
- ၈၈ ငြိမ်း/ပွင့် နှင့် တွေ့ဆုံဆွေးနွေးစဉ်။ သြဂုတ်လ ၉ ရက် ၂၀၁၅

Read more »

Aug 10, 2015

သေနတ် နဲ့ နားကြပ် (မင်းကိုနိုင်)


Read more »

Aug 7, 2015

နဝမအကြိမ် NCA စာချုပ်ညှိနှိုင်းဆွေးနွေးပွဲ

August 7, 2015
ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော NCA စာချုပ် အပြီးသတ် နိုင်ရေးအတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသားများ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့အနက် ၁၅ ဖွဲ့နှင့်သာ လက်မှတ်ရေးထိုးမည်ဆိုသည့် အခြေခံမူ အပေါ်တွင် ရပ်တည်နေသဖြင့် နှစ်ဘက် ညှိနှိုင်း၍ မရသေးပေ။
NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား အားလုံး ပါဝင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် မကြာမီ နေပြည်တော်၌ နှစ်ဖက် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။
နေပြည်တော်သို့ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ မှ ခေါင်းဆောင်များ သွားရောက်တွေ့ဆုံမည်ဖြစ်သည်။

Read more »

Jul 30, 2015

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့လုံး ပါဝင် မှ လက်မှတ်ထိုးမည်ဟု တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်များက တညီတညွှတ်တည်း ဆုံးဖြတ် လိုက်ကြသည်။
ယင်းဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အထိပြုလုပ်သည့် NCA လက်မှတ် ထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက သဘောတူလိုက်ခြင်းဖြစ်သည်။
ချင်းမိုင်မြို့ အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ SD အဖွဲ့ က ရန်ကုန်မြို့တွင် ယခု လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် NCA ညှိနှိုင်းဆွေးနွေးပွဲ ရလဒ် များကို တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များထံ တင်ပြခဲ့သည်။
ထိပ်သီးခေါင်းဆောင်များ၏ ညှိနှိုင်းချက်သဘောထားများကို သြဂုတ်လ ပထမအပတ်ထဲ၌ ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) တွင် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် SD အဖွဲ့ တို့ ထပ်မံ ညှိနှိုင်းသွားကြမည်ဖြစ်သည်။
July 30, 2015
http://burma.irrawaddy.org

Read more »

Jul 21, 2015

ပြည်တွင်းငြိမ်းချမ်းရေးနှင့်အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ


UPWC-SD NCA အချောသတ်နိုင်ရေး ဆွေးနွေးပွဲပထမနေ့ကိုရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန MPC တွင် ၂၀၁၅ ဇူလိုင်လ ၂၂ မနက် ၁၀:၀၀ တွင် စတင်ကျင်းပခဲ့ပါတယ်။
အခု ဆွေးနွေးပွဲက NCA ရဲ့ (၈) ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲ ဖြစ်ပါတယ် အလွတ်သဘော နဲ့ ပြင်ဆင်ရေးဆွေးနွေးပွဲပေါင်း (၄၀) ကျော် ကျင်းပခဲ့ပါတယ်။
Senior Delegation မှာ လူသစ်အချို့ နဲ့ NCCT အဖွဲ့ဝင် အချို့ ပါဝင်ပါတယ်။
အစည်းအဝေးသို့တက်ရောက်မည့် UPWC ကိုယ်စားလှယ် အဖွဲ့ဝင်စာရင်း
၁။ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း UPWC - ဒုဥက္ကဌ
၂။ ဦးသိန်းဇော် UPWC - ဒုဥက္ကဌ
၃။ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း
၎။ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်
၅။ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး
၆။ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ
၇။ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး
၈။ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး
၉။ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး
၁၀။ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်
၁၁။ ဦးထွန်းထွန်းဦး ဒု ရှေ့နေချုပ်
၁၂။ ဗိုလ်မှူးကြီး ကျော်စိုးဝင်း
၁၃။ ဦးစောထွန်းမြအောင်
၁၄။ ဒေါ်မိယဉ်ချမ်း
၁၅။ ဦးခက်ထိန်နန်
MPC အလုပ်အဖွဲ့
၁။ ဦးတင်မောင်သန်း Special Advisor
၂။ ဦးလှမောင်ရွှေ Special Advisor
၃။ ဒေါက်တာ ဒေါ်ရင်ရင်နွယ် Special Advisor
၎။ ဒေါက်တာ သန့်မြင့်ဦး Special Advisor
၅။ ဦးကျော်စိုးလှိုင်
၆။ ဒေါက်တာ မင်းဇော်ဦး
၇။ ဒေါက်တာ ကျော်ရင်လှိုင်
၈။ ဦးအောင်နိုင်ဦး
၉။ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်
၁၀။ ဦးညိုအုန်းမြင့်
၁၁။ ဒေါက်တာ ရေဘက်ခါထင်
၁၂။ ဦးတင်အောင်မိုး
၁၃။ ဒေါက်တာ ကျော်ဆန်းဦး
၁၄ ဦးလှမြင့်
အစည်းအဝေးသို့တက်ရောက်သည့် SD အဖွဲ့ဝင်စာရင်း
၁။ ပဒို နော်စီဖိုးရာစိန် အဖွဲ့ခေါင်းဆောင်
၂။ ဒေါက်တာ လဂျာ ဒုတိယအဖွဲ့ခေါင်းဆောင် (၁)
၃။ ပူးဇင်ကျုံး ဒုတိယအဖွဲ့ခေါင်းဆောင် (၂)
၎။ ခိုင်စိုးနိုင်အောင် အဖွဲ့ဝင်
၅။ နိုင်ဟံသာ အဖွဲ့ဝင်
၆။ ဦးမျိုးဝင်း အဖွဲ့ဝင်
၇။ ခွန်မြင့်ထွန်း အဖွဲ့ဝင်
၈။ ရွှေမျိုးသန့် အဖွဲ့ဝင်
၉။ စပ်ခွန်ဆိုင်း အဖွဲ့ဝင်
၁၀။ ဗိုလ်ချုပ် တာအိုက်ဘုန်း အဖွဲ့ဝင်
၁၁။ ပဒို စောကွယ်ထူးဝင်း (NCCT အဖွဲ့ဝင်)
၁၂။ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း (NCCT အဖွဲ့ဝင်)
၁၃။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ (NCCT အဖွဲ့ဝင်)
၁၄။ ဒေါ်စောမြရာဇာလင်း (NCCT အဖွဲ့ဝင်)
၁၅။ တာအိုက်ညွန့် (NCCT အဖွဲ့ဝင်)
နည်းပညာအထောက်အကူအဖွဲ့
၁၆။ ဒေါ်ဂျာနန် အဖွဲ့ဝင်
၁၇။ ဒေါ်နန်ရော် အဖွဲ့ဝင်
၁၈။ ဗိုလ်မှူးကြီး ဆင်ဝါး Special Advisor
၁၉။ နော်မေဦး Special Advisor
၂၀။ စောကပီ Special Advisor
၂၁။ ဆလိုင်းထလာဟေး Special Advisor
၂၂။ ဒုတိယဗိုလ်မှူးကြီး လအောင် အဖွဲ့ဝင်
၂၃။ ရမ်ကု(လ်)ကျုံး အဖွဲ့ဝင်

Read more »

Jul 3, 2015

တစ်နှစ် တစ်ကျော့ လည်ပါတယ် ဆိုပေမယ့်

https://www.facebook.com/komyoe

Read more »

Jun 21, 2015

လက်ဆင့်ကမ်းအမွေ

လူမမယ် သမီး နဲ့ သား ကို
"ကိုယ်ကြိုက်တာ လုပ်-မကြိုက်တာ မလုပ်နဲ့ ... ကိုယ့်ကို လာလုပ်တာ မကြိုက်ရင် ကိုယ်ကလည်း သွားမလုပ်နဲ့" လို့ သင်ပေးတယ်။
အဲဒါ .. ငယ်ငယ်တုန်းက ဖေဖေ ကိုယ်တွေကို သင်ပေးခဲ့တဲ့အတိုင်း ပြန်သင်ပေးတာ။
(ဝင်းတင့်ဟန်)

Read more »

Jun 12, 2015

မေ့လျော့့ခံblog

ကိုယ်တိုင်က အလုပ်တွေမအားတာတစ်မျိုး
အားချိန်မှာကျတော့လည်း facebook နဲ့ သတင်း site တွေကြည့်နေမိတာတစ်မျိုး
နားချိန်ကျတော့ လှုပ်ကို မလှုပ်ချင်တော့တာနဲ့
blog ကို မေ့လျော့ထားမိသလိုဖြစ်နေ
တခါတလေ ဖွင့်ကြည့်မိပြန်ပေမယ့်
Post တင်ဖို့က အာရုံက မရပြန် ..
ဒါနဲ့ပဲ မေ့လျော့ခံနေရတဲ့ ဘလော့ကလေးဖြစ်နေ..
---
ကိုယ်တိုင်သတိပြုမိလိုက်တာက
တင်ထားမိခဲ့တဲ့ post တွေထဲမှာ ရာမယဏ နဲ့ ပတ်သက်တဲ့ post တွေကို အဓိကထားပြီး တကူးတက ရှာကြည့်ကြတာ တွေ့မိတော့ ...
youtube နဲ့ အခြားမှာ တွေ့ရှိသမျှ စုဆောင်းမိသမျှ ရာမယဏ နဲ့ ပတ်သက်တာလေးတွေကို မာတိကာ စုထားပေးလိုက်ရင်ကောင်းမယ် ထင်လိုက်မိတာနဲ့ပဲ
---
ဟုတ်ကဲ့ ရာမခရေဇီ ဖြစ်တာ ကျွန်တော် တစ်ယောက်တည်းမဟုတ်တဲ့အတွက် ဝမ်းသာပါတယ်။
---

Read more »

ရာမာယဏ ၂၂၂ နှစ်ပြည့် အထိမ်းအမှတ် ကပွဲ အပိုင်း-၂

Credit: Youtube

Read more »

ရာမာယဏ ၂၂၂ နှစ်ပြည့် အထိမ်းအမှတ် ကပွဲ အပိုင်း-၁

credit: Youtube

Read more »

Mar 30, 2015

Nationwide Ceasefire Agreement Final Draft အတည်ပြု ပြီးစီး

၃၁ မတ် ၂၀၁၅
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ရှေ့မှောက်တွင် Nationwide Ceasefire Agreement Final Draft အတည်ပြု ပြီးစီးကြောင်း UPWC နှင့် NCCT နှစ်ဘက် ခေါင်းဆောင် ငါးဦးစီမှ လက်မှတ်ရေးထိုးကြစဉ်။

Read more »

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် သဘောတူညီ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(Union Peacemaking Work Committee-UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination Team-NCCT) တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) အတွက် (၇) ကြိမ်မြောက် အစည်းအဝေး သတ္တမ နေ့ (၃၀.၃.၂၀၁၅) နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် Nationwide Ceasefire Agreement-NCA) ပါ အခန်းပေါင်း ၇ ခန်း အပိုဒ်ပေါင်း ၃၃ ပိုဒ် အပိုဒ်ငယ်ပေါင်း ၈၆ ပိုဒ် ပါအချက်အားလုံးကို သဘောတူနိုင်ခဲ့ကြသည်။နောက်တစ်နေ့ (၃၁.၃.၂၀၁၅) ရက်နေ့ နံနက် ၁၀ နာရီတွင် နှစ် ဘက်ခေါင်းဆောင် များပြန်လည်တွေ့ဆုံပြီးတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) ပါ အချက်များ အားလုံးကို ဆွေးနွေးပွဲ မှတ်တမ်းများအရ ပြန်လည် စီစစ်ပြီး သဘောတူညီထားကြောင်း ပဏာမ အဆင့် လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ