တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
၁၆ ဖွဲ့ ပါဝင်သော NCCT
နှင့် အစိုးရက ဖွဲ့စည်းပေးထားသော UPWC တို့
၂ နှစ်ကျော် ညှိနှိုင်းရေးဆွဲခဲ့သည်။ လက်မှတ်ရေးထိုးသည့် ၈ ဖွဲ့တွင် ပါဝင်သော ABSDF သည်
NCCT
တွင်
ပါဝင်ခဲ့ခြင်းမရှိသဖြင့် ယင်းစာချုပ် စတင်ရေးဆွဲချိန်တွင် ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့၊ စာချုပ်အချောသတ်ချိန်တွင်မှ
ပါဝင်ခွင့် ရရှိခဲ့သည်။
ABSDF သည်
တိုင်းရင်းသားလူမျိုး တစ်မျိုးမျိုးကို အခြေခံဖွဲ့စည်းထားသည့် အဖွဲ့အစည်း
မဟုတ်ခြင်း ကြောင့် Ethnic
Armed Organization အဖြစ် သတ်မှတ်ခြင်းတွင် ဝိဝါဒ ကွဲပြားလေ့ရှိသည်။
သို့သော်
တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည့်အတွက် EAO အဖြစ်
သတ်မှတ်ခံရသည်လည်း ရှိသည်။
အခန်းအနားရောက် ၈၈ မျိုးဆက်များ