About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Nov 23, 2010

တန်ဆောင်မုန်းလပြည့် နဲ့ မဲ့စရီးယန်း၊ မန္တလေးကျောင်း က တာဝတိံသာစေတီ

တန်ဆောင်မုန်းလပြည့် နဲ့ မဲ့စရီးယန်း၊ မန္တလေးကျောင်း က တာဝတိံသာစေတီ

Read more »

Nov 20, 2010

Maesariang ရဲ့ တန်ဆောင်တိုင် ပထမနေ့




မဲ့စရီးယန်း မြို့ကလေးရဲ့ သည်နှစ် တန်ဆောင်တိုင်ပွဲက အရင်နှစ်တွေကလောက် မစည်ကားတာတော့ အမှန်ပဲ ...
ခါတိုင်း အလှပြယာဉ် အစီး ၂၀ ကျော်လောက် ရှိပေမယ့် သည်နှစ် သုံး-လေး စီး ပဲ ရှိလေရဲ့ ...
ရိုးရာဓလေ့ အငွေ့အသက်တွေကတော့ မဲ့စရီးယန်းမှာ ထင်ထင်ရှားရှားရှိနေဆဲပါပဲ ...

Read more »

Nov 19, 2010

အမှားပြင်


မစခင်ကတည်းက မှား ... ...

Read more »

Nov 12, 2010

ကျောင်းသားတပ်မတော် သဘောထားအမြင် ထုတ်ပြန်


နိုင်ငံတကာရောက် မကဒတ ရဲဘော်ဟောင်းများနှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများခင်ဗျား
November 12th, 2010
လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မကဒတရဲ့အမြင်ကို တင်ပြချင်ပါတယ်။
ကျနော်တို့ မြင်တဲ့အမြင်ကို တိုတိုနဲ့ ရှင်းရှင်းရေးပေးပါမယ်။ နိုင်ငံရေးအခြေအနေတွေနောက်က ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကိုတော့ အားလုံးသိပြီးဖြစ်လို့ အကျယ်မချဲ့တော့ပါ။
၁။ ယခုဖြစ်ပေါ်နေသော ဒီကေဘီအေ ဗိုလ်မှူးကြီး စောလာဖွယ်ခေါင်းဆောင်တဲ့ အဖွဲ့နှင့် ဆက်စပ်အဖွဲ့များ၏ မြ၀တီနှင့် ဘုရားသုံးဆူနယ်မြေ တိုက်ပွဲများသည် နိုင်ငံရေးအားဖြင့် အချိန်ရွေးချယ်မှု မှန်ကန်သည်။ ဦးတည်ချက်အားဖြင့် သေသေချာချာ မကွဲပြားသေးသော်လည်း ဗိုလ်မှူးကြီး စောလာဖွယ် တရားဝင်ပြောဆိုသော ၂၀၁၀ ရွေးကောက်ပွဲကို လူထုနှင့်အတူ ဆန့်ကျင်ခြင်း၊ စောဘဦးကြီးမူ (၄) ချက်ကို ဆက်လက်စွဲကိုင်ခြင်းဆိုသည့် အခြေခံ (၂) ခုကား ကျနော်တို့အားလုံး အပြည့်အ၀ ၀ိုင်းရံ အားဖြည့်ပေးရမည့် အဓိက အချက်ဖြစ်သည်။ ထို့ကြောင့် မိမိတို့ မကဒတ အနေဖြင့် ယခုကိစ္စတွင် ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ်ခဲ့သည်။ အပြည့်အစုံသို့
မူရင်း www.absdf8888.org

Read more »

Nov 10, 2010

နအဖ ကဖြစ်ရပ်မှန် ဟု ကြေညာ


Read more »

ကျောင်းသားတပ်မတော် နှင့် ကရင်နီတပ်မတော် ပွန်ချောင်း တံတား သိမ်းပိုက်

၂၀၁၀ ခုနှစ်အောက်တိုဘာလ ၂၆ ရက်မနက်ပိုင်းတွင် ကရင်နီပြည် လွိုင်ကော်-ရှားတောကားလမ်းပေါ်ရှိ ပွန်းချောင်းတံတား စခန်းကို ကရင်နီတပ်မတော်အမှတ်(၃)တပ်ရင်းနှင့် ABSDF အမှတ်(၄)ရင်းမှတပ်ဖွဲ့များနှင့်အတူပူးပေါင်းသိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲတွင်ရန်သူ့သုံ့ပန်း(၄)ဦး၊ ရန်သူ့အလောင်း(၄)လောင်း၊ လက်နက်ကြီးငယ်မျိုးစုံ(၉)လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းနိုင်ခဲ့သည်။
မနက်(၁၁း၀၀)တွင် သုံ့ပန်းများကိုပြန်လွတ်ပေးပြီး၊ သိမ်းပိုက်စခန်းကိုမီးတင်ရှို့ခြင်းနှင့် တံတားအားဖေက်ခွဲကာ ပြန်လည် ဆုတ်ခွခဲ့သည်။
ကရင်နီတပ်မတော် နှင့် ကျောင်းသားတပ်မတော်ဖက်မှ ထိခိုက် ကျဆုံးမှုမရှိကြောင်း သိရှိရသည်။
မူရင်း - www.absdf8888.org

Read more »

Nov 8, 2010

မြဝတီ တိုက်ပွဲနှင့် ပတ်သက်၍ ABSDF စစ်ကော်မရှင် အတွင်းရေးမှူး အမြင်

မြဝတီတွင်ဖြစ်ပေါ်နေသော တိုက်ပွဲ အခြေအနေကို ABSDF စစ်ကော်မရှင်အတွင်းရေးမှူး ရဲဘော်ခင်ကျော် က အောက်ပါအတိုင်း သုံးသပ်ပါတယ် ...
"လက်ရှိအခြေအနေမှာ ဗိုလ်မှူးစောလားဘွယ် ဦးစီး DKBA အဖွဲ့က မြဝတီစစ်ပွဲကိုရက်အတန်ကြာ ထိမ်းထားနိုင်မယ်လို့ သုံးသပ်ရပါတယ်၊ ကနေ့ ကာလ နအဖ က ရွေးကောက်ပွဲလုပ်ပြီး ကမ္ဘာကိုအလှပြနေချိန် မြဝတီကိုသိမ်းပိုက်ခံလိုက်ရ တာဟာ အရှိုက်အထိုးခံလိုက်ရသလို ဖြစ်နေတယ်။ နအဖ က တန်ပြန်ထိုးစစ်ဆင်တဲ့ နည်းရော ညှိနိုင်းတဲ့နည်းပါ သုံးမှာပါ၊ ပထမနည်းဖြစ်တဲ့ တန်ပြန်ထိုးစစ်ဆင်တဲ့ နည်းသုံးရင်တော့ တိုက်ပွဲကပြီးသေးမှာမဟုတ်ဘူး။ ယာယီရပ်ဆိုင်းသွားနိုင်ပေမဲ့ ရေရှည်မှာ DKBA က တိုက်ပွဲပုံစံပြောင်း ပြီး တိုက်ပွဲဆက်ဝင်သွားမယ်ဆိုရင် ပိုပြီးတောင် အင်အားတောင့်တင်း လာနိုင်မယ်၊ ဘဝတူတွေက လက်ပိုက်ကြည့် နေကြမှာ မဟုတ်ဘူး။ တွေ့ဆုံညှိနှိုင်းတဲ့နည်းနဲ့ ရန်သူကသုံးရင်တော့ ဗိုလ်မှူးကြီးစောလားဘွယ်တို့က နိုင်ငံရေးအရပါ စကားပြောလိမ့်မယ်လို့ ယူဆရပါတယ်၊"

Read more »

မြဝတီတိုက်ပွဲနှင့် ပတ်သက်၍ ကျောင်းသားတပ်မတော် သဘေားထား ထုတ်ပြန်

ဗိုလ်မှူးကြီး စောလားပွယ် ခေါ် ဗိုလ် နှုတ်ခမ်းမွှေး ဦးစီးသော DKBA တပ်ဖွဲ့နှင့် နအဖ စစ်အုပ်စု အကြား ဖြစ်ပေါ်လျက်ရှိသော တိုက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ (ကျောင်းသားတပ်မတော်) ၏ သဘောထားအမြင် ထုတ်ပြန်ကြေညာချက်
(၁) ဗိုလ်မှူးကြီးစောလားပွယ် ဦးဆောင်သော DKBA တပ်ဖွဲ့သည် စစ်အုပ်စု သြဇာခံ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကာ စောဘဦးကြီး၏ မူ ၄ ချက် ကို အခိုင်အမာဆုတ်ကိုင်လျှက် အဖိနှိပ်ခံ ပြည်သူတရပ်လုံးကိုယ်စား တိုက်ပွဲဝင်မှုတစ်ခုဖြစ်သည်။
(၂) နအဖ စစ်အာဏာရှင်များ ရလိုက်သော ၂၀၁၀ ရွေးကောက်ပွဲ၏ ပွဲဦးထွက်ရလဒ်ဖြစ်ပြီး၊ ကိုယ်စီ သေနတ်မောင်းထိုးကာ နိုင်ငံရေးအရ မျက်ကွယ်ပြု အတုအယောင် အပစ်အခတ်ရပ်စဲရေး၏ နောက်ဆက်တွဲ ရလာဒ်များပင်ဖြစ်သည်။
(၃) ယခုတိုက်ပွဲသည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တရားသော စစ်ပွဲဖြစ်သဖြင့် စစ်အာဏာရှင်များအနေဖြင့် အမြစ်ပြတ်ခြေမှုန်းနိုင်မည်မဟုတ်ဟု အခိုင်အမာယုံကြည်သည်။
(၄) မိမိတို့ကျောင်းသားတပ်မတော်သည် ဘုံရန်သူစစ်အုပ်စုအား ဦးတည် တိုက်ပွဲဝင်နေသည့် ဗိုလ်မှူးကြီးစောလားပွယ် ဦးဆောင်သော DKBA တပ်ဖွဲ့ အပါအဝင် အဖွဲ့အစည်း အားလုံးနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားနိုင်ရန် စုဖွဲ့မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း နှင့် လိုအပ်ပါက တိုက်ပွဲဝင်ရန် အသင့်ရှိပါကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး
(ကျောင်းသားတပ်မတော်)
ရက်စွဲ ၈ နိုဝင်ဘာ ၂၀၁၀။

Read more »

ကျောင်းသားတပ်မတော်က ပူးပေါင်း တိုက်ပွဲဝင်ရန် အသင့် ဟု ပြော

ကရင်ပြည်နယ် မြဝတီနဲ့ ဘုရားသုံးဆူဘက်မှာ ဖြစ်ပွားနေတဲ့ ဒီကေဘီအေနဲ့ စစ်အစိုးရတပ်အကြား တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းသွားဖို့ အဆင်သင့်ဘဲလို့ ဥက္ကဋ္ဌ ကိုသံခဲက ပြောပါတယ်။

“ABSDF
ကတော့ KNU ရဲ့ တပ်မဟာ ၇ ဒေသထဲမှာတော့ ကျနော်တို့ အမြဲတမ်း ပူးတွဲပြီးမှ အလုပ်လုပ်နေပါတယ်။ ပူးပေါင်းပါဝင်ဖို့ ABSDF က အဆင်သင့်ဖြစ်ပြီ။ ကာယကံရှင်တွေနဲ့ ကျနော်တို့က လက်တွေ့ကျကျ လက်တွဲလုပ်နိုင်ဖို့အတွက်က တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးဖို့ပဲ လိုတော့တယ်လို့ ကိုသံခဲက ပြောပါတယ်။

ဒီနေ့ အခုဖြစ်နေတဲ့ မြဝတီကတိုက်ပွဲတွေက ၂ဝ၁ဝ ရွေးကောက်ပွဲပြီးပြီးချင်း နအဖ က ပထမဆုံး တွေ့ရတဲ့ စစ်ရေး အကျပ်အတည်းပဲ။ ဒီနေ့ ဗမာပြည်မှာဖြစ်နေတဲ့ ၂ဝ၁ဝ အပေါ်ကို စိန်ခေါ်လိုက်တာပဲ။ အထူးသဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ အားလုံး လက်မခံနိုင်ဘူးဆိုတာကို နိုင်ငံရေး၊ စစ်ရေးနည်းနဲ့ တုံ့ပြန်တဲ့ သဘောလို့ ယူဆတယ်။ ရှေ့ဆက်ပြီးတော့ ဒီအတိုင်းသာ နအဖက ခေါင်းမာမာနဲ့ ဆက်သွားနေမယ်ဆိုရင် သည့်ထက်မကတဲ့ ဗမာပြည်ထဲမှာ အကျပ်အတည်းပေါင်းစုံကို ဆက်ပြီးတွေ့ရလိမ့်မယ်လို့ သူက ဆိုပါတယ်။

Read more »

Nov 4, 2010

ကျောင်းသားတပ်မတော် ၂၂ နှစ်

နိုဝင်ဘာ ၁ ၂၀၁၀ မှာ ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၂၂ နှစ်ပြည့် အလံတင် အခမ်းအနား ကို ဗဟိုကော်မတီ ဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။

Read more »

Nov 1, 2010

ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပတ်လည်


၁၉၈၈ နိုဝင်ဘာ ၁ ရက် မှ ၅ ရက် အထိ ကရင်ပြည်နယ် ဝမ်းခါ စခန်း တွင် ကျင်းပခဲ့သော ကျောင်းသားများ ကွန်ဖရင့် မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး နှင့် ကျောင်းသားတပ်မတော် ကို ဖွဲ့စည်းကာ စစ်အာဏာရှင် စနစ်ကို လက်နက်ကိုင်တော်လှန်စစ်ဆင်နွှဲနေသည်မှာ ယနေ့ ၂၂ နှစ် ပြည့်ပြီဖြစ်သည်။

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ