မြဝတီတွင်ဖြစ်ပေါ်နေသော တိုက်ပွဲ အခြေအနေကို ABSDF စစ်ကော်မရှင်အတွင်းရေးမှူး ရဲဘော်ခင်ကျော် က အောက်ပါအတိုင်း သုံးသပ်ပါတယ် ...
"လက်ရှိအခြေအနေမှာ ဗိုလ်မှူးစောလားဘွယ် ဦးစီး DKBA အဖွဲ့က မြဝတီစစ်ပွဲကိုရက်အတန်ကြာ ထိမ်းထားနိုင်မယ်လို့ သုံးသပ်ရပါတယ်၊ ကနေ့ ကာလ နအဖ က ရွေးကောက်ပွဲလုပ်ပြီး ကမ္ဘာကိုအလှပြနေချိန် မြဝတီကိုသိမ်းပိုက်ခံလိုက်ရ တာဟာ အရှိုက်အထိုးခံလိုက်ရသလို ဖြစ်နေတယ်။ နအဖ က တန်ပြန်ထိုးစစ်ဆင်တဲ့ နည်းရော ညှိနိုင်းတဲ့နည်းပါ သုံးမှာပါ၊ ပထမနည်းဖြစ်တဲ့ တန်ပြန်ထိုးစစ်ဆင်တဲ့ နည်းသုံးရင်တော့ တိုက်ပွဲကပြီးသေးမှာမဟုတ်ဘူး။ ယာယီရပ်ဆိုင်းသွားနိုင်ပေမဲ့ ရေရှည်မှာ DKBA က တိုက်ပွဲပုံစံပြောင်း ပြီး တိုက်ပွဲဆက်ဝင်သွားမယ်ဆိုရင် ပိုပြီးတောင် အင်အားတောင့်တင်း လာနိုင်မယ်၊ ဘဝတူတွေက လက်ပိုက်ကြည့် နေကြမှာ မဟုတ်ဘူး။ တွေ့ဆုံညှိနှိုင်းတဲ့နည်းနဲ့ ရန်သူကသုံးရင်တော့ ဗိုလ်မှူးကြီးစောလားဘွယ်တို့က နိုင်ငံရေးအရပါ စကားပြောလိမ့်မယ်လို့ ယူဆရပါတယ်၊"