About Me

ကန့် ကော်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Nov 10, 2010

ကျောင်းသားတပ်မတော် နှင့် ကရင်နီတပ်မတော် ပွန်ချောင်း တံတား သိမ်းပိုက်

၂၀၁၀ ခုနှစ်အောက်တိုဘာလ ၂၆ ရက်မနက်ပိုင်းတွင် ကရင်နီပြည် လွိုင်ကော်-ရှားတောကားလမ်းပေါ်ရှိ ပွန်းချောင်းတံတား စခန်းကို ကရင်နီတပ်မတော်အမှတ်(၃)တပ်ရင်းနှင့် ABSDF အမှတ်(၄)ရင်းမှတပ်ဖွဲ့များနှင့်အတူပူးပေါင်းသိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲတွင်ရန်သူ့သုံ့ပန်း(၄)ဦး၊ ရန်သူ့အလောင်း(၄)လောင်း၊ လက်နက်ကြီးငယ်မျိုးစုံ(၉)လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းနိုင်ခဲ့သည်။
မနက်(၁၁း၀၀)တွင် သုံ့ပန်းများကိုပြန်လွတ်ပေးပြီး၊ သိမ်းပိုက်စခန်းကိုမီးတင်ရှို့ခြင်းနှင့် တံတားအားဖေက်ခွဲကာ ပြန်လည် ဆုတ်ခွခဲ့သည်။
ကရင်နီတပ်မတော် နှင့် ကျောင်းသားတပ်မတော်ဖက်မှ ထိခိုက် ကျဆုံးမှုမရှိကြောင်း သိရှိရသည်။
မူရင်း - www.absdf8888.org
တော်လှန်ရေး သည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်
လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ