About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Jul 29, 2011

မြန်မာ့အင်တာနက်

Read more »

Jul 22, 2011

အောင်ဆန်းက ကျွန်တော့်ကို ငုံ့ကြည့်နေတယ်…

by Nay Phone Latt on Wednesday, July 20, 2011 at 10:09am
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ မာန်မာနတွေ သိမ်ဖျော့မှေးမှိန်သွား
ကြီးမြတ်သော ပေးဆပ်စွန့်လွှတ်ခြင်းမှာ
လုပ်မြဲအလုပ်တစ်ခုလို သူရိုးရှင်းတည်ငြိမ်ခဲ့ပုံက
အသံကျယ်တဲ့ သင်္ကြန်အမြောက်တွေကို အရှက်ရစေခဲ့
သူ့မျက်နှာက ခက်ထန်မာကြောသယောင်ယောင်
ဒါပေမယ့် သူ့ရဲ့ အားပြင်းတဲ့ စိတ်အလင်းရောင်မှာ
သူ့ရဲ့ တည်ကြည်လေးနက်ခြင်းက မဲညစ်ပိတ်မှောင်မနေခဲ့
တိုင်းပြည်နဲ့လူမျိုးကို ချစ်ခြင်း
လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးခြင်း
သူ့နှလုံးသားက အဲဒီအားနှစ်ခုတည်းနဲ့ ထိန်ထိန်လင်းတယ်
အဲဒီအလင်းကို ကျွန်တော့်ရင်ဘတ်ဆီ နှလုံးသားချင်း ချိတ်ဆက်စီးကူး
ကျွန်တော့်ရင်ခုန်သံတွေ ပူနွေးပြင်းရှမှုတစ်ခုနဲ့ တက်ကြွတောက်မြူးခဲ့
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ သိမ်ငယ်စိုးထိတ်မှုတွေ အားပျော့ကင်းစင်သွား
သူ့ရုပ်သွင်ရဲ့ သတ္တိရသက
ကျွန်တော့်စိတ်ဓါတ်ကို ဆွဲယူထူမတယ်သူ့သွေးတွေရဲ့ လတ်ဆတ်ပူနွေးမှုက
ကျွန်တော့်သွေးကြောတွေထဲ ဖောက်ဝင်စီးဆင်းတယ်ကျွန်တော့်အခန်းကျဉ်းလေးရဲ့ တိတ်ဆိတ်မှုထဲမှာ
သူ့စကားသံတွေ အသံမဲ့ပဲ့တင်ထပ်
တစ်သားတည်းကျသွားတဲ့ စိတ်ဓါတ်ခွန်အားနဲ့
သူမက်ခဲ့တဲ့ အိပ်မက် ကျွန်တော် ဆက်မက်တယ်
တစ်ထပ်တည်းကျသွားတဲ့ ရင်ခုန်သံစည်းချက်နဲ့
သူပျိုးခဲ့တဲ့ တစ်ပွင့်ပန်း ကျွန်တော် ဆက် လက်ဆင့်ကမ်းမယ်
သူချစ်ခဲ့သော တိုင်းပြည် သူမျှော်လင့်တဲ့အတိုင်း တည်စေဖို့
နီစွေးပြတ်သားသော ရဲရင့်ခြင်းနဲ့
ကျွန်တော် ရှေ့ဆက်ချီတက် ထမ်းရွက်မယ်
ကျွန်တော်တို့လမ်းရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ
သူလျှောက်ခဲ့ရတဲ့လမ်းလောက် ဆိုးဝါးပြင်းထန်ခဲ့သလား
ကျွန်တော်တို့ခရီးရဲ့ ရှုပ်ထွေးခဲယဉ်းမှုတွေ
သူနှင်ခဲ့ရတဲ့ခရီးလောက် ပွေလီကျပ်တည်းခဲ့သလား
ဦးနှောက်တွေ ဆူဝေပေါက်ကွဲလုမတတ်
သူတွေးခေါ်တွက်ချက်ခဲ့သလောက်
ကျွန်တော်တို့တွေ ဘယ်နှစ်ယောက်များ အားထုတ်ခဲ့ကြဖူးသလဲ
အိပ်လဲ ဒီစိတ် စားလဲ ဒီစိတ် သွားလဲ ဒီစိတ်နဲ့
သူ စွဲစွဲလမ်းလမ်း တောင့်တရယူပေးခဲ့တဲ့ လွတ်လပ်ရေး
အဲဒီလွတ်လပ်ရေးဆိုတာအတွက်
ကျွန်တော်တို့ သူ့လောက် ရူးသွပ်ပေးဆပ်ခဲ့ကြရဲ့လား
မေးခွန်းတွေများစွာက
ကျွန်တော့်ရင်ကို တွန်းထိုးတူးဆွကြ
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ကိုယ်ကျွန်တော် အားမလို အားမရ ဖြစ်မိတုန်းပဲ ….

နေဘုန်းလတ်
၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ( ဘားအံ အကျဉ်းထောင် မှ ဂုဏ်ပြုဖွဲ့ဆိုပါသည် )

Read more »

Jul 8, 2011

စေတနာ၊ ဂစ်တာ နှင့် ကျောင်းဆရာ



Win Cho who runs a small school in a border town talks to Kyaw Zwa Moe about his belief and views on education.

From: http://www.irrawaddyblog.com/

Read more »

Jul 6, 2011

ကမ္ဘာမကြေ



သွေးမြေခစု၊ ကြွေလုကျစော

ဒေါသမျက်ရည်၊ ဖြေမပြေကြ

ကျောင်းတော်ကြီးက၊ တို့မောင်နှမတွေ

ကမ္ဘာမကြေ ။
(၁၉၈၈ အရေးတော်ပုံကာလအတွင်းမှာ ကိုဝင်းနိုင်ဘို ရေးခဲ့တဲ့ ကဗျာလေးပါ။)

Read more »

Jul 2, 2011

ရင်သွေး





ရစ်ဖွဲ့နှောင်တိုး၊
ကြိုးတစ်မြှင်တင်း၊
သံသရာညွံအတွင်း၊
နစ်ခြင်းလည်း မငြူစူချင်တော့ပါ ... ...

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ