About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile
Showing posts with label သွေးခုန်နှုန်းထဲမှ. Show all posts
Showing posts with label သွေးခုန်နှုန်းထဲမှ. Show all posts

Nov 2, 2019

နိုဝင်ဘာ ၁ ရက်နေ့အကြောင်း

·         ဟက်ပီးဘတ်သ်ဒေး တူယူ ဆိုပြီး
ရောင်စုံညီးမီးထွန်းလို့
ပျော်ပွဲကြီးကျင်းပခွင့်မရှိဘူး ...
·         မျက်နှာချင်း ဆုံခွင့်မရှိတော့တဲ့
ပေးဆပ်သူတို့ကို တမ်းတတဲ့
မျက်ရည်တွေနဲ့
အလွမ်းမီးတွေသာထိန်ထိန်ထွန်းညှိခဲ့ နေ့ ...
ဝင်းတင့်ဟန်
၁ နို ၁၉


Read more »

Jan 31, 2016

အသံမဲ့

ကိုယ်ချည်းသာလော ...
ငဲ့ပါဦးလေ
လမ်းကန်သင်း
ကျောကိုစင်း
တံတားခင်းခဲ့ ..
ပုခုံးလေးကား ...
ထိုးပေးထားခဲ့ ...
အမည်မဲ့သူများ ... (သို့မဟုတ် အမည်မေ့ခံရသူများ) ... အတွက် 
(ဝင်းတင့်ဟန်)
၈ ဖေ ၂၀၁၆

Read more »

Apr 5, 2013

မျက်ရည်သုတ်မယ့် နေ့


ညီမလေးကို ကတိပေးလိုက်တယ်။
မိသားစုအားလုံး စုံစုံညီညီ အမြန်ဆုံး အတူနေနိုင်အောင် ကြိုးစားပါမယ် လို့ ....

မိသားစုအားလုံးတိုင်းအတွက် ...
အမေတိုင်း ... အဖေတိုင်း ...
မောင် နှမ တိုင်း ... အားလုံး အတွက် ...

အဲသည်နေ့ကျရင် တို့အားလုံး တပျော်တပါး ငိုကြတာပေါ့ ... ...
ပျော်ပျော်ကြီး ငိုပစ်လိုက်ကြမယ် ...

Read more »

Mar 26, 2013

၁၂ ရာသီ သစ်လွင််ဆဲ

စိတ်သွားတိုင်း အလွမ်းပါ ဒဏ်ရာအသစ်တွေ ဖူး ငုံ ဝေနေကြတာများ ရာသီပန်းတွေလို အို အေး ဆို သိပ် သမီးလေးအပ်စက် ပုခက်ထဲ ခဏလေးဖြစ်ဖြစ် လှဲလျောင်းချင် ရင်တွင်းသစ်နေမြဲ အချစ်တွေနားမှာပဲ တရစ်စွဲ ဝဲ ... သည်အချိန် ဖေ မေ အပါး မောင်နှမတွေ ကစား ပျော်နေရရင် တပေါင်းလဝန်းလည်း မော်ပြုံးနေမှာပဲ ထင် ... ... ။ (ဝင်းတင့်ဟန်)

Read more »

Nov 30, 2012

အာရုဏ် ခါးခါး

လက်ချည်း မျှမျှ
ဘဝ သုဉ်းသုဉ်း
ရုန်းရုန်း ထထ
.. ... ..
ပိတ် ခိုး မြူ ဆီး
လောင်မီး သားညှော်
ဟစ်အော် ညည်းညည်း
.. ... ..
ပျားရည် ခါးခါး
လျားလျား သက်သက်
ဝမ်းကယ်အောင် လျက်ခဲ့ရ
.. ... ..
နေအတက်
အာရုဏ် မနက်
မမျှော်ရက်ရဲတော့ ... ...

၂၀၁၂ sweet December အတွက် ..

Read more »

Feb 2, 2012

ဆည်းလည်း


ချိုမြနှုတ်ခမ်း တီတာစမ်းရေ
မေ ဖေ လည်ဆွဲ ဒါရူသည်း
မြဲပြုံးရယ်မြူး
နှုတ်ငုံဖူးမှာ
မပျောက်မလျ တည်လေပါ ..

Read more »

Jul 6, 2011

ကမၻာမေၾက



သွေးမြေခစု၊ ကြွေလုကျစော
၊
ဒေါသမျက်ရည်၊ ဖြေမပြေကြ
၊
ကျောင်းတော်ကြီးက၊ တို့မောင်နှမတွေ

ကမ္ဘာမကြေ ။
(၁၉၈၈ အရေးတော်ပုံကာလအတွင်းမှာ ကိုဝင်းနိုင်ဘို ရေးခဲ့တဲ့ ကဗျာလေးပါ။)

Read more »

Jul 2, 2011

ရင်သွေး





ရစ်ဖွဲ့နှောင်တိုး၊
ကြိုးတစ်မြှင်တင်း၊
သံသရာညွံအတွင်း၊
နစ်ခြင်းလည်း မငြူစူချင်တော့ပါ ... ...

Read more »

Feb 2, 2011

မင်း ငါ့ဆီ ရောက်ခဲ့တယ်

သည်နေ့ခင်း မင်း ငါ့ဆီရောက်လာခဲ့ ... ညလုံးပေါက်ခဲ့ မင်းနဲ့ငါ အတူရှိနေ အေးခဲနေတဲ့ည အရင်ကလို ငြင်းခုံသံတွေနဲ့ မနွေးထွေးတော့ ... ငါ့စကားသံနဲ့ ငါ့မျက်ရည်ကိုလည်း ငါ့ကိုယ်ငါသာ အသိအမှတ်ပြုနေရ ... သူရူးတယောက်လိုသာ ငါ့ကိုယ်ငါထင်မိတော့တယ်လို့ မင်းကိုပြောတော့လည်း မင်းရဲ့အရိုးပြာအိုးကတော့ တုံနိဘာဝ အေးစက်စက်နဲ့ ... ...

Read more »

Aug 7, 2010

ငါတို့သွေးနဲ့ ရင်းခဲ့ရတဲ့ မော်ကွန်းသစ်


ပန်းချီ-စစ်ငြိမ်းအေး

Read more »

Apr 15, 2010

မျှော်ရည်တမ်း လွမ်းရတဲ့ ပိတောက်ဝေ


ဘာတခုကိုမှ
မျှော်လင့်မထားခဲ့ပေမယ့်
လွတ်ကျပျောက်ရှခဲ့ရတဲ့
အတိတ်ကာလတွေ
အိပ်မက်ညရှည်ထဲ
ရစ်တ၀ဲဝဲနဲ့ ...

Read more »

Apr 13, 2010

ကောင်းကင်အောက်

ကမ်းလက်ကို
လှမ်းဆက်လိုက်ပါချစ်သူ ...
မဆုံးတဲ့ကောင်းကင်အောက်
ဟိုအဝေး မိုးကုတ်စက်ဝိုင်းအရောက်
တို့ အတူလျှောက်ကြမယ်နော် ...

အိပ်မက်တွေထဲက
နိုးထကြပြီးတဲ့နောက်
ရင်ဆိုင်တည်ဆောက်ကြမယ့်
တို့ လက်တွေ ခိုင်မြဲကြစေ ...

ဟို မှာ တိမ်တွေ မြောလွင့်လို့ ...
ဟိုမှာ ကြယ်တွေ လင်းလက်လို့ ...
ရွက်နုတွေ ပုရစ်စီရီ ...
စီးဆင်းနေတဲ့ သံလွင်မြစ်ကြီး ...
စုန်ဆင်းလာတဲ့ စစ်ပြေးဒုက္ခသည် စစ်စစ်တွေ ...
တောင်တန်းပြာပြာ ချွေးစို့စို့ ... အမော ဆို့ဆို့ ...

တို့နှစ်ယောက်အင်အားက သေးသေးငယ်ငယ်လေးပါ ...
ပုရွက်တစ်ကောင်ရဲ့ အားတောင်မှ မမျှလောက်
တို့ တည်ဆောက်နိုင်သလောက်တော့ ရင်းနှီးကြရမှာပေါ့ ...

တို့နှစ်ယောက်ရဲ့ မနက်ဖြန်တွေ
ရွှေရောင်တောက်ပနေဖို့ ...

ကမ်းလက်ကို
လှမ်းဆက်လိုက်ပါချစ်သူ ...
မဆုံးတဲ့ကောင်းကင်အောက်
ဟိုအဝေး မိုးကုတ်စက်ဝိုင်းအရောက်
တို့ အတူလျှောက်ကြမယ်နော် ... ...

Read more »

Feb 19, 2010

သတိတရ



ခဏခဏ
အခေါက်ခေါက်အခါခါ
ဘယ်အချိန်မှာဖြစ်ပါစေလေ ...
အမှတ်ရစရာ
ကြည်နူးခဲ့ဘူးတာ
မြင်ယောင်ကြည့်စရာမလို ...
အလိုလိုပါ
အရာရာတိုင်းမှာ သတိရစရာတွေချည်းလိုပဲလေ ...
နှစ်ဦး အလှမ်းကွာနေချိန်မှာ
ရည်မှန်း တမ်းတနေမိတဲ့အကျင့်ကို
ကိုယ် ...
ဘယ်အချိန်က ရသွားခဲ့သလဲမသိဘူးနော် ...
22nd Apr 09

Read more »

Jan 29, 2010

အဲဒါ အချစ် တဲ့

အဲဒါ ... အချစ် တဲ့ ...
အရာရာ ဟာ အချစ် တဲ့ ...
သည်နေ့ မရှိဘူးဆိုရင်
အစရဲ့အစ ကရော ရှိပါ့မလား ...
သည်တော့ အချစ် မှာ အားလုံး ရှိနေရော ...
သည်အတွက် အချစ်မှာ ဘာမှ မရှိတော့ပြန်ဘူး ...

အဲဒါ ... အချစ် တဲ့ ...
Dec 13 09

Read more »

Jan 28, 2010

မရိုးတဲ့ ယစ်မူးမှု


လရောင်အောက်က သံလွင်ညရေ
မြင်နေကျပေမယ့်
မရိုးအီတဲ့အလှ
ယစ်ရီဝေမူးနေရ
တကယ်တမ်းကျ ...
ငါ့တစ်ယောက်တည်း ပိုင်ဆိုင်ခွင့်မဟုတ်တာသိရက်နဲ့ ... ...

Read more »

Jan 1, 2010

အမှား

မှားသွားလို့
ပြန်ဖျက်လိုက်တယ် ....

မှားသွားလို့
ပြန်ပြင်လို့မရတော့ဘူး ...

Read more »

Oct 13, 2009

နှစ်ဦးနှစ်ဖက် ကြေနပ်ခြင်း

တောခေါင်ခေါင် ချောင်ကျကျ
လူနာတွေနဲ့ချည်း ပျော်နေကျလူ ... တဲ့။

လျှပ်စစ်မီးမရှိ
တီဗွီ မရှိ
ဗွီဒီယိုမရှိ
ဂြိုလ်တု စလောင်းမရှိ
ဘောလုံးပွဲမရှိ
တလုံး နှစ်လုံး သုံးလုံး မရှိ
တယ်လီဖုန်းမရှိ
အင်တာနက် မရှိ
ဂိုယာ ရှယ်နယ် မရှိ
မင်းသား မရှိ
မင်းသမီး မရှိ
အဆိုတော်မရှိ
ဖုန်းဆိုးတော အတိ
စစ်ပွဲသံတွေ မကြာခဏရှိတဲ့အရပ်မှာ ... တဲ့ ... ။

ညညကျ လူနာတွေ နားမခံသာအောင်
ကြိုးမညီမညာဂီတာကို
ရစ်သမ်မကျတီးရင်း
ကီးမဝင်တဲ့အသံနဲ့
ဖျော်ဖြေတတ်တဲ့ အကောင်တကောင်ရှိရဲ့ ...
လူနာတွေခမျာလည်း
သူတို့ရဲ့ကျန်းမာရေးကိုငဲ့ရင်း
အဲသည်တေးသီချင်းဆိုးကို
ဆယ်စုနှစ်နဲ့ချီပြီး အောင့်အည်းနေရရှာသတဲ့လေ ... ။

Read more »

Mar 7, 2009

ခေါင်းစဉ်မဲ့

• ရင်ထဲကဟာတွေ
အားအားနေ
ပြန်ပြန်ပြီး မျိုမျိုချနေရ
သည်ဝမ်းကိုက
ကျယ် ကျယ်နိုင်လွန်းလှနေ ... ...
Labels: သွေးခုန်နှုန်းထဲမှ ...

Read more »

Feb 18, 2009

မှန်ထဲက အရုပ်

မှန်ထဲကိုမြင်လိုက်တော့
ကိုယ်တိုင်ကောင်းကောင်းနားမလည်တဲ့
စကားလုံးတွေ သုံးသုံးပြီး
ခုန် ခုန် ချနေမိ ...

ကြည့်စမ်း

ကျွန်တော်
မတ်ရပ်ကြီး
အိပ်ချင်ယောင် ဆောင်နေ ... ...

Read more »

Dec 8, 2008

စစ်မြေပြင်ကျခဲ့တဲ့ စီးချင်းထိုးပွဲ

 
သွေးနီဥတွေထဲမှာ 
အပကောင်လိုမှီတွယ်ပူးကပ်ပြီး 
ပွဲတော်ကြီး ခင်းကျင်းလို့ ... 
လူတယောက်ရဲ့ ရုပ်ခန္ဓာကို 
စစ်မြေပြင်အဖြစ် ခင်းကျင်းဖူးပါသလား ... 
ငါ ... 
ပလက်စမိုဒီယမ် * တွေနဲ့ 
အဲသည်စစ်မြေပြင်မှာ မကြာခဏ စီးချင်း ထိုးထိုးနေရတယ် ... 
စီးချင်းထိုးပွဲတွေမှာ 
ငါ ... 
အမြဲတမ်း အနိုင်မရနိုင်ဘူးဆိုတာကို 
ငါ့ ဦးနှောက်ကပဲ သိတာ.... 
အမြဲတမ်း အနိုင်ရချင်နေတဲ့ 
ငါ့ နှလုံးခုန်သံ က လက်မခံနိုင်သေးဘူး .... 
သည်ရက်ပဲ စီးချင်းထိုးရင်းက 
စစ်မြေပြင်ကျခဲ့ရပြန်ပေါ့ ... ... 
* Plasmodium. ** 
နို ၂၇ ၀၈၊ ၀၉း၅၀ (လေးဝါးစခန်း)

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ