ဒဏ္ဍာရီ အသစ်တွေ
ဖူး ငုံ ဝေနေကြတာများ
၁၂ လ ရာသီ ပန်းတွေလို
အို အေး ဆို သိပ်
သမီးလေး အိပ်စက်
ပုခက်ထဲ
(ခဏကလေးဖြစ်ဖြစ်)
လှဲလျောင်းချင် ... ...
ရင်တွင်းသစ်နေမြဲ
အချစ်တွေနားမှာပဲ
တရစ်စွဲဝဲ ...
...
သည်အချိန် ဖေ မေ အပါး ...
မောင်နှမတွေ ကစား ပျော်နေရရင်
တပေါင်းလပြည့်ဝန်းလည်း မော်ပြုံးနေမှာပဲ ထင် ... ... ။