About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Dec 8, 2008

စစ်မြေပြင်ကျခဲ့တဲ့ စီးချင်းထိုးပွဲ

 
သွေးနီဥတွေထဲမှာ 
အပကောင်လိုမှီတွယ်ပူးကပ်ပြီး 
ပွဲတော်ကြီး ခင်းကျင်းလို့ ... 
လူတယောက်ရဲ့ ရုပ်ခန္ဓာကို 
စစ်မြေပြင်အဖြစ် ခင်းကျင်းဖူးပါသလား ... 
ငါ ... 
ပလက်စမိုဒီယမ် * တွေနဲ့ 
အဲသည်စစ်မြေပြင်မှာ မကြာခဏ စီးချင်း ထိုးထိုးနေရတယ် ... 
စီးချင်းထိုးပွဲတွေမှာ 
ငါ ... 
အမြဲတမ်း အနိုင်မရနိုင်ဘူးဆိုတာကို 
ငါ့ ဦးနှောက်ကပဲ သိတာ.... 
အမြဲတမ်း အနိုင်ရချင်နေတဲ့ 
ငါ့ နှလုံးခုန်သံ က လက်မခံနိုင်သေးဘူး .... 
သည်ရက်ပဲ စီးချင်းထိုးရင်းက 
စစ်မြေပြင်ကျခဲ့ရပြန်ပေါ့ ... ... 
* Plasmodium. ** 
နို ၂၇ ၀၈၊ ၀၉း၅၀ (လေးဝါးစခန်း)

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ