About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Aug 12, 2015

SD နှင့် ၈၈ ငြိမ်းပွင့် တွေ့ဆုံ (သတင်း)

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့(SD)တွင် ပါဝင်လုပ်ဆောင်နေသည့် ရဲဘော်မျိုးဝင်း(မကဒတ ဒု ဥက္ကဋ္ဌ)
- ၈၈ ငြိမ်း/ပွင့် နှင့် တွေ့ဆုံဆွေးနွေးစဉ်။ သြဂုတ်လ ၉ ရက် ၂၀၁၅

Read more »

Aug 7, 2015

နဝမအကြိမ် NCA စာချုပ်ညှိနှိုင်းဆွေးနွေးပွဲ

August 7, 2015
ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော NCA စာချုပ် အပြီးသတ် နိုင်ရေးအတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသားများ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့အနက် ၁၅ ဖွဲ့နှင့်သာ လက်မှတ်ရေးထိုးမည်ဆိုသည့် အခြေခံမူ အပေါ်တွင် ရပ်တည်နေသဖြင့် နှစ်ဘက် ညှိနှိုင်း၍ မရသေးပေ။
NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား အားလုံး ပါဝင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် မကြာမီ နေပြည်တော်၌ နှစ်ဖက် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။
နေပြည်တော်သို့ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ မှ ခေါင်းဆောင်များ သွားရောက်တွေ့ဆုံမည်ဖြစ်သည်။

Read more »

Jul 30, 2015

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့လုံး ပါဝင် မှ လက်မှတ်ထိုးမည်ဟု တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်များက တညီတညွှတ်တည်း ဆုံးဖြတ် လိုက်ကြသည်။
ယင်းဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အထိပြုလုပ်သည့် NCA လက်မှတ် ထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက သဘောတူလိုက်ခြင်းဖြစ်သည်။
ချင်းမိုင်မြို့ အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ SD အဖွဲ့ က ရန်ကုန်မြို့တွင် ယခု လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် NCA ညှိနှိုင်းဆွေးနွေးပွဲ ရလဒ် များကို တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များထံ တင်ပြခဲ့သည်။
ထိပ်သီးခေါင်းဆောင်များ၏ ညှိနှိုင်းချက်သဘောထားများကို သြဂုတ်လ ပထမအပတ်ထဲ၌ ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) တွင် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် SD အဖွဲ့ တို့ ထပ်မံ ညှိနှိုင်းသွားကြမည်ဖြစ်သည်။
July 30, 2015
http://burma.irrawaddy.org

Read more »

Jul 21, 2015

ပြည်တွင်းငြိမ်းချမ်းရေးနှင့်အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ


UPWC-SD NCA အချောသတ်နိုင်ရေး ဆွေးနွေးပွဲပထမနေ့ကိုရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန MPC တွင် ၂၀၁၅ ဇူလိုင်လ ၂၂ မနက် ၁၀:၀၀ တွင် စတင်ကျင်းပခဲ့ပါတယ်။
အခု ဆွေးနွေးပွဲက NCA ရဲ့ (၈) ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲ ဖြစ်ပါတယ် အလွတ်သဘော နဲ့ ပြင်ဆင်ရေးဆွေးနွေးပွဲပေါင်း (၄၀) ကျော် ကျင်းပခဲ့ပါတယ်။
Senior Delegation မှာ လူသစ်အချို့ နဲ့ NCCT အဖွဲ့ဝင် အချို့ ပါဝင်ပါတယ်။
အစည်းအဝေးသို့တက်ရောက်မည့် UPWC ကိုယ်စားလှယ် အဖွဲ့ဝင်စာရင်း
၁။ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း UPWC - ဒုဥက္ကဌ
၂။ ဦးသိန်းဇော် UPWC - ဒုဥက္ကဌ
၃။ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း
၎။ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်
၅။ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး
၆။ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ
၇။ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး
၈။ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး
၉။ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး
၁၀။ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်
၁၁။ ဦးထွန်းထွန်းဦး ဒု ရှေ့နေချုပ်
၁၂။ ဗိုလ်မှူးကြီး ကျော်စိုးဝင်း
၁၃။ ဦးစောထွန်းမြအောင်
၁၄။ ဒေါ်မိယဉ်ချမ်း
၁၅။ ဦးခက်ထိန်နန်
MPC အလုပ်အဖွဲ့
၁။ ဦးတင်မောင်သန်း Special Advisor
၂။ ဦးလှမောင်ရွှေ Special Advisor
၃။ ဒေါက်တာ ဒေါ်ရင်ရင်နွယ် Special Advisor
၎။ ဒေါက်တာ သန့်မြင့်ဦး Special Advisor
၅။ ဦးကျော်စိုးလှိုင်
၆။ ဒေါက်တာ မင်းဇော်ဦး
၇။ ဒေါက်တာ ကျော်ရင်လှိုင်
၈။ ဦးအောင်နိုင်ဦး
၉။ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်
၁၀။ ဦးညိုအုန်းမြင့်
၁၁။ ဒေါက်တာ ရေဘက်ခါထင်
၁၂။ ဦးတင်အောင်မိုး
၁၃။ ဒေါက်တာ ကျော်ဆန်းဦး
၁၄ ဦးလှမြင့်
အစည်းအဝေးသို့တက်ရောက်သည့် SD အဖွဲ့ဝင်စာရင်း
၁။ ပဒို နော်စီဖိုးရာစိန် အဖွဲ့ခေါင်းဆောင်
၂။ ဒေါက်တာ လဂျာ ဒုတိယအဖွဲ့ခေါင်းဆောင် (၁)
၃။ ပူးဇင်ကျုံး ဒုတိယအဖွဲ့ခေါင်းဆောင် (၂)
၎။ ခိုင်စိုးနိုင်အောင် အဖွဲ့ဝင်
၅။ နိုင်ဟံသာ အဖွဲ့ဝင်
၆။ ဦးမျိုးဝင်း အဖွဲ့ဝင်
၇။ ခွန်မြင့်ထွန်း အဖွဲ့ဝင်
၈။ ရွှေမျိုးသန့် အဖွဲ့ဝင်
၉။ စပ်ခွန်ဆိုင်း အဖွဲ့ဝင်
၁၀။ ဗိုလ်ချုပ် တာအိုက်ဘုန်း အဖွဲ့ဝင်
၁၁။ ပဒို စောကွယ်ထူးဝင်း (NCCT အဖွဲ့ဝင်)
၁၂။ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း (NCCT အဖွဲ့ဝင်)
၁၃။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ (NCCT အဖွဲ့ဝင်)
၁၄။ ဒေါ်စောမြရာဇာလင်း (NCCT အဖွဲ့ဝင်)
၁၅။ တာအိုက်ညွန့် (NCCT အဖွဲ့ဝင်)
နည်းပညာအထောက်အကူအဖွဲ့
၁၆။ ဒေါ်ဂျာနန် အဖွဲ့ဝင်
၁၇။ ဒေါ်နန်ရော် အဖွဲ့ဝင်
၁၈။ ဗိုလ်မှူးကြီး ဆင်ဝါး Special Advisor
၁၉။ နော်မေဦး Special Advisor
၂၀။ စောကပီ Special Advisor
၂၁။ ဆလိုင်းထလာဟေး Special Advisor
၂၂။ ဒုတိယဗိုလ်မှူးကြီး လအောင် အဖွဲ့ဝင်
၂၃။ ရမ်ကု(လ်)ကျုံး အဖွဲ့ဝင်

Read more »

Mar 30, 2015

Nationwide Ceasefire Agreement Final Draft အတည်ပြု ပြီးစီး

၃၁ မတ် ၂၀၁၅
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ရှေ့မှောက်တွင် Nationwide Ceasefire Agreement Final Draft အတည်ပြု ပြီးစီးကြောင်း UPWC နှင့် NCCT နှစ်ဘက် ခေါင်းဆောင် ငါးဦးစီမှ လက်မှတ်ရေးထိုးကြစဉ်။

Read more »

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် သဘောတူညီ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(Union Peacemaking Work Committee-UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination Team-NCCT) တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) အတွက် (၇) ကြိမ်မြောက် အစည်းအဝေး သတ္တမ နေ့ (၃၀.၃.၂၀၁၅) နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် Nationwide Ceasefire Agreement-NCA) ပါ အခန်းပေါင်း ၇ ခန်း အပိုဒ်ပေါင်း ၃၃ ပိုဒ် အပိုဒ်ငယ်ပေါင်း ၈၆ ပိုဒ် ပါအချက်အားလုံးကို သဘောတူနိုင်ခဲ့ကြသည်။နောက်တစ်နေ့ (၃၁.၃.၂၀၁၅) ရက်နေ့ နံနက် ၁၀ နာရီတွင် နှစ် ဘက်ခေါင်းဆောင် များပြန်လည်တွေ့ဆုံပြီးတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) ပါ အချက်များ အားလုံးကို ဆွေးနွေးပွဲ မှတ်တမ်းများအရ ပြန်လည် စီစစ်ပြီး သဘောတူညီထားကြောင်း ပဏာမ အဆင့် လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။

Read more »

Nov 13, 2012

ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ

သမ္မတဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့ သည် ယခုလ ၉ ရက်နေ့က ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး ၃ ရက်အတွင်း ပြည်ပအခြေစိုက် အဖွဲ့အစည်း ၁၄ ဖွဲ့နှင့် တွေ့ဆုံ ဆွေး နွေးခဲ့သည်။
နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် နိုင်ငံရေးအဖွဲ့များ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားအကူ အညီပေးရေးအဖွဲ့၊ ဒုက္ခသည်ကူညီရေးအဖွဲ့များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းသို့တွေ့ဆုံဆွေးနွေးမှုအပေါ် ဝန်ကြီး ဦးအောင်မင်း က ကျေနပ်မှုရှိသည်ဟုဆိုသည်။
“သူ (ဦးအောင်မင်း) က ကျနော်တို့ကို ရှင်းပြတာကတော့ တွေ့ဆုံတဲ့ဟာတွေက Peace Process အနေနဲ့ တွေ့တဲ့ဟာတွေပါ သလို အခြားအဖွဲ့တွေရဲ့ ယုံကြည်မှုနဲ့ သူတို့ရဲ့သဘောထားတွေကိုလည်း ထည့်သွင်း စဉ်းစားနိုင်မယ်၊ ဒီလိုနည်းနဲ့လည်း stabilization ဘက်ပိုရောက်ဖို့ သမ္မတနဲ့ သူ (ဦးအောင်မင်း) နဲ့ရည်ရွယ်တယ်ဆိုတာမျိုး ကျနော်တို့ကို ရှင်းပြပါတယ်” ဟု ဦးလှမောင်ရွှေ က ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ အဖွဲ့ အစည်းများနှင့်တွေ့ဆုံဆောင်ရွက်မှုများနှင့်ပတ်သက်၍ လက်မှတ်ထိုးသဘောတူညီမှုများ ပြုလုပ်ခဲ့ခြင်း မဟုတ် သေးသော်လည်း တရားဝင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းသို့တွေ့ဆုံမှုများကို အကောင်ထည်ဖော်ဆောင်ရွက်သွားရန် ရှိကြောင်း သူကဆက်ပြောသည်။
ဦးအောင်မင်းနှင့်အဖွဲ့၏ ထိုင်းနိုင်ငံခရီးစဉ်တွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များဖြစ်သော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့အပြင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ (WLB)၊ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ (Shwe Gas Movement)၊ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန  (GHRE)၊ ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေး ကော်မီတီ (TBBC) အပါအဝင် စုစုပေါင်း ၁၄ ဖွဲ့ဖြင့် တွေ့ဆုံဆွေးနွေးသွားခဲ့ခြင်းဖြစ်သည်။
ABSDF နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲများ တစ်ဆင့်ချင်း တွေ့ဆုံဆွေးနွေးသွားနိုင်ရေး၊ ထို့ပြင် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ချက်များကို သွားနိုင်ရန်အတွက် ပြည်တွင်း ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ နယ်ပယ် အသီးသီးနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ပြည်တွင်းလေ့လာရေး ခရီးစဉ် တို့ကို သဘောတူညီခဲ့ကြောင်းသိရသည်။
“အထဲမှာရှိတဲ့ အခြေအနေမှန်တွေနဲ့ ကျနော်တို့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးဖို့လိုအပ်တယ် ဒါကြောင့်မို့လို့ ပြည်တွင်း လေ့လာရေး ခရီးစဉ်ကို ကျနော်တို့အနေနဲ့ သွားဖို့အတွက် သဘောတူတယ်” ဟု ABSDF ဥက္ကဌ ကိုသံခဲ က ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ABSDF နှင့် အစိုးရတို့အကြားထိတွေ့ဆက်ဆံရာတွင် အကန့်အသတ်များရှိနေခြင်း၊ ယုံကြည်မှုတည်ဆောက်ရန်လိုအပ် ကြောင်းနှင့် နိုင်ငံတွင်း အကျဉ်းထောင်များတွင် နှစ်ရှည်လများ အကျဉ်းချခံနေရသော ABSDF အကျဉ်းသားများနှင့်ပတ်သက်၍လည်းလည်း တောင်းဆိုခဲ့ကြောင်း သူကဆက်ပြောသည်။
(ဧရာဝတီ အွန်လိုင်းမဂ္ဂဇင်း မှ ...)

Read more »

Nov 4, 2011

တကယ့်သတင်းဆိုရင် ဝမ်းမြောက်စရာပါ ..

ပဲခူးတိုင်းအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေကို ပဲခူးတိုင်ဒေသကြီး ပညာရေးဝန်ကြီးဌာနမှ ညွန်ကြားချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်...ကျောင်းရှိစာသင်သား ကလေးငယ်များကို မြန်မာနိုင်ငံရဲ့ ကမ္ဘာမှာ ထင်ရှားကျော်ကြားစေတဲ့ အကြောင်းအရင်း (၄) ချက်ကို ရှင်းပြပေးဖို့ ညွန်ကြားထားပါတယ်...
မြန်မာနိုင်ငံအား ကမ္ဘာမှ သိစေတဲ့အကြောင်းအရင်း (၄) ချက်ကတော့.......

(၁) ထေရ၀ါဒဗုဒ္ဒဘာသာ
(၂) ဗိုလ်ချုပ်အောင်ဆန်း
(၃) UN အတွင်းရေးမှူးချုပ် ဦးသန့်
(၄) ဒေါ်အောင်ဆန်းစုကြည်
တို့ကြောင့်ဖြစ်ပါတယ်တဲ့....
အဲဒီသတင်းကို ကျွန်တော်အမေက ကျောင်းအစည်းအဝေးကပြန်လာပြီး ၀မ်းသာအားရပြောပြတော့ ကျွန်တော်ဖြင့် ပျော်လိုက်တာဗျာ..ဒါ အမှန်တရားကိုလက်ခံလာ တာပါပဲ....ပဲခူးတိုင်းပညာရေးဝန်
ကြီးကို ကျေးဇူးတင်ပါတယ်ဗျာ..နောက် တစ်ခြား ပြည်နယ် တိုင်းတွေအနေနဲ့လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဒီလိုပြဌာန်းပေးနိုင်ပါစေလို့.......ဂုဏ်ယူ ၀မ်းမြောက်စွာ ဆုတောင်းပေးလိုက်ပါတယ်.

(လမ်းပြကြယ်မှ ရရှိသည်။)

Read more »

Jan 31, 2011

NLD အင်တာနက်စာမျက်နှာ စတင်ထုတ်လွှင့်


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အင်တာနက် Web site ကို ထုတ်လွှင့်လိုက်ပြီဖြစ်ပါတယ်။
ဧရာဝတီ ဘလောဂ် ကတော့ သည်လို ထူးထူးခြားခြား ရေးထားတာ ဖတ်မိပါတယ်။

Read more »

Dec 18, 2010

တောင်းရမ်း စားသောက်နေရသော မြန်မာကျောင်းဆရာအိုများ၏ လူမှုဒုက္ခများ

ဆယ်စုနှစ်ပေါင်းများစွာ ပညာရေးတာဝန်များကို ကျရာဒေသများတွင်တာဝန်ထမ်းဆောင်ခဲ့ကြအပြီး အငြိမ်းစားယူထားကြသူ မြန်မာကျောင်းဆရာအိုများမှာ လူမှုဒုက္ခအဝဝကို ခါးစည်းခံရလျက်ရှြိောင်း သတင်းရရှိသည်။



မန္တလေးတက္ကသိုလ် သမိုင်းဌာနမှာ နှစ် ၃၀ ကျော် ကထိကတာဝန်ယူခဲ့အပြီး အငြိမ်းစားယူထားသူ ဆရာကြီးတစ်ဦးမှ မောက္ခသို့ ရင်ဖွင့်ပြောပြခဲ့သည်။ “အဘတို့ ရတဲ့ ပင်စင် လစာက လုံးဝကို မလောက်မငပါ။ လမ်းစရိတ်နဲ့ လဖက်ရည်ဖိုးမျှသာ ရှိတယ်။ ပင်စင်တစ်ခုတည်းနဲ့ အမှီပြုထားရတော့ ဘယ်လိုမှ စားလို့သောက်လို့ မ၀ဘူး။”

ရှမ်းပြည်နယ် တောင်ကြီး အထကကျောင်းတွင် ကျောင်းအုပ်လုပ်ခဲ့သူ အသက် ၇၁ နှစ်အရွယ်ရှိ ဆရာကြီး ဦးစိုင်းမင်းလွင်မှ မိသားစု ကလည်းမထောက်ပံ့နိုင်သဖြင့် တပည့်ဟောင်းများအိမ်သို့ တစ်အိမ်တက်ဆင်း လိုက်လံ တောင်းစားရင်း ကျန်ရှိနေသည့် ဘ၀၏ နောက်ဆုံးနှစ်များကို ဖြတ်သန်းနေရကြောင်း ပြောပြခဲ့သည်။

ရန်ကုန်တိုင်းအတွင်း အထက်တန်းကျောင်းအုပ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး မြို့နယ်တစ်ခုတွင် ပညာရေးမှူး လုပ်ခဲ့ဖူးသူ ဆရာကြီး ဦးအေးသိန်းမှ ကျောင်းဆရာစလုပ်ခါစ ကာလများနှင့် မတူတော့ဘဲ ဆရာတန်ဖိုး လုံးဝ ကျဆင်းနေရသဖြင့် လုပ်ခဲ့သမျှ အရာမထင်ဟု ခံစားရကြောင်း၊ ရင်နာနေရကြောင်း၊ ပညာရေးစနစ်ကြီး ပျက်စီးနေသည်ကို ကြည့်ပြီး စိတ်ဆင်းရဲရကြောင်း ခံစားပြောပြခဲ့သည်။

“ဒီနေ့ခေတ် ပညာရေးစနစ်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဆရာဟာ ဆရာနဲ့ကို မတူတော့ဘူး။ မနက်ကျောင်းမသွားခင် ဈေးဗန်းကိုင်ပြီး ဈေးရောင်းရတဲ့ ကျောင်းဆရာမတွေလေ။ သူတို့ကို အပြစ်တော့ မတင်ရက်ဘူး။ ဒါပေမဲ့ တန်ဖိုးကတော့ သွားပြီ။ ကျောင်းသားဟာလည်း ဆရာတွေအပေါ်မှာ တန်ဖိုးထားမှု ကျဆင်းသွားတာ။ အနှစ် ၂၀ ကျော် ကာလမှာ အဆိုးဝါးဆုံးပါ။”

မူလတန်းကျောင်းအုပ်တာဝန်ကို ၄၅ နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့သူ ပဲခူးတိုင်း၊ နယ်မြို့လေးတစ်မြို့မှ အသက် ၆၈ နှစ် ရှိပြီဖြစ်သည့် ဆရာမကြီး ဒေါ်ခင်ခင်ဝင်းက သူတို့ ပညာသင်ကြား ပေးခဲ့ကြသောသူများမှာ ယခုအခါ နိုင်ငံ ခေါင်းဆောင်များပင် ဖြစ်နေကြကြောင်းနှင့် မည်သည့်အခါကမျှ ဆရာကန်တော့ပွဲ အခမ်းအနား မလုပ်ခဲ့ကြဘူးကြောင်း ပြောပြခဲ့ပါသည်။ ထို့အပြင် စားဝတ်နေရေးအတွက် မလောက်မငဘ၀နှင့် ရှင်သန်နေရကြောင်း၊ တောင်းရမ်း စားသောက် နေရကြောင်းတို့ကိုလည်း မျက်ရည်အပြည့်ဖြင့် ခံစားပြောပြခဲ့သည်။

“ကျမ မူအုပ်တာဝန်ကို ၄၅ နှစ် ထမ်းဆောင်ခဲ့ပါတယ်။ ကျမတို့ ရှက်လည်း ရှက်နေလို့မရတော့ပါဘူး။ ဆေးကုဖို့က ငွေမရှိဘူး။ သားသမီးနောက်ခံကလည်းမရှိဘူးလေ။ တောင်းရမ်း စားသောက်နေကြရပါတယ်။ ရှက်လည်း မရှက်တော့ပါဘူး။ တပည့် ကျောင်းသားတွေ အခုအခါမှာ လူကြီးတွေဖြစ်၊ ကုမ္ပဏီဒါရိုက်တာကြီးတွေ၊ စီအီးအိုတွေဖြစ်၊ အချို့ဆို ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်တွေတောင် ဖြစ်နေကြပြီ။ မုဒိတာပွားရပါတယ်။ သို့သော်လည်းပဲ ကျောင်းသားဟောင်းများမှ လှူဒါန်းပေးကမ်းစွန့်ကြဲမှုကို မျှော်လင့်နေကြရတာပါ။ ပုံမှန်ရပ်တည်လို့မှ မရတာ။ လူအိုရုံကလည်း လက်မခံဘူး။ အဲဒါနဲ့ အခုမြင်တဲ့အတိုင်းပဲ တောင်းရမ်းစားသောက်ပါတယ်။”

ပြီးခဲ့သည့် သြဂုတ်လတွင် ကျောင်းဆရာဆရာမများအပါအ၀င် အငြိမ်းစား ၀န်ထမ်းများ ၅၀ ဦးမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပင်စင်လစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

မောက္ခ ပြည်တွင်းပညာရေးသတင်း

17 December 2010 23:58

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ