အလျော်မတောင်းတော့ပါ
ဘာမှလည်း အလျော်မတောင်းတော့ပါဘူး
ပစ္စုပန်မှာ ဘာမှ ‘စ’ သုံးမှမကျတော့တာချည်း ကို ... ... နော့် ...
လွတ်ရာ ကျွတ်ရာကနေ
ဆရာ့ ဆရာဗိုလ်ချုပ်ကြီးချုပ်ကြီးချုပ်ရဲ့ စိုက်ခင်း
မရိတ်သိမ်းခွင့်ကိုက
သူငယ်တွေရဲ့ ဘဝကို နင်းခြေ ...
ကြွေ ပြီးရင် ကြွေ ... ... ။
‘အိုကြီးအိုမ’ကျမှ ...
အနာဂတ်မှ မရှိတော့သည်ပဲလေ
ဘာမှလည်း အလျော်မတောင်းတော့ပါဘူး
ကိုယ့်ရင်သွေးအတွက်တော့
ဘုရား သို့မဟုတ် သူ့ကံကြမ္မာ စီမံသည်သို့ပေါ့ ...
သူဘယ်သိမှာလဲ ... ...
ဒီဂရီ ဘွဲ့ထူးအထပ်ထပ်နဲ့ ဂုဏ်မြင့်နေတဲ့
သူ့ရဲ့ သား သမီးမှ မဟုတ်တာ ... ... ။
သမီး နဲ့ သား တက်နေတဲ့ကျောင်း
ဒရုန်းစာ နဲ့ မိုင်းစာ မမိဖို့ပဲ
အတင်းချည်း ဆုတောင်းနေရတဲ့ဘဝ ... ... ။
ပေါက္ကံခေတ်များဆိုရင် ဆုတောင်းစား ဘဝရောက်နေရော့ နော် ... ...
(ဝင်းတင့်ဟန်)
၃၁ ဇူ ၂၀၂၁။