About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Feb 21, 2010

တယောက်တည်း မက်ဖြစ်တဲ့ အိပ်မက်တော့ မဟုတ်ပါ


John Lenon ရဲ့ သည် Imagine သီချင်း ကို အာရုံ ရောက်နေတာ ရက်တော်တော်လေး ကြာသွားတာ သတိထားမိတော့ နည်းနည်းပါးပါး တွေးဖြစ်တယ် ...
Imagine
Imagine there’s no heaven
It’s easy if you try
No hell bellows us
Above us only sky
Imagine all the people
Living for to day (Ah)
Imagine there are no countries
It isn’t hard to do
Nothing to kill or die for
And no religion too
Imaging all the people
Living life in peace
(**) You may say I’m a dreamer
But I’m not the only one
I hope some day you’ll join us
And the world will as one (I’ve as one)
Imagine no possession
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world

You may say I'm a dreamer but I'm not only one ဆိုတဲ့နေရာရောက်တော့ ကိုယ်တိုင် dream ဖြစ်နေတာ ကိုယ် တယောက်တည်းလား လို့ တွေးမိတယ် ...
Dream ကို အိပ်မက် sequence of mental images during sleep လို့ ဘာသာပြန်ကြပါတယ် ...
နောက်တမျိုးကျတော့ မျှော်လင့်ချက် စိတ်ကူး ဆန္ဒ something hoped for, wish, idle hope လို့လည်း ဘာသာပြန်ပါတယ်...
လန်းတယ် (သိပ်လှတာပဲ) something beautiful လို့လည်း သုံးတာတွေ့ဘူးတယ် ...
Aspiration, imagine, wish, goal, hope, desire စတဲ့ အဓိပ္ပာယ်တွေကို ပွားပြီးလည်း သုံးတာပဲ ...
----------------
၂၁ နှစ်ကျော် ကာလအတွင်း လမ်းမထက်မှာ ... တော တောင်ထဲမှာ သည်အိပ်မက်အတွက် အသက်နဲ့ ရင်းခဲ့သူတွေကို ပြန်မြင်လာတယ် ... လူသိသူသိလည်းရှိ ... လူမသိ သူမသိလည်း အများအပြား ... ...
ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ခဲ့ရသူတွေကို ပြန်မြင်လာတယ် ...
အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ အိပ်မက်တူတွေရဲ့ စွန့်လွှတ်မှုတွေကို တွေးမိတယ် ...
ကိုယ့်လို အိပ်မက်တူတွေ ရဲ့ အိပ်မက်ထဲကနေ တဦးချင်းရဲ့မလူးမလွန့်သာအခြေအနေတွေအရ သည် အိပ်မက်ထဲက မဖြစ်မနေ ရုန်းထွက်သွားရသူတွေအကြောင်း စဉ်းစားမိတယ် ...
အားလုံးရဲ့ dream (something hoped for) ကို dream (something beautiful) ဖြစ်အောင် သည် အိပ်မက်ထဲမှာ ဆက်ပြီး ပျော်ဝင်နိုင်ဖို့ ကြိုးစားရဦးမယ် ဆိုတာလည်း တွေးမိလိုက်တယ် ...
ဒါပေမယ့် သည် dream (desired) ထဲမှာ dream (castle in the sky) မဖြစ်ဖို့လည်း လိုနေမှန်း သိနေရဲ့ ...
ပေးဆပ်ခဲ့ရသူတွေ ... စွန့်လွှတ်ခဲ့ရသူတွေ ... ရင်ခုန်သံ နရီ တူညီနေဆဲ ရင်ခုန်ဖက်တွေ ... အတွက် ... ...
(စကားလုံးတွေ သိပ်ကြီးကျယ်နေတော့ အောက်ပါအတိုင်း ပြောင်းသုံးပါမယ်)
မလွှဲမရှောင်သာ ရုန်းထွက်သွားခဲ့ရတဲ့ အိပ်မက်တူ သယ်ဂျင်းဒေ ရဲ့ မျှော်လင့်ချက်တွေအတွက် ... ...
(ဒါလည်း စကားလုံးတွေက တော်တော် ဖင်ခေါင်းကျယ်နေလို့ အောက်ပါအတိုင်းပဲ အတည်ပြု သုံးပါတော့မယ် ...)
ကိုယ့် အတ္တအတွက် ကိုယ့်အတွေးနဲ့ ကိုယ် crazy ဖြစ်၊ သောက်ပျင်းထူပြီး ရုန်းမထွက်ချင်တော့လို့ ... ...
(အခုမှပဲ အဆင်ပြေတဲ့ စကားလုံး သုံးဖြစ်တော့တယ်)
အိပ်မက်ထဲ ဆက်ပြီး ပျော်ဝင်နေလိုက်ဦးမယ် ... ...
=========

Read more »

Feb 20, 2010

စန္ဒကိန္နရီ



ရေး - သဟာယဆရာတင် ဆို - မလှရွှေ တီး(စန္ဒယား) - အေ၀မ်းခင်မောင်
Get this widget | Track details | eSnips Social DNA

ဂန္ဓမာ စန္ဒာတောင် ... စုံမြိုင်နန်းမှာ ... ဖူးပွင့်ကြတဲ့ ပန်းမာလာဆင်းရနံ့ကဖြာ
ငှက်ပေါင်းရယ် သာရကာ ... သံစာစာနဲ့ ... မြူးတူးပျော်ကြ….ရှာ။

မြောင်ညီလာ သီတာဗွေစွန် ရေတံခွန်ဖြာ မြသွေးရယ်ကြည်လင်စွာ ခွေကာရစ်လည် မြစ်နဒီ စန္ဒပါ။
သဲငွေသောင် သောင်ယံဦးမှာ စန္ဒာစန္ဒီ ကိန္နရီတို့မှာ ပန်းပေါင်းထွေထွေ ပြာရွှေနီဝါ
ဆင်မြန်းကာဘဲ ကခုန်မြူးရှာ နန်းမူနန်းရာ ဆန်လှတာ ရွှေလည်တွဲ လို့ ချစ်ပွဲ ဘာသာပျော်ကြရှာ။

လှမ်းမယ်ပ မြန်းစို့ ကိန္နရီ ကိန္နရာ..တူမကွာ တွဲကာ နွှဲကာ ၀ဲကာပျံကြ
တွဲကာ နွှဲကာ ၀ဲကာပျံကြ.. ပန်းစုံစွာ ဂနိုင်တွင်း ကြိုင်သင်းလို့ပါ ပန်းစုံစွာ ဂနိုင်တွင်း ကြိုင်သင်းလို့ပါ
ဖိုမ သံချိုထူးလို့သာ ငွေသောင်ယံ ရွှေတောင်ပံ မခွဲရက်အောင် နွှဲ….ယှက်ပျော်တာ။

ထိုစဉ်အခါ ... ဗာရာသနင်း မင်းဗြဟ္မဒတ် ဘုရင်ရာဇာ ဖော်မပါ တကိုယ်တည်းသာ
လေးတော်ထမ်းကာ မြိုင်နန်းဟေမ၀ါ ... ရောက်လို့လာတာ
ကိန္နရီ ကိန္နရာ နှစ်ဖော်ကြင်ရာ ပျော်ရွှင်နေတာ မြင်လိုက်တော့ကာ….
မင်းဘုရင် အတင်းပင် မြိုင်နန်းသူကိန္နရီ ဒေ၀ီခင်ရဲ့အပေါ် မေတ္တာတော် မျှဖို့ကြံတာ
သူ့လင်သက်ဝေ.. ချစ်သူဆွေကို.. ဇီဝိန်ကြွေအောင် စိန်စက်မြှားနဲ့ တအားလွှဲပစ်ကာ
သနား….မညှာ မင်းဗြဟ္မဒတ်ရာဇာ။

အော်… … ငွေမှုန်ကြဲ သဲ ... သဲသောင်ယံမှာ လောင်းမြတ်ကိန္နရာ… ... အိုမြားနဲ့ ... ခွင်းပါလို့
ချစ်မယားမှာ သောကဖြာ ... စီးကျ မျက်ရည်တွေတွေ လင်ရွှေတုံ ဂမုန်းမယ့်သက်လျာ
အို ဆုံးပေါ့တခါ အသဲအူ ပူအောင်ဖန်လို့သာ ... ပွေ့ယူ ရင်ခွင်ထဲမှာ ငိုမစဲ ရှိုက်ငင်သည်းထန်စွာ။

သည်အခါတွင် ဗြဟ္မဒတ်ဘုရင်မင်း မျက်နှာချိုသွင်းကာ ချစ်စကားပြောလို့ အနားကိုကပ်ခါ
ပျိုကိန္နရီမောင်ဘုရားကိုသနား.. မေတ္တာတော်မျှ မိဘုရားမြှောက်ကာ လက်ယာထားမှာ…”
ရက်စက်စွာပြောသော်လည်း ချစ်လင်ကလွဲ ဖွဲဆန်ကွဲ ထင်ကာ ရက်စက်စွာပြောသော်လည်း
ချစ်လင်ကလွဲ ဖွဲစကွဲ ထင်ကာ အတင်း... ငြင်း မချစ်နိုင်ပါ။
သေပေမယ့်လည်း မခွဲခွာဘူး မယ့်ချစ်ဦးသာ
သစ္စာဆို တိုင်တည်ထား၊ သိကြားမ ကာ အသက်ရှင်လာ ပျော်မြူးစွာ ကိန္နရီ ကိန္နရာ
မောင်မယ်ချစ်ကြောင်း နှစ်ပေါင်း…. တစ်ထောင်ပင်ကြာ ..

Read more »

Feb 19, 2010

Sleeping Ugly


ငယ်ငယ်ကတည်းက ပုံပြင်တွေကို နှစ်သက်လွန်းခဲ့ဘူးတယ် ...
မိဘတွေက ပညာရေးဝန်ထမ်းတွေဆိုတော့ ကလေးဘ၀မှာ ဖွားဖွားဟာ အနီးဆုံးသူတဦးဖြစ်ခဲ့လို့ သူ့ပုံပြင်ပေါင်းများစွာနဲ့ ကြီးပြင်းခဲ့ရတာပေါ့ ... အဲသည်ကတည်းက ပုံပြင်တွေကို စွဲလမ်းခဲ့တာဖြစ်မှာပါ ... နောက်တော့ ဖေဖေ ပြောပြတဲ့ ပုံပြင်တွေကလည်း အစွဲအလမ်းတွေကို ပိုတိုးလာစေခဲ့တာပေါ့ ...
မကြာခဏသတိရနေတတ်တဲ့ အခုထိ စွဲလန်းနေဆဲ ပုံပြင်လေးတွေထဲမှာ ..

Cinderella ဖိနပ်ကလေးတဖက်ကျန်ခဲ့တဲ့ စင်ဒရဲလား ...
Snow white (စနိုးဝှိုက် နဲ့ လူပုလေး) ၇ ဖော် ...
Thumbelina (ခင်လက်မလေး) ...
Sleeping beauty (အိပ်ပျော်နေတဲ့ မင်းသမီးလေး) ...
Robin hood ရော်ဘင်ဟု ... တို့ ပေါ့ ...
အဲသည်ကတဆင့် စန္ဒာ မဂ္ဂဇင်းထဲက ဦးဦးပုံပြောမယ် မှာ လစဉ် ပုံပြင်တွေ စောင့်ဖတ်တတ်လာတယ် ...
နောက် နည်းနည်း အရွယ်ရောက်လာတော့ သခင်ဘသောင်းရဲ့ တစ်ထောင့်တစ်ည လိုမျိုး၊ ငါးရာ့ငါးဆယ်ထဲက ၀တ္ထုတွေလိုမျိုး ပုံပြင်တွေဖတ်ဖြစ်လာတယ် ...
ဖေဖေဖတ်ခိုင်းတဲ့ မြန်မာ့ရိုးရာပုံပြင်များကို (အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့စာအုပ်ကို Learner dictionary အားကိုးနဲ့) ဖတ်လာတယ်။ (ဖွားဖွားရော, မေမေရော, ဖေဖေရော အားကိုးရှိတော့ ကိုယ်နားမလည်တာတွေ မေးလို့ရတယ်လေ)။
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်က စပြီး ပုံပြင်တွေနဲ့ တစ တစ ကင်းကွာလာခဲ့ပေမယ့်လည်း ရံဖန်ရံခါမှာတော့ ပုံပြင်လေးတွေကို ပြန်သတိရနေတတ်နေရဲ့ ... ကိုယ့်လက်ရှိအခြေအနေတွေနဲ့ ပုံပြင်လေးတွေထဲက အခြေအနေတွေ ဆင်တူယိုးမှား ဖြစ်နေတတ်တာမျိုးတွေ ရှိလာတဲ့အခါမှာမျိုးပေါ့ ...
အခုတလော Sleeping Beauty ပုံပြင်လေးကို ပိုပြီး အာရုံရောက်နေမိတယ်။
ကျွန်တော် စိတ်ကူးတွေကြားမှာ အိပ်မက်တွေ မက်နေမိတယ် ...
အိပ်မက်ထဲမှာ ကျွန်တော် စစ်တိုက်နေတယ် ... စစ်ပွဲပေါင်းများစွာကို နှစ်ပေါင်းများစွာ တိုက်နေတယ် ...
နိုင်လိုက် ... မနိုင်လိုက် ... ကိုယ်ကရလိုက် ... ကိုယ်က ပေးလိုက်ရ ... ကိုယ့်ဖက်အရေးသာလိုက် ... ကိုယ့်ဖက် အရေးနိမ့်လိုက် ...
ကျွန်တော် အိပ်မက်ထဲမှာ အိပ်ပျော်နေတာ တော်တော်ကြာသွားပုံရတယ်။
ကျွန်တော့်ကို အိပ်ယာက အတင်းနှိုးတဲ့သူတွေက နှိုးလို့ရုတ်တရက် အိပ်ယာက လန့်နိုးလိုက်တဲ့အခါ ပတ်ဝန်းကျင် တခုလုံး အသစ်တွေချည်းဖြစ်နေတာ တွေ့လိုက်ရရဲ့ ...
အိပ်မက်တွေကလည်း ရက်စွဲတွေလွန်နေကုန်ပြီ ဆိုပဲ ...
အိပ်မက်ထဲကသေနတ်တွေအတွက် ကျည်ဆံတွေမရှိတော့ဘူး ... အိပ်မက်ထဲမှာစားဖို့ ဆန် မလောက်တော့ဘူး ... အိပ်မက်ထဲမှာ အတူ စစ်တိုက်ခဲ့တဲ့သူတွေ အိပ်မက်ရဲ့အပြင်ကို ထွက်ခွာသွားကုန်ကြတယ် ...
တခြားအိပ်မက်ထဲကသူတွေ ကျွန်တော့်အိပ်မက်ထဲ ရောက်လာကြတယ် ... ကျွန်တော့်အိပ်မက်က မ`လန်း´ဘူးတဲ့ ... သူတို့ထဲက တချို့ တခြားအိပ်မက်ကို ပြောင်းသွားကြတယ် ...
မင်းအိပ်မက်ကြီးက မမိုက်ပါဘူးကွာ တဲ့ ... သည်မှာ အိပ်မက်အသစ်တွေ ... သည်မှာ အတွေးသစ်တွေ ... သည်မှာ စိတ်ကူးသစ်တွေ ... တဲ့ ... ... ပြိုင်ပွဲဆိုတာ အနိုင်နဲ့အရှုံး ဆိုပေမယ့် ဇီးရိုးမရှိတဲ့ အနိုင်အရှုံး ဖြစ်ရမယ် တဲ့ ... ...
ခွန်အားဖြည့်ပေးမယ့်သူတွေက အားပေးနေတယ် ... သနားစရာသတ္တ၀ါတစ်ကောင်လို မြင်တဲ့သူက မြင်နေတယ် ... အလိုလို မြောင်းထဲ ရောက်သွားမှာပါ တဲ့ [ဒါလည်း အားပေးတာပဲး)]...
ဘင်လာဒင် နဲ့ ဆက်သွယ်ပါ ... အိုဘားမားနဲ့ ဆွေးနွေးပါ ... သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ... ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင် ... အဖျက်အမှောင့် လုပ်ငန်းများ ... ၉၀ ရွေးကောက်ပွဲ ... ၂၀၁၀ ရွေးကောက်ပွဲ ... ဥပဒေတွင်းတိုက်ပွဲ ... ပူးသတ်မယ် ... အရာရာဟာ ကျွန်တော့် ဉာဏ်ရည်နဲ့ မမှီမကမ်းဖြစ်နေကုန်ပြီ ...
ဒါပေမယ့် ကျွန်တော့်အိပ်မက်ထဲမှာ တိုက်ပွဲသဏ္ဍန်အသစ်တခုကို စတင်ဖို့ ပြင်ဆင်နေပြီလေ ...
ကျွန်တော် အိပ်ယာက တကယ်ရော နိုးရဲ့လားမသိဘူး။
ကျွန်တော် အိပ်မက်က လန့်နိုးတယ် လို့ အိပ်မက်မက်နေတာများလား ...
Sleeping Beauty ဆီကို မင်းသားလေး ရောက်သွားဖို့ နှစ်ပေါင်းများစွာ ကြာခဲ့ရသတဲ့ ...
Sleeping Ugly လည်း နှစ်ပေါင်း ဘယ်လောက် အိပ်ပျော်နေဦးမှာလည်းမသိဘူး ... ...
Sleeping beauty ကို မင်းသားချောချောလေးက ညင်သာစွာနမ်းလိုက်လို့ နိုးလာခဲ့သတဲ့ ...
Sleeping ugly ကိုလည်း မော်ဒယ်လန်းလန်းလေးက ညင်သာစွာ နမ်းပြီးနှိုးလိုက်ရင် ဘယ်လောက်ကောင်းမှာလဲ မသိ ...

Read more »

သတိတရ



ခဏခဏ
အခေါက်ခေါက်အခါခါ
ဘယ်အချိန်မှာဖြစ်ပါစေလေ ...
အမှတ်ရစရာ
ကြည်နူးခဲ့ဘူးတာ
မြင်ယောင်ကြည့်စရာမလို ...
အလိုလိုပါ
အရာရာတိုင်းမှာ သတိရစရာတွေချည်းလိုပဲလေ ...
နှစ်ဦး အလှမ်းကွာနေချိန်မှာ
ရည်မှန်း တမ်းတနေမိတဲ့အကျင့်ကို
ကိုယ် ...
ဘယ်အချိန်က ရသွားခဲ့သလဲမသိဘူးနော် ...
22nd Apr 09

Read more »

Feb 18, 2010

သဘာဝရဲ့ အကာအကွယ်










သည်လိပ်ပြာလေး ကျွန်တော့် ကုလားထိုင်မှာ လာနား နေတုန်း ရိုက်ယူထားလိုက်တာပါ ။

လှတယ်နော် ...
(မလှဘူးပြောတဲ့သူတွေ နောက်ကို ကျွန်တော်လက်ဆော့ ထားလာ လာမကြည့်ရ လို့ မပြောဘူး နော်)

Read more »

Feb 13, 2010

အချိန်မတိုင်မီ ( Untimely)

Get this widget | Track details | eSnips Social DNA


Written by Yeni/ Min Nyo Aung
Vocal - Yeni

Backing vocal -Waree
Violin - Chatcharal Swannaboot
Slide - Vatchara Jarernpon (Tuck)

Acoustic gitars - Yeni/ Vatchara Jerernpon (Tuk)
Bass - Tong Sudsanan
Drums - Anak Panyarath

Lyric

ဘယ်သူမှ မသိလိုက်တဲ့အချိန် မြိုင်ယံတော့စခန်းမြေမှာ
ခရီးလမ်းကြမ်းတမ်းခက်ထန် လူသူဝေးတဲ့နေရာမှာ
ပန်းလေးတပွင့် လွင့်ကြွေခဲ့ လန်းဆန်းဆဲ တင့်တယ်ဆဲ အချိန် လွင့်ပျက်ကြွေခဲ့ ...

အားလုံး အိပ်စက်နားနေချိန် ဝေဟင်ထဲကောင်းကင်မှာ
မိုးသားထုနောက်မှနေ ကြယ်ယံတစင်း လွင့်ကြွေခဲ့
ပိန်းပိတ်တဲ့ ညအမှောင်ထဲ လင်းလက်ဆဲ လှနေဆဲအချိန် ရုတ်တရက်ကြွေခဲ့ ...

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ