About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Feb 19, 2010

Sleeping Ugly


ငယ်ငယ်ကတည်းက ပုံပြင်တွေကို နှစ်သက်လွန်းခဲ့ဘူးတယ် ...
မိဘတွေက ပညာရေးဝန်ထမ်းတွေဆိုတော့ ကလေးဘ၀မှာ ဖွားဖွားဟာ အနီးဆုံးသူတဦးဖြစ်ခဲ့လို့ သူ့ပုံပြင်ပေါင်းများစွာနဲ့ ကြီးပြင်းခဲ့ရတာပေါ့ ... အဲသည်ကတည်းက ပုံပြင်တွေကို စွဲလမ်းခဲ့တာဖြစ်မှာပါ ... နောက်တော့ ဖေဖေ ပြောပြတဲ့ ပုံပြင်တွေကလည်း အစွဲအလမ်းတွေကို ပိုတိုးလာစေခဲ့တာပေါ့ ...
မကြာခဏသတိရနေတတ်တဲ့ အခုထိ စွဲလန်းနေဆဲ ပုံပြင်လေးတွေထဲမှာ ..

Cinderella ဖိနပ်ကလေးတဖက်ကျန်ခဲ့တဲ့ စင်ဒရဲလား ...
Snow white (စနိုးဝှိုက် နဲ့ လူပုလေး) ၇ ဖော် ...
Thumbelina (ခင်လက်မလေး) ...
Sleeping beauty (အိပ်ပျော်နေတဲ့ မင်းသမီးလေး) ...
Robin hood ရော်ဘင်ဟု ... တို့ ပေါ့ ...
အဲသည်ကတဆင့် စန္ဒာ မဂ္ဂဇင်းထဲက ဦးဦးပုံပြောမယ် မှာ လစဉ် ပုံပြင်တွေ စောင့်ဖတ်တတ်လာတယ် ...
နောက် နည်းနည်း အရွယ်ရောက်လာတော့ သခင်ဘသောင်းရဲ့ တစ်ထောင့်တစ်ည လိုမျိုး၊ ငါးရာ့ငါးဆယ်ထဲက ၀တ္ထုတွေလိုမျိုး ပုံပြင်တွေဖတ်ဖြစ်လာတယ် ...
ဖေဖေဖတ်ခိုင်းတဲ့ မြန်မာ့ရိုးရာပုံပြင်များကို (အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့စာအုပ်ကို Learner dictionary အားကိုးနဲ့) ဖတ်လာတယ်။ (ဖွားဖွားရော, မေမေရော, ဖေဖေရော အားကိုးရှိတော့ ကိုယ်နားမလည်တာတွေ မေးလို့ရတယ်လေ)။
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်က စပြီး ပုံပြင်တွေနဲ့ တစ တစ ကင်းကွာလာခဲ့ပေမယ့်လည်း ရံဖန်ရံခါမှာတော့ ပုံပြင်လေးတွေကို ပြန်သတိရနေတတ်နေရဲ့ ... ကိုယ့်လက်ရှိအခြေအနေတွေနဲ့ ပုံပြင်လေးတွေထဲက အခြေအနေတွေ ဆင်တူယိုးမှား ဖြစ်နေတတ်တာမျိုးတွေ ရှိလာတဲ့အခါမှာမျိုးပေါ့ ...
အခုတလော Sleeping Beauty ပုံပြင်လေးကို ပိုပြီး အာရုံရောက်နေမိတယ်။
ကျွန်တော် စိတ်ကူးတွေကြားမှာ အိပ်မက်တွေ မက်နေမိတယ် ...
အိပ်မက်ထဲမှာ ကျွန်တော် စစ်တိုက်နေတယ် ... စစ်ပွဲပေါင်းများစွာကို နှစ်ပေါင်းများစွာ တိုက်နေတယ် ...
နိုင်လိုက် ... မနိုင်လိုက် ... ကိုယ်ကရလိုက် ... ကိုယ်က ပေးလိုက်ရ ... ကိုယ့်ဖက်အရေးသာလိုက် ... ကိုယ့်ဖက် အရေးနိမ့်လိုက် ...
ကျွန်တော် အိပ်မက်ထဲမှာ အိပ်ပျော်နေတာ တော်တော်ကြာသွားပုံရတယ်။
ကျွန်တော့်ကို အိပ်ယာက အတင်းနှိုးတဲ့သူတွေက နှိုးလို့ရုတ်တရက် အိပ်ယာက လန့်နိုးလိုက်တဲ့အခါ ပတ်ဝန်းကျင် တခုလုံး အသစ်တွေချည်းဖြစ်နေတာ တွေ့လိုက်ရရဲ့ ...
အိပ်မက်တွေကလည်း ရက်စွဲတွေလွန်နေကုန်ပြီ ဆိုပဲ ...
အိပ်မက်ထဲကသေနတ်တွေအတွက် ကျည်ဆံတွေမရှိတော့ဘူး ... အိပ်မက်ထဲမှာစားဖို့ ဆန် မလောက်တော့ဘူး ... အိပ်မက်ထဲမှာ အတူ စစ်တိုက်ခဲ့တဲ့သူတွေ အိပ်မက်ရဲ့အပြင်ကို ထွက်ခွာသွားကုန်ကြတယ် ...
တခြားအိပ်မက်ထဲကသူတွေ ကျွန်တော့်အိပ်မက်ထဲ ရောက်လာကြတယ် ... ကျွန်တော့်အိပ်မက်က မ`လန်း´ဘူးတဲ့ ... သူတို့ထဲက တချို့ တခြားအိပ်မက်ကို ပြောင်းသွားကြတယ် ...
မင်းအိပ်မက်ကြီးက မမိုက်ပါဘူးကွာ တဲ့ ... သည်မှာ အိပ်မက်အသစ်တွေ ... သည်မှာ အတွေးသစ်တွေ ... သည်မှာ စိတ်ကူးသစ်တွေ ... တဲ့ ... ... ပြိုင်ပွဲဆိုတာ အနိုင်နဲ့အရှုံး ဆိုပေမယ့် ဇီးရိုးမရှိတဲ့ အနိုင်အရှုံး ဖြစ်ရမယ် တဲ့ ... ...
ခွန်အားဖြည့်ပေးမယ့်သူတွေက အားပေးနေတယ် ... သနားစရာသတ္တ၀ါတစ်ကောင်လို မြင်တဲ့သူက မြင်နေတယ် ... အလိုလို မြောင်းထဲ ရောက်သွားမှာပါ တဲ့ [ဒါလည်း အားပေးတာပဲး)]...
ဘင်လာဒင် နဲ့ ဆက်သွယ်ပါ ... အိုဘားမားနဲ့ ဆွေးနွေးပါ ... သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ... ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင် ... အဖျက်အမှောင့် လုပ်ငန်းများ ... ၉၀ ရွေးကောက်ပွဲ ... ၂၀၁၀ ရွေးကောက်ပွဲ ... ဥပဒေတွင်းတိုက်ပွဲ ... ပူးသတ်မယ် ... အရာရာဟာ ကျွန်တော့် ဉာဏ်ရည်နဲ့ မမှီမကမ်းဖြစ်နေကုန်ပြီ ...
ဒါပေမယ့် ကျွန်တော့်အိပ်မက်ထဲမှာ တိုက်ပွဲသဏ္ဍန်အသစ်တခုကို စတင်ဖို့ ပြင်ဆင်နေပြီလေ ...
ကျွန်တော် အိပ်ယာက တကယ်ရော နိုးရဲ့လားမသိဘူး။
ကျွန်တော် အိပ်မက်က လန့်နိုးတယ် လို့ အိပ်မက်မက်နေတာများလား ...
Sleeping Beauty ဆီကို မင်းသားလေး ရောက်သွားဖို့ နှစ်ပေါင်းများစွာ ကြာခဲ့ရသတဲ့ ...
Sleeping Ugly လည်း နှစ်ပေါင်း ဘယ်လောက် အိပ်ပျော်နေဦးမှာလည်းမသိဘူး ... ...
Sleeping beauty ကို မင်းသားချောချောလေးက ညင်သာစွာနမ်းလိုက်လို့ နိုးလာခဲ့သတဲ့ ...
Sleeping ugly ကိုလည်း မော်ဒယ်လန်းလန်းလေးက ညင်သာစွာ နမ်းပြီးနှိုးလိုက်ရင် ဘယ်လောက်ကောင်းမှာလဲ မသိ ...

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ