About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Feb 21, 2010

တယောက်တည်း မက်ဖြစ်တဲ့ အိပ်မက်တော့ မဟုတ်ပါ


John Lenon ရဲ့ သည် Imagine သီချင်း ကို အာရုံ ရောက်နေတာ ရက်တော်တော်လေး ကြာသွားတာ သတိထားမိတော့ နည်းနည်းပါးပါး တွေးဖြစ်တယ် ...
Imagine
Imagine there’s no heaven
It’s easy if you try
No hell bellows us
Above us only sky
Imagine all the people
Living for to day (Ah)
Imagine there are no countries
It isn’t hard to do
Nothing to kill or die for
And no religion too
Imaging all the people
Living life in peace
(**) You may say I’m a dreamer
But I’m not the only one
I hope some day you’ll join us
And the world will as one (I’ve as one)
Imagine no possession
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world

You may say I'm a dreamer but I'm not only one ဆိုတဲ့နေရာရောက်တော့ ကိုယ်တိုင် dream ဖြစ်နေတာ ကိုယ် တယောက်တည်းလား လို့ တွေးမိတယ် ...
Dream ကို အိပ်မက် sequence of mental images during sleep လို့ ဘာသာပြန်ကြပါတယ် ...
နောက်တမျိုးကျတော့ မျှော်လင့်ချက် စိတ်ကူး ဆန္ဒ something hoped for, wish, idle hope လို့လည်း ဘာသာပြန်ပါတယ်...
လန်းတယ် (သိပ်လှတာပဲ) something beautiful လို့လည်း သုံးတာတွေ့ဘူးတယ် ...
Aspiration, imagine, wish, goal, hope, desire စတဲ့ အဓိပ္ပာယ်တွေကို ပွားပြီးလည်း သုံးတာပဲ ...
----------------
၂၁ နှစ်ကျော် ကာလအတွင်း လမ်းမထက်မှာ ... တော တောင်ထဲမှာ သည်အိပ်မက်အတွက် အသက်နဲ့ ရင်းခဲ့သူတွေကို ပြန်မြင်လာတယ် ... လူသိသူသိလည်းရှိ ... လူမသိ သူမသိလည်း အများအပြား ... ...
ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ခဲ့ရသူတွေကို ပြန်မြင်လာတယ် ...
အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ အိပ်မက်တူတွေရဲ့ စွန့်လွှတ်မှုတွေကို တွေးမိတယ် ...
ကိုယ့်လို အိပ်မက်တူတွေ ရဲ့ အိပ်မက်ထဲကနေ တဦးချင်းရဲ့မလူးမလွန့်သာအခြေအနေတွေအရ သည် အိပ်မက်ထဲက မဖြစ်မနေ ရုန်းထွက်သွားရသူတွေအကြောင်း စဉ်းစားမိတယ် ...
အားလုံးရဲ့ dream (something hoped for) ကို dream (something beautiful) ဖြစ်အောင် သည် အိပ်မက်ထဲမှာ ဆက်ပြီး ပျော်ဝင်နိုင်ဖို့ ကြိုးစားရဦးမယ် ဆိုတာလည်း တွေးမိလိုက်တယ် ...
ဒါပေမယ့် သည် dream (desired) ထဲမှာ dream (castle in the sky) မဖြစ်ဖို့လည်း လိုနေမှန်း သိနေရဲ့ ...
ပေးဆပ်ခဲ့ရသူတွေ ... စွန့်လွှတ်ခဲ့ရသူတွေ ... ရင်ခုန်သံ နရီ တူညီနေဆဲ ရင်ခုန်ဖက်တွေ ... အတွက် ... ...
(စကားလုံးတွေ သိပ်ကြီးကျယ်နေတော့ အောက်ပါအတိုင်း ပြောင်းသုံးပါမယ်)
မလွှဲမရှောင်သာ ရုန်းထွက်သွားခဲ့ရတဲ့ အိပ်မက်တူ သယ်ဂျင်းဒေ ရဲ့ မျှော်လင့်ချက်တွေအတွက် ... ...
(ဒါလည်း စကားလုံးတွေက တော်တော် ဖင်ခေါင်းကျယ်နေလို့ အောက်ပါအတိုင်းပဲ အတည်ပြု သုံးပါတော့မယ် ...)
ကိုယ့် အတ္တအတွက် ကိုယ့်အတွေးနဲ့ ကိုယ် crazy ဖြစ်၊ သောက်ပျင်းထူပြီး ရုန်းမထွက်ချင်တော့လို့ ... ...
(အခုမှပဲ အဆင်ပြေတဲ့ စကားလုံး သုံးဖြစ်တော့တယ်)
အိပ်မက်ထဲ ဆက်ပြီး ပျော်ဝင်နေလိုက်ဦးမယ် ... ...
=========

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ