ရေး - သဟာယဆရာတင် ဆို - မလှရွှေ တီး(စန္ဒယား) - အေ၀မ်းခင်မောင်
|
ဂန္ဓမာ စန္ဒာတောင် ... စုံမြိုင်နန်းမှာ ... ဖူးပွင့်ကြတဲ့ ပန်းမာလာ… ဆင်းရနံ့ကဖြာ…
ငှက်ပေါင်းရယ် သာရကာ ... သံစာစာနဲ့ ... မြူးတူးပျော်ကြ….ရှာ။
မြောင်ညီလာ သီတာဗွေစွန် ရေတံခွန်ဖြာ မြသွေးရယ်ကြည်လင်စွာ ခွေကာရစ်လည် မြစ်နဒီ စန္ဒပါ။
သဲငွေသောင် သောင်ယံဦး…မှာ စန္ဒာစန္ဒီ ကိန္နရီတို့မှာ ပန်းပေါင်းထွေထွေ ပြာရွှေနီဝါ
ဆင်မြန်းကာဘဲ ကခုန်မြူးရှာ နန်းမူနန်းရာ ဆန်လှတာ ရွှေလည်တွဲ လို့ ချစ်ပွဲ ဘာသာပျော်ကြရှာ။
လှမ်းမယ်…ပ မြန်းစို့ ကိန္နရီ ကိန္နရာ..တူမကွာ တွဲကာ နွှဲကာ ၀ဲကာပျံကြ
တွဲကာ နွှဲကာ ၀ဲကာပျံကြ.. ပန်းစုံစွာ ဂနိုင်တွင်း ကြိုင်သင်းလို့ပါ ပန်းစုံစွာ ဂနိုင်တွင်း ကြိုင်သင်းလို့ပါ
ဖို…မ သံချိုထူးလို့သာ ငွေသောင်ယံ ရွှေတောင်ပံ မခွဲရက်အောင် နွှဲ….ယှက်ပျော်တာ။
ထိုစဉ်အခါ ... ဗာရာသနင်း မင်းဗြဟ္မဒတ် ဘုရင်ရာဇာ ဖော်မပါ တကိုယ်တည်းသာ
လေးတော်ထမ်းကာ မြိုင်နန်းဟေမ၀ါ ... ရောက်လို့လာတာ
ကိန္နရီ ကိန္နရာ နှစ်ဖော်ကြင်ရာ ပျော်ရွှင်နေတာ မြင်လိုက်တော့ကာ….
မင်းဘုရင် အတင်းပင် မြိုင်နန်းသူကိန္နရီ ဒေ၀ီခင်ရဲ့အပေါ် မေတ္တာတော် မျှဖို့ကြံတာ…
သူ့လင်သက်ဝေ.. ချစ်သူဆွေကို.. ဇီဝိန်ကြွေအောင် စိန်စက်မြှားနဲ့ တအားလွှဲပစ်ကာ
သနား….မညှာ မင်းဗြဟ္မဒတ်ရာဇာ။
အော်… … ငွေမှုန်ကြဲ သဲ ... သဲသောင်ယံမှာ လောင်းမြတ်ကိန္နရာ… ... အို… မြားနဲ့ ... ခွင်း…ပါလို့
ချစ်မယားမှာ သောကဖြာ ... စီးကျ မျက်ရည်တွေတွေ လင်ရွှေတုံ ဂမုန်းမယ့်သက်လျာ
အို … ဆုံးပေါ့တခါ အသဲအူ ပူအောင်ဖန်လို့သာ ... ပွေ့ယူ ရင်ခွင်ထဲမှာ ငိုမစဲ ရှိုက်ငင်သည်းထန်စွာ။
သည်အခါတွင် ဗြဟ္မဒတ်ဘုရင်မင်း မျက်နှာချိုသွင်းကာ ချစ်စကားပြောလို့ အနားကိုကပ်ခါ
“ပျိုကိန္နရီ…မောင်ဘုရားကိုသနား.. မေတ္တာတော်မျှ မိဘုရားမြှောက်ကာ လက်ယာထားမှာ…”
ရက်စက်စွာပြောသော်လည်း ချစ်လင်ကလွဲ ဖွဲဆန်ကွဲ ထင်ကာ ရက်စက်စွာပြောသော်လည်း
ချစ်လင်ကလွဲ ဖွဲစကွဲ ထင်ကာ အတင်း... ငြင်း … မချစ်နိုင်ပါ။
သေပေမယ့်လည်း မခွဲခွာဘူး မယ့်ချစ်ဦးသာ…။
သစ္စာဆို တိုင်တည်ထား၊ သိကြားမ ကာ အသက်ရှင်လာ ပျော်မြူးစွာ ကိန္နရီ ကိန္နရာ
မောင်မယ်ချစ်ကြောင်း နှစ်ပေါင်း…. တစ်ထောင်ပင်ကြာ ..