About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile
Showing posts with label သီချင်း. Show all posts
Showing posts with label သီချင်း. Show all posts

Jul 26, 2010

GW ရဲ့သီချင်းတွေ

အားအားလျားလျား ဟို သည် လျှောက်သွားရင်း တွေ့လိုက်တဲ့သီချင်းတွေ ကိုယ်တိုင်လည်းနှစ်သက်လို့ တင်ထားလိုက်တယ်။
ွGW ကို တော့ ခွင့်တောင်းတယ်လဲမမည်၊ အကြောင်းကြားတယ်လဲမဟုတ် comment မှာ စာ နည်းနည်းရေးထားယုံပဲ လုပ်နိုင်ခဲ့လိုက်တယ်။
သီချင်းတွေကတော့ ၂၀၀၉ အောက်တိုဘာလောက်က တင်ထားတဲ့သီချင်းတွေပါ။
ဒါပေမယ့် နားမထောင်ရသေးတဲ့သူတွေအတွက်တော့ အသစ်တွေပေါ့။
သီချင်းအားလုံး ၇ ပုဒ်ပါပါတယ်။ သက်ဆိုင်ရာ link တွေ ချိတ်ပေးထားပါတယ်။ download လုပ်ယူလို့ ရပါတယ်။
အပြောင်းအလဲမရှိသေးတဲ့ ကျွန်တော်တို့တိုင်းပြည်အတွက်တော့ မဟောင်းနိုင်ဦးမယ့် သီချင်းတွေပါ။
နားထောင်ကြည့်ပါ ...

Read more »

Feb 20, 2010

စန္ဒကိန္နရီ



ရေး - သဟာယဆရာတင် ဆို - မလှရွှေ တီး(စန္ဒယား) - အေ၀မ်းခင်မောင်
Get this widget | Track details | eSnips Social DNA

ဂန္ဓမာ စန္ဒာတောင် ... စုံမြိုင်နန်းမှာ ... ဖူးပွင့်ကြတဲ့ ပန်းမာလာ… ဆင်းရနံ့ကဖြာ…
ငှက်ပေါင်းရယ် သာရကာ ... သံစာစာနဲ့ ... မြူးတူးပျော်ကြ….ရှာ။

မြောင်ညီလာ သီတာဗွေစွန် ရေတံခွန်ဖြာ မြသွေးရယ်ကြည်လင်စွာ ခွေကာရစ်လည် မြစ်နဒီ စန္ဒပါ။
သဲငွေသောင် သောင်ယံဦး…မှာ စန္ဒာစန္ဒီ ကိန္နရီတို့မှာ ပန်းပေါင်းထွေထွေ ပြာရွှေနီဝါ
ဆင်မြန်းကာဘဲ ကခုန်မြူးရှာ နန်းမူနန်းရာ ဆန်လှတာ ရွှေလည်တွဲ လို့ ချစ်ပွဲ ဘာသာပျော်ကြရှာ။

လှမ်းမယ်…ပ မြန်းစို့ ကိန္နရီ ကိန္နရာ..တူမကွာ တွဲကာ နွှဲကာ ၀ဲကာပျံကြ
တွဲကာ နွှဲကာ ၀ဲကာပျံကြ.. ပန်းစုံစွာ ဂနိုင်တွင်း ကြိုင်သင်းလို့ပါ ပန်းစုံစွာ ဂနိုင်တွင်း ကြိုင်သင်းလို့ပါ
ဖို…မ သံချိုထူးလို့သာ ငွေသောင်ယံ ရွှေတောင်ပံ မခွဲရက်အောင် နွှဲ….ယှက်ပျော်တာ။

ထိုစဉ်အခါ ... ဗာရာသနင်း မင်းဗြဟ္မဒတ် ဘုရင်ရာဇာ ဖော်မပါ တကိုယ်တည်းသာ
လေးတော်ထမ်းကာ မြိုင်နန်းဟေမ၀ါ ... ရောက်လို့လာတာ
ကိန္နရီ ကိန္နရာ နှစ်ဖော်ကြင်ရာ ပျော်ရွှင်နေတာ မြင်လိုက်တော့ကာ….
မင်းဘုရင် အတင်းပင် မြိုင်နန်းသူကိန္နရီ ဒေ၀ီခင်ရဲ့အပေါ် မေတ္တာတော် မျှဖို့ကြံတာ…
သူ့လင်သက်ဝေ.. ချစ်သူဆွေကို.. ဇီဝိန်ကြွေအောင် စိန်စက်မြှားနဲ့ တအားလွှဲပစ်ကာ
သနား….မညှာ မင်းဗြဟ္မဒတ်ရာဇာ။

အော်… … ငွေမှုန်ကြဲ သဲ ... သဲသောင်ယံမှာ လောင်းမြတ်ကိန္နရာ… ... အို… မြားနဲ့ ... ခွင်း…ပါလို့
ချစ်မယားမှာ သောကဖြာ ... စီးကျ မျက်ရည်တွေတွေ လင်ရွှေတုံ ဂမုန်းမယ့်သက်လျာ
အို … ဆုံးပေါ့တခါ အသဲအူ ပူအောင်ဖန်လို့သာ ... ပွေ့ယူ ရင်ခွင်ထဲမှာ ငိုမစဲ ရှိုက်ငင်သည်းထန်စွာ။

သည်အခါတွင် ဗြဟ္မဒတ်ဘုရင်မင်း မျက်နှာချိုသွင်းကာ ချစ်စကားပြောလို့ အနားကိုကပ်ခါ
“
ပျိုကိန္နရီ…မောင်ဘုရားကိုသနား.. မေတ္တာတော်မျှ မိဘုရားမြှောက်ကာ လက်ယာထားမှာ…”
ရက်စက်စွာပြောသော်လည်း ချစ်လင်ကလွဲ ဖွဲဆန်ကွဲ ထင်ကာ ရက်စက်စွာပြောသော်လည်း
ချစ်လင်ကလွဲ ဖွဲစကွဲ ထင်ကာ အတင်း... ငြင်း … မချစ်နိုင်ပါ။
သေပေမယ့်လည်း မခွဲခွာဘူး မယ့်ချစ်ဦးသာ…။
သစ္စာဆို တိုင်တည်ထား၊ သိကြားမ ကာ အသက်ရှင်လာ ပျော်မြူးစွာ ကိန္နရီ ကိန္နရာ
မောင်မယ်ချစ်ကြောင်း နှစ်ပေါင်း…. တစ်ထောင်ပင်ကြာ ..

Read more »

Feb 13, 2010

အချိန်မတိုင်မီ ( Untimely)

Get this widget | Track details | eSnips Social DNA


Written by Yeni/ Min Nyo Aung
Vocal - Yeni

Backing vocal -Waree
Violin - Chatcharal Swannaboot
Slide - Vatchara Jarernpon (Tuck)

Acoustic gitars - Yeni/ Vatchara Jerernpon (Tuk)
Bass - Tong Sudsanan
Drums - Anak Panyarath

Lyric

ဘယ်သူမှ မသိလိုက်တဲ့အချိန် မြိုင်ယံတော့စခန်းမြေမှာ
ခရီးလမ်းကြမ်းတမ်းခက်ထန် လူသူဝေးတဲ့နေရာမှာ
ပန်းလေးတပွင့် လွင့်ကြွေခဲ့ လန်းဆန်းဆဲ တင့်တယ်ဆဲ အချိန် လွင့်ပျက်ကြွေခဲ့ ...

အားလုံး အိပ်စက်နားနေချိန် ဝေဟင်ထဲကောင်းကင်မှာ
မိုးသားထုနောက်မှနေ ကြယ်ယံတစင်း လွင့်ကြွေခဲ့
ပိန်းပိတ်တဲ့ ညအမှောင်ထဲ လင်းလက်ဆဲ လှနေဆဲအချိန် ရုတ်တရက်ကြွေခဲ့ ...

Read more »

Jan 28, 2008

Generation Wave ရဲ့ တိုက်ပွဲဝင်သီချင်းတွေကို တင်ထားပါတယ်။
အောက်ပါ link များမှာ နားထောင်လို့ရပါတယ်။

၁။ နိုးထကြလော့
၂။ တစ်ဆယ်
၃။ အမေ ၆၄
၎။ အခြေအနေမှား
၅။ မာရ်နတ်အိမ်
၆။ တိုက်
၇။ ခွင့်ပြုတော့မေမေ

Generation Wave ရဲ့ အကြောင်းကိုတော့ သည်မှာ သွားဖတ်လို့ရပါတယ်။

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ