About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Dec 25, 2011

Freedom ရုပ်ရှင်ပြိုင်ပွဲဝင် ကားများ အခမဲ့ကြည့်ရှုနိုင်


Freedom ရုပ်ရှင်ပြိုင်ပွဲတွင် ပါဝင်ပြသမည့် ကားများအား ပြည်သူများအခမဲ့ ကြည့်ရှုနိုင်ကြောင်း ယင်းပြိုင်ပွဲတွင် ဆုရွေးချယ်ရေးအဖွဲ့တွင်ပါဝင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၁နေ့ ညနေ၃နာရီမှ ၄နာရီကြားတွင်တော်ဝင်စင်တာ သတ္တမထပ် ရှိ ရုပ်ရှင်ရုံတွင် ကျင်းပမည်ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှ ၃ရက်နေ့အထိ ယင်းရုပ်ရှင်ရုံတွင်  နံနက်၁၀နာရီမှ ၆ နာရီအထိ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း ၄င်းကပြောသည်။

အဆိုပါပြိုင်ပွဲတွင် Documentry၊ Animation နှင့် Short Film ဟူ၍အမျိုးအစား သုံးမျိုးပါဝင်ပြီး ပြိုင်ပွဲဝင်စုစုပေါင်း ၁၈၇ ကားပါဝင်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်သူများတွင် နာမည်ရပြီး ရုပ်ရှင်ဒါရိုက်တာများ ရိုက်ကူးသည့် လက်ရာများထက် နာမည်ရပြီးသားမဟုတ်သူများ ရိုက်သည့် လက်ရာက ပိုမိုများကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးကပြောသည်။

“ပြည်သူတွေကို စတင်ပြသမယ့်နေ့တွေမှာ ပြိုင်ပွဲဝင်အားလုံးရဲ့ကားတွေထဲကနေ ရွေးချယ်ပြီး ပြသသွားမှာပါ”ဟု ၎င်းကဆိုသည်။
ဆုပေးပွဲအခမ်းအနားကို ဇန်န၀ါရီလ ၄ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး Best Documentryဆု၊ Best Short Film ဆု၊ Audience Choice (ပရိတ်သတ်က ရွေးချယ်ပေးသည့်) ဆုနှင့် Best Animation ဟူ၍ စုစုပေါင်း ၄ ဆုသတ်မှတ်ထားကြောင်း၊ ဆုငွေအဖြစ် ကျပ်ဆယ်သိန်းနှင့် ဆုတံဆိပ်၊ လက်မှတ်တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ရင်းမြစ် -thithtoolwin.com

Read more »

Dec 22, 2011

ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည်..

ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက (၁၅)ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည်.. ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနယက (၁၅)ပါးစုံညီ အစည်းအဝေးမှ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ပြီး လာမည့် တပေါင်းလမှာ ပြုလုပ်မယ့် နိုင်ငံတော် သံဃမဟာနာယက (၄၇)ပါးစုံညီ အစည်းအဝေးမှာ ရွှေညဝါဆရာတော်ကြီး၏ အသနားခံစာအား အားလုံးစုံညီ ဆုံးဖြတ်မည် ဖြစ်ကြောင်းသိရှိရပါသည်...။ လောလောဆယ် ဆိုင်းငံ့ထားစဉ်ကာလ၌ ရွှေညဝါပညာ့ဗိမ္မာန် ကျောင်းတိုက်၌ ရွှေညဝါဆရာတော်ကြီး ဆက်လက်သီတင်းသုံး နေထိုင်လျှက်ရှိပါတယ်...။ ဗုဒ္ဓတက္ကသိုလ်အားလည်း ဆက်လက်ဖွင့်လှစ် ထားပါတယ်..။ ထိုသို့ ဆက်လက် ဖွင့်လှစ်ထားကြောင်း အသိပေး အကြောင်းကြားစာအား မနက်ဖြန်မှာ လာပို့ရန် သံဃမဟာနာယက ဆရာတော်ကြီးများမှ မိန့်ကြားလိုက်ကြောင်း သိရှိရပါတယ်...။

သတင်းရင်းမြစ်: http://www.demowaiyan.co.cc/2011/12/blog-post_23.html

Read more »

Dec 19, 2011

ဆင်ဆာဖြတ်ကြမယ် ... တဲ့

မြန်မာ့ရုပ်ရှင် ဆင်ဆာဘုတ် ကို သရုပ်ဖော်ထားတဲ့ ပြကွက်ကလေးပါ။



မိမိလည်း မကြောက်မရွံ့သရုပ်ဆောင်ပေးသော သရုပ်ဆောင်များကို အထူးလေးစားဂုဏ်ပြုပါတယ် ...။
Youtube မှာ Post တင်ပေးတဲ့ kokokyawthu7786 နဲ့ သည်လင့်ကလေးကို ပို့ပေးတဲ့ ဘော်ဘော်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ youtube မှာ ကြည့်မရတော့ဘူးဆိုတဲ့သူများအတွက် မိုးမခ က ပြန်တင်ထားပေးလို့ link ပြန်လဲထားပေးပါတယ်။

Read more »

Dec 18, 2011

မီးပုံးပျံဆိုတာ မိုင်းဒဏ်လောက်တော့ ခံနိုင်ရမယ်


အမျိုးနဲ့ဘာသာ၊ သာသနာအတွက် ဘဝတစ်ခုလုံး ထိုးကျွေးဖို့ ၊ ဘယ်တော့မှ ဝန်မလေးဘူး။ ကြုံလာစမ်း လောကဓံ အညံ့မခံ ငါ့အားမာန်နဲ့ အမြဲတမ်းပဲ ရှင်သန်နေမယ် မိုးပေါ်တက်မယ့် မီးပုံးပျံဆိုတာ မိုင်းဒဏ်လောက်တော့ ခံနိုင်ရမယ်။ 
ရွှေညဝါဆရာတော်

Read more »

Dec 15, 2011

မိသားစု (by နေဘုန်းလတ်)


အဖေ ...
ရေဒီယိုဖွင့်ပြီးတော့ သတင်းတွေထဲ နားစွင့်နေချိန်
အမေ ...
ဘုရားစင်ရှေ့မှာ သစ္စာတွေ အထပ်ထပ် ဆုတောင်း
သားတွေမှာတော့ ...
အားလုံးရဲ့ မပြည့်သေးတဲ့ တောင်းဆုတွေ အတွက်...
ပျိုမြစ်ခြင်း တွေကို ချခင်း ပေးဆပ်နေကြရဲ့...

                                                                          နေဘုန်းလတ်

Read more »

ရွှေညဝါဆရာတော်အား သံဃမဟာနာယကအဖွဲ့က အရေးယူရန် ဆောင်ရွက်နေ

နိုင်ငံရေး အခမ်းအနားများ မကြာခဏ ကျင်းပလေ့ရှိသော ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေညဝါ ဆရာတော် အရှင် ပညာသီဟ၊ သက်တော် ၄၆ နှစ် (ဝါတော် ၂၇ ဝါရှိ) အား မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တရားဟောကြားသည့်ကိစ္စနှင့် ပါတ်သက်၍ အရေးယူပေးရန် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး သံဃာ့မဟာနာယကအဖွဲ့သို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၁၂ရက်နေ့နေ့စွဲဖြင့် အကြောင်းကြားခဲ့ကြောင်းသတင်းရရှိပါသည်။
ပြည်တွင်းတွင် တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခံနေရသော ဆရာတော်က အာဏာပိုင်များက အမျိုးမျိုး ဖိအားပေးနေကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားမိန့်ခွန်းတွင် ဆရာတော်က ထည့်သွင်း မိန့်ကြားခဲ့သည်။
တရားဟောခွင့် ပြန်လည်ရရှိမည့် ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် နတ်မောက်မြို့၌ တရားပွဲပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း သိရှိရသည်။
သာဓုပရိယတ္တိ စာသင်တိုက်ကြီးတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး၊ ဂီတ၊ ပန်းချီ၊ စာပေအသိုင်းအဝိုင်းနှင့်၊ လူမှုရေး အဖွဲ့အစည်းဝင်များက သြဂုတ် ၈ ရက်နေ့က ၂၃ နှစ်မြောက် လူထုအုံကြွမှု "ရှစ်လေးလုံး" နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့သည်။
နှစ်စဉ် သံဃာတော် အပါးကိုးရာကျော်ကို စာဝါများကို ပို့ချသင်ကြားပေးနေသည့် ဆရာတော်ကဲ့သို့ သာသနာတော်အတွက် ကျေးဇူးများသော ထင်ရှားကျော်ကြားသော ဆရာတော်တစ်ပါးကိုပင် ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်များ ဟောပြောခွင့်မရှိ ဟု ပိတ်ပင်ထားခြင်းသည် လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့် များကိုချိုးဖောက်ခြင်းဖြစ်သည်။ဤ ဆရာတော်အား အရေးယူရန်ဆုံးဖြတ်ချက်ကို ပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကြရန်
လူထုအော်လံ blog တွင် တိုက်တွန်းထားသည်။

သတင်းရင်းမြစ်များ - ဧရာဝတီ၊ HREIB၊ myanmarreferral၊ လူထုအော်သံ၊ 8888peoplepower၊ ဒီမိုဝေယံ။

Read more »

Nov 13, 2011

Teacher by day, Musician by night.



ကိုဝင်းချို ဟာ ဂီတသမားတစ်ဦးအနေနဲ့ သီချင်းတွေဆိုရင်း အနာဂတ်ရဲ့ပန်းပွင့်လေးတွေကို ပျိုးထောင်နေတဲ့ နေ့ဘက်မှာကျောင်းဆရာ-ညဖက်မှာ ဂီတသမား ဘဝနှစ်ခုကိ ခုံမင်စွာ ဖြတ်သန်းနေသူ တစ်ဦးပါ ..

Read more »

Nov 4, 2011

တကယ့်သတင်းဆိုရင် ဝမ်းမြောက်စရာပါ ..

ပဲခူးတိုင်းအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေကို ပဲခူးတိုင်ဒေသကြီး ပညာရေးဝန်ကြီးဌာနမှ ညွန်ကြားချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်...ကျောင်းရှိစာသင်သား ကလေးငယ်များကို မြန်မာနိုင်ငံရဲ့ ကမ္ဘာမှာ ထင်ရှားကျော်ကြားစေတဲ့ အကြောင်းအရင်း (၄) ချက်ကို ရှင်းပြပေးဖို့ ညွန်ကြားထားပါတယ်...
မြန်မာနိုင်ငံအား ကမ္ဘာမှ သိစေတဲ့အကြောင်းအရင်း (၄) ချက်ကတော့.......

(၁) ထေရ၀ါဒဗုဒ္ဒဘာသာ
(၂) ဗိုလ်ချုပ်အောင်ဆန်း
(၃) UN အတွင်းရေးမှူးချုပ် ဦးသန့်
(၄) ဒေါ်အောင်ဆန်းစုကြည်
တို့ကြောင့်ဖြစ်ပါတယ်တဲ့....
အဲဒီသတင်းကို ကျွန်တော်အမေက ကျောင်းအစည်းအဝေးကပြန်လာပြီး ၀မ်းသာအားရပြောပြတော့ ကျွန်တော်ဖြင့် ပျော်လိုက်တာဗျာ..ဒါ အမှန်တရားကိုလက်ခံလာ တာပါပဲ....ပဲခူးတိုင်းပညာရေးဝန်
ကြီးကို ကျေးဇူးတင်ပါတယ်ဗျာ..နောက် တစ်ခြား ပြည်နယ် တိုင်းတွေအနေနဲ့လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဒီလိုပြဌာန်းပေးနိုင်ပါစေလို့.......ဂုဏ်ယူ ၀မ်းမြောက်စွာ ဆုတောင်းပေးလိုက်ပါတယ်.

(လမ်းပြကြယ်မှ ရရှိသည်။)

Read more »

Jul 29, 2011

မြန်မာ့အင်တာနက်

Read more »

Jul 22, 2011

အောင်ဆန်းက ကျွန်တော့်ကို ငုံ့ကြည့်နေတယ်…

by Nay Phone Latt on Wednesday, July 20, 2011 at 10:09am
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ မာန်မာနတွေ သိမ်ဖျော့မှေးမှိန်သွား
ကြီးမြတ်သော ပေးဆပ်စွန့်လွှတ်ခြင်းမှာ
လုပ်မြဲအလုပ်တစ်ခုလို သူရိုးရှင်းတည်ငြိမ်ခဲ့ပုံက
အသံကျယ်တဲ့ သင်္ကြန်အမြောက်တွေကို အရှက်ရစေခဲ့
သူ့မျက်နှာက ခက်ထန်မာကြောသယောင်ယောင်
ဒါပေမယ့် သူ့ရဲ့ အားပြင်းတဲ့ စိတ်အလင်းရောင်မှာ
သူ့ရဲ့ တည်ကြည်လေးနက်ခြင်းက မဲညစ်ပိတ်မှောင်မနေခဲ့
တိုင်းပြည်နဲ့လူမျိုးကို ချစ်ခြင်း
လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးခြင်း
သူ့နှလုံးသားက အဲဒီအားနှစ်ခုတည်းနဲ့ ထိန်ထိန်လင်းတယ်
အဲဒီအလင်းကို ကျွန်တော့်ရင်ဘတ်ဆီ နှလုံးသားချင်း ချိတ်ဆက်စီးကူး
ကျွန်တော့်ရင်ခုန်သံတွေ ပူနွေးပြင်းရှမှုတစ်ခုနဲ့ တက်ကြွတောက်မြူးခဲ့
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ သိမ်ငယ်စိုးထိတ်မှုတွေ အားပျော့ကင်းစင်သွား
သူ့ရုပ်သွင်ရဲ့ သတ္တိရသက
ကျွန်တော့်စိတ်ဓါတ်ကို ဆွဲယူထူမတယ်သူ့သွေးတွေရဲ့ လတ်ဆတ်ပူနွေးမှုက
ကျွန်တော့်သွေးကြောတွေထဲ ဖောက်ဝင်စီးဆင်းတယ်ကျွန်တော့်အခန်းကျဉ်းလေးရဲ့ တိတ်ဆိတ်မှုထဲမှာ
သူ့စကားသံတွေ အသံမဲ့ပဲ့တင်ထပ်
တစ်သားတည်းကျသွားတဲ့ စိတ်ဓါတ်ခွန်အားနဲ့
သူမက်ခဲ့တဲ့ အိပ်မက် ကျွန်တော် ဆက်မက်တယ်
တစ်ထပ်တည်းကျသွားတဲ့ ရင်ခုန်သံစည်းချက်နဲ့
သူပျိုးခဲ့တဲ့ တစ်ပွင့်ပန်း ကျွန်တော် ဆက် လက်ဆင့်ကမ်းမယ်
သူချစ်ခဲ့သော တိုင်းပြည် သူမျှော်လင့်တဲ့အတိုင်း တည်စေဖို့
နီစွေးပြတ်သားသော ရဲရင့်ခြင်းနဲ့
ကျွန်တော် ရှေ့ဆက်ချီတက် ထမ်းရွက်မယ်
ကျွန်တော်တို့လမ်းရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ
သူလျှောက်ခဲ့ရတဲ့လမ်းလောက် ဆိုးဝါးပြင်းထန်ခဲ့သလား
ကျွန်တော်တို့ခရီးရဲ့ ရှုပ်ထွေးခဲယဉ်းမှုတွေ
သူနှင်ခဲ့ရတဲ့ခရီးလောက် ပွေလီကျပ်တည်းခဲ့သလား
ဦးနှောက်တွေ ဆူဝေပေါက်ကွဲလုမတတ်
သူတွေးခေါ်တွက်ချက်ခဲ့သလောက်
ကျွန်တော်တို့တွေ ဘယ်နှစ်ယောက်များ အားထုတ်ခဲ့ကြဖူးသလဲ
အိပ်လဲ ဒီစိတ် စားလဲ ဒီစိတ် သွားလဲ ဒီစိတ်နဲ့
သူ စွဲစွဲလမ်းလမ်း တောင့်တရယူပေးခဲ့တဲ့ လွတ်လပ်ရေး
အဲဒီလွတ်လပ်ရေးဆိုတာအတွက်
ကျွန်တော်တို့ သူ့လောက် ရူးသွပ်ပေးဆပ်ခဲ့ကြရဲ့လား
မေးခွန်းတွေများစွာက
ကျွန်တော့်ရင်ကို တွန်းထိုးတူးဆွကြ
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ကိုယ်ကျွန်တော် အားမလို အားမရ ဖြစ်မိတုန်းပဲ ….

နေဘုန်းလတ်
၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ( ဘားအံ အကျဉ်းထောင် မှ ဂုဏ်ပြုဖွဲ့ဆိုပါသည် )

Read more »

Jul 8, 2011

စေတနာ၊ ဂစ်တာ နှင့် ကျောင်းဆရာ



Win Cho who runs a small school in a border town talks to Kyaw Zwa Moe about his belief and views on education.

From: http://www.irrawaddyblog.com/

Read more »

Jul 6, 2011

ကမ္ဘာမကြေ



သွေးမြေခစု၊ ကြွေလုကျစော

ဒေါသမျက်ရည်၊ ဖြေမပြေကြ

ကျောင်းတော်ကြီးက၊ တို့မောင်နှမတွေ

ကမ္ဘာမကြေ ။
(၁၉၈၈ အရေးတော်ပုံကာလအတွင်းမှာ ကိုဝင်းနိုင်ဘို ရေးခဲ့တဲ့ ကဗျာလေးပါ။)

Read more »

Jul 2, 2011

ရင်သွေး





ရစ်ဖွဲ့နှောင်တိုး၊
ကြိုးတစ်မြှင်တင်း၊
သံသရာညွံအတွင်း၊
နစ်ခြင်းလည်း မငြူစူချင်တော့ပါ ... ...

Read more »

Jun 23, 2011

ကျောင်းသားတပ်မတော် သတင်းသုံးသပ်ချက် ထုတ်ပြန်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) က အပစ်အခတ် ရပ်စဲရေးအဖွဲ့များနဲ့ နအဖ တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ပတ်သက်ပြီး ဇွန် ၂၂ ရက် က သတင်းသုံးသပ်ချက် ထုတ်ပြန်လိုက်ပါတယ်။
သတင်းသုံးသပ်ချက် (၁/၂၀၁၁)
အတုအယောင် အပစ်အခတ်ရပ်စဲရေးမှ ပြည်တွင်းစစ်သို့

၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီလ (၅)ရက်နေ့မှာ ကချင် ကျောင်းသားခေါင်းဆောင် ဇော်တူးနှင့် ဇော်ဆိုင်း တို့ ခေါင်းဆောင် ဖွဲ့စည်းခဲ့တဲ့ ကချင်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းဟာ နောင်မှာ ကချင်ပြည် လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) အဖြစ်ထင်ရှားကာ မြန်မာပြည် ပြည်တွင်းစစ်အတွင်း ဆုံးရှုံး နေ သည့် အမျိုးသားရပိုင်ခွင့်များအတွက် ပါဝင်ဆင်နွှဲခဲ့ကြတယ်။
ရှည်လျားလှတဲ့ မြန်မာပြည် ပြည်တွင်းစစ်ခရီးစဉ်အတွင်း ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ဟာ ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့မှာ န၀တ- နအဖ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကို နှစ်ဘက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
၂၀၁၁ ခုနှစ် ဇွန်လ (၉)ရက်နေ့မှာတော့ စစ်အုပ်စု တပ်တွေနဲ့ KIA တပ်မတော် တို့အကြား တိုက်ပွဲများ ပြင်း ထန်စွာ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ စစ်အုပ်စုရဲ့ တပ်တွေ အထိအခိုက်အကျအဆုံးများ နှင့် ရင်ဆိုင်ခဲ့ရပါတယ်။ စစ် အုပ်စု၏ ရုပ်သေးအစိုးရပိုင် ၂၀၁၁ ခုနှစ် ဇွန်လ (၁၈)ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ မမှန်ကန်သော သတင်း ထုတ်ပြန်ချက်ကို ပြန်လည်ရှင်းလင်းခဲ့သည့် KIA ၏ သတင်းထုတ်ပြန်ချက်အရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်တွေဖြစ်ကြတဲ့ ခမရ (၄၃၇) နှင့် ခမရ (၃၄၈) တပ်နှစ်တပ် ဟာ ဆန်ဂန်ကျေးရွာသို့ ရောက်ရှိလာပြီး KIA ရှေ့တန်းစခန်းအား စတင်ပစ်ခတ်ခဲ့ တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန် (၁၁) ရက်နေ့ နေ့လည် (၁၂)နာရီမှာ KIA၏ ဘွန်ဆင်စခန်းအား ဆုတ်ခွာပေးရမည်ဟု ဖိအားပေးရာမှ KIA အနေဖြင့် မလွှဲမရှောင်သာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရခြင်း ဖြစ်ပါတယ်။ တိုက်ပွဲများ ယနေ့ထိ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
နအဖလက်ထက် စစ်အုပ်စု၏ ၀န်ကြီးချုပ် သိန်းစိန်က ၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့ တွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ လ၀ါယန် အခြေစိုက် (KIA- ခွဲထွက်အဖွဲ့) ဦးလဆန်အောင်ဝါ ခေါင်းဆောင်သည့် ပြည်သူ့စစ် အဖွဲ့နှင့် ပန်ဝါအခြေစိုက် ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) တို့နှင့်တွေ့ဆုံရာမှာ KIO အား ပထမဆုံး စံပြအဖြစ် တိုက်ခိုက် ချေမှုန်းသွားမည် ဟု ပြောကြားခဲ့ပါတယ်။
ပြည်သူ့စစ် အသွင်ပြောင်းလဲရေးကို လက်မခံခဲ့သည့် SSA-N တပ်မဟာ (၁) ကိုလည်း နအဖမှ ဥပဒေပြင်ပ အဖွဲ့အစည်းအဖြစ် ၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့တွင် သတ်မှတ်ခဲ့ရာမှ နှစ်ဘက် အကြား တင်းမာ မှုများ ရှိလာကာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိပါတယ်။
နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံသည့်အပြင် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့သည့် မွန်ပြည်သစ်ပါတီအပေါ်တွင်လည်း ဖိအားအမျိုးမျိုးပေးခဲ့ကာ နောက်ဆုံးတွင် မွန်ပြည်သစ်ပါတီမှ မြို့ပေါ်တွင် အခြေပြုထားသည့် ၎င်းတို့၏ ဆက်ဆံရေးရုံးများအား ရုတ်သိမ်းခဲ့ရပါတယ်။ ယခုအခါ နှစ်ဖက်ဆက်ဆံရေးမှာ ပျက်ပြယ်နေပြီး လက်နက်ကိုင်ပဋိပက္ခများ အချိန်မရွေးဖြစ်ပေါ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
နယ်ခြားစောင့်တပ် ဖွဲ့စည်းမှုကို လက်မခံခဲ့သည့် DKBA တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလား ဘွယ် ဦးဆောင်သည့် တပ်ဖွဲ့များနှင့်လည်း ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၈)ရက်နေ့မှ စ၍ လက်နက်ကိုင် တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ ဖြစ်ပွားဆဲ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဇွန်လ (၁၆) နေ့တွင်လည်း အပစ်ရပ် ကယန်းပြည်သစ်ပါတီ (KNLP) မှ နယ်ခြားစောင့်တပ် နှင့် ပြည်သူ့စစ် အသွင်ပြောင်းလဲရေးကို လက်မခံသဖြင့် န၀တ၊ နအဖ လက်ထက်တွင် ပေးထားခဲ့သော စက်ပစ္စည်း(ဘူဒိုဇာအပါအ၀င်) တို့ကို ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။ အစိုးရဟောင်းများ လက်ထက်က ပေးခဲ့တာဖြစ်ပြီး ခု အစိုးရသစ်က ပြန်လည်သိမ်းယူခဲ့တာဖြစ်ကြောင်း ပြောခဲ့တယ်လို့သိရပါတယ်။ ကယန်းပြည်သစ်ပါတီသည် ၁၉၉၄ ခုနှစ် ဇူလိုင်လမှာ အပစ်အခတ်ရပ်စဲခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။
ဖေါ်ပြပါဖြစ်စဉ်များအရ နအဖ၏ အပစ်အခတ် ရပ်စဲရေးသည် အတုအယောင်သာဖြစ်ပြီး ၂၀၀၈ အခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့၏ အစိုးရသစ်သည်လည်း စစ်အုပ်စု၏ ရုပ်သေးအစိုးရသာဖြစ်ကြောင်း ထင်ရှားနေ ပါတယ်။ ၂၀၀၈ အခြေခံဥပဒေသည် စစ်အုပ်စု၏ အကျိုးစီးပွားကိုသာ ကာကွယ် သွားမှာဖြစ်ပြီး တိုင်းရင်းသား လူမျိုး စုများ အတွက် ရသင့်ရထိုက်သော အခွင့်အရေးများ နှင့် အကျိုးစီးပွားတို့ကို အာမ မခံသည့်အပြင် ဖိနှိပ်ချေမှုန်း ရေးကိုသာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး၏ မျှော်လင့်ချက်သည်လည်း လုံးဝ မှေးမှိန် ပျောက်ကွယ်နေမည်ဖြစ်ပါတယ်။ စစ်အုပ်စု ရုပ်သေး အစိုးရသစ်၏ ခေါင်းဆောင် ဦးသိန်းစိန် မိန့်ခွန်းပါ ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အထက်ပါ အတိုင်း ဖိအားပေး၊ စစ်ရေး နည်းဖြင့် ဖြေရှင်း တည်ဆောက်မည်ဆိုပါက မည်သည့်နည်းနှင့်မျှ ရောက်ရှိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ရှေ့တွင် အတုအယောင် အပစ်အခတ်ရပ်စဲရေးကြောင့် ငြိမ်သက်သွားပြီဟု ထင်ခဲ့ရသော ပြည် တွင်းစစ် မီးတောက်မီးလျှံသည် အရှိန်အဟုန်ကြီးမားစွာ ပြန်လည်တောက်လောင် လာနိုင်ကြောင်း ဖေါ်ပြပါ ဖြစ်စဉ်များ က မီးမောင်းထိုးပြလျက် ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။

သုတေသန နှင့် မှတ်တမ်းဌာန

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)

ရက်စွဲ ။ ။ ၂၀၁၁ ခုနှစ် ဇွန်လ (၂၂) ရက်။

Read more »

Jun 8, 2011

မာနယ်စိုး စစ်ဆင်ရေး ထုတ်ပြန်ကြေညာချက်

မိမိတို့ DKBA ကလိုထူးဘော အခြေချစစ်ဗျူဟာ စစ်ရေးအရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ (၉-၄-၂၀၁၀) ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်၏ နောက်ဆက်တွဲအဖြစ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် (DKBA)၊(KNLA)၊(ABSDF) စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ပြည်တွင်းတစ်နေရာ၌ စစ်ဆင်ရေးစီမံချက်တစ်ခုကို ညှိနှိုင်းရေးဆွဲ ခဲ့ပါသည်။ စစ်ဆင်ရေးအမည်ကို "မာနယ်စိုးစစ်ဆင်ရေး (အောင်မြင်စိုးမိုးမှု)"ဟု အမည်ပေးထားသည်။ ၎င်းညှိနှိုင်းပွဲတွင် ဗိုလ်ချုပ် စောလားဘွယ် (DKBA)၊ ဗိုလ်မှူးကြီး မူဆေး (စစ်ဆင်ရေးကွပ်ကဲရေးမှူး DKBA)၊ ဗိုလ်မှူးကြီး ဂျိုး (စစ်ဆင်ရေးမှူး၊ တပ်မဟာ ၆ KNLA)၊ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး တင်လှိုင်၊ အမှတ် ၁၆ တပ်ရင်း၊ တပ်မဟာ ၆ KNLA)၊ ဗိုလ်မှူး သန်းတင်အောင် (အမှတ် ၁၇ ဒု-တပ်ရင်းမှူး၊ တပ်မဟာ ၆၊ KNLA)၊ ရဲဘော် ထွန်းထွန်း (စစ်ဦးစီးမှူး ဒုတိယတန်း
ABSDF) တို့ ပါဝင်ပြီး စစ်ဆင်ရေး ကွပ်ကဲမှု တာဝန်ခံ အဖြစ် ဗိုလ်မှူးကြီး ဂျိုး မှ တာဝန်ယူဆောင်ရွက်မ ည်ဖြစ်ပါသည်။ စီမံချက်ကို ၁၈-၄-၂၀၁၁ ရက်နေ့တွင် ညှိနှိုင်းရေးဆွဲ ခဲ့ပါသည်။ ရန်သူ့စစ်ဆင်ရေးကွပ်ကဲမှု
ပျက်ပြားစေရန် ရည်ရွယ်ပြီး စီမံချက်ကို ၁၀-၅-၂၀၁၁ ရက်နေ့တွင် စတင်ခဲ့ပါသည်။ စီမံချက် အဆုံးသတ်ကာလ အဖြစ် ဒီမိုကရေစီ နှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ သတ်မှတ်ထားပါသည်။
စီမံချက် ကာလ စတင်သည့် ၁၀-၅-၂၀၁၁ နေ့မှ ၃၁-၅-၂၀၁၁ နေ့အထိ ထိတွေ့မှုမျိုးစုံ ၁၆ ကြိမ် ရှိခဲ့ပြီး ရန်သူဘက်မှ ၄၀ ဦ သေ၊ ၃၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ မိမိတို့ဖက်မှ စစ်သည်တစ်ဦး ကျဆုံးခဲ့ပါသည်။
ရန်သူဖက်မှ လက်နက်ငယ်တစ်လက် ရရှိခဲ့ပြီး ရိက္ခာသယ်ဆောင်လာသည့် စစ်တပ်ပိုင် ဘူဒိုဇာ တစ်စင်းအား ရိက္ခာများနှင့်အတူ ဖျက်စီးနိုင်ခဲ့ပါသည်။ ၄-၅-၂၀၁၁ နေ့တွင် ခလရ ၂၃၁ မှ ရဲဘော်တစ်ဦး လက်နက်ငယ် ၄ လက်၊ ၎င်းကျည် ၃၀၀၊ ကျည်ဘောက် ၈ ချပ်၊ လက်ပစ်ဗုံး ၂ လုံး၊ ခွင်းဗုံး ၆ လုံး၊ I-com လမ်းလျှောက် စကားပြောစက် ၁ လုံးတို့ဖြင့် လည်းကောင်း၊ ၁၂-၅-၂၀၁၁ ရက်နေ့တွင် BGF တပ်ဖွဲ့ဝင် ၅ ဦးတို့သည် M16 ၁ လက်၊ Carbine ၁ လက်၊ RPG-7 ၁ လက်၊ G-3 ၁ လက်တို့ဖြင့်လည်းကောင်း၊ ၂၃-၅-၂၀၁၁ နေ့တွင် ခလရ ၅၄၆ မှ တပ်သား ဘိုမှတ် သည် လက်နက်မဲ့ဖြင့်လည်းကောင်း မိမိတို့ တပ်ပေါင်းစုထံ လာရောက် ပူးပေါင်းခဲ့ပါသည်။
အလားတူ ရှေ့ဆက်၍လည်း စစ်ရေးအရှိန်ကို တိုးမြှင့်လုပ်ဆောင်သွားမည့်အကြောင်း နှင့် ရည်ရွယ်ချက်တူ၊ ဘဝတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း စစ်ရေးအရှိန်ကို ယခုထက်ပိုမိုတိုးမြှင့် လုပ်ဆောင်သွားကြပါရန် မိမိနတို့အနေဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မာနယ်စိုး စစ်ဆင်ရေးအဖွဲ့
ရက်စွဲ။ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၆ ရက်။

Read more »

Mar 19, 2011

သည်နေ့ မေမေ့မွေးနေ့

အိမ်ကို အကြာကြီး ပြန်မရောက်တဲ့ အဝေးက သား
အားနာနာနဲ့လွမ်းနေရင်းနဲ့ ...
အနား သား မရှိနေပေမယ့်လည်း "သုခရိပ်မြုံ" က မေမေ့ သား မြေး ငယ်တွေကြားမှာ
ကြည်နူးဝမ်းမြောက်နိုင်ပါစေ မေမေ ...


(အိမ်ရဲ့ အဝေးကို အကြာကြီးရောက်နေတဲ့ ကျွန်တော့်အတွက် eindrar နဲ့ တခြား blog တွေက မေမေ့ပုံ ရလိုက်လို့ ကျေးဇူးပါ)

Read more »

Feb 2, 2011

မင်း ငါ့ဆီ ရောက်ခဲ့တယ်

သည်နေ့ခင်း မင်း ငါ့ဆီရောက်လာခဲ့ ... ညလုံးပေါက်ခဲ့ မင်းနဲ့ငါ အတူရှိနေ အေးခဲနေတဲ့ည အရင်ကလို ငြင်းခုံသံတွေနဲ့ မနွေးထွေးတော့ ... ငါ့စကားသံနဲ့ ငါ့မျက်ရည်ကိုလည်း ငါ့ကိုယ်ငါသာ အသိအမှတ်ပြုနေရ ... သူရူးတယောက်လိုသာ ငါ့ကိုယ်ငါထင်မိတော့တယ်လို့ မင်းကိုပြောတော့လည်း မင်းရဲ့အရိုးပြာအိုးကတော့ တုံနိဘာဝ အေးစက်စက်နဲ့ ... ...

Read more »

Jan 31, 2011

NLD အင်တာနက်စာမျက်နှာ စတင်ထုတ်လွှင့်


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အင်တာနက် Web site ကို ထုတ်လွှင့်လိုက်ပြီဖြစ်ပါတယ်။
ဧရာဝတီ ဘလောဂ် ကတော့ သည်လို ထူးထူးခြားခြား ရေးထားတာ ဖတ်မိပါတယ်။

Read more »

Jan 20, 2011

သံလွင်သူရဲကောင်း


ရုတ်တရက် ဒေါင်းတွန်သံ ဆွံ့အ
ကျန်ရစ်သူ ပုလဲခ ကြွေကျရှာပေါ့
သြော်-မြေခစရာ အရွေးမှားလေရော့လား
ရဲဘော်ဟာဖြစ်တည်ရာအရပ်
လူထုအာရုံ ရင်ဝယ်ခြုံလွှမ်း
ကြယ်စင်လမ်းမှာ အလံလွှင့်နေရော့သလား
သင်ဟာ နှုတ်မဆက် လက်မပြ ဘဝတွေရဲ့
ဖြစ်ပျက်နဲ့ မလွဲသာတဲ့နိဂုံး
ဂုဏ်သိက္ခာရှိစွာ သံလွင်ကမ်းပေါ် ဖြန့်ကြဲခဲ့ရော့သလား။ ။

ဒေါင်းနီ
01/19/2011ရက်နေ့တွင်တိုင်းပြည်အတွက်သူရဲကောင်းပီသစွာကျဆုံးသွားသောရဲဘော်သော်ဇင်(သို့)
ရဲဘော်သန်းလွင်အားအမှတ်တရ။

Read more »

Jan 19, 2011

ကြယ်တွေကောက်နေသူ


မောင်လွမ်းဏီ

ဟေမန္တဆောင်းတွေက
နွေထနောင်းရဲ့ 
ရွက်ပျိုတွေကို ကြွေဆင်းစေသတဲ့လား။

အခါမဲ့မိုးနဲ့ 
ငိုချင်းတွေရဲ့ ချိုးကူသံကရော
လွမ်းသံနှောလေသလား သမီးယမုံ။

ရိုးသား ရောင့်ရဲ၊ ရင့်ကျက် ရဲရင့်
ရဲဘော်စိတ်ဓာတ်၊ မြင့်မြတ်ခြင်တွေ
အမွေနှင်းအပ်၊ လက်ထပ်သင်ပေးခဲ့တယ်နော်
သား ၀သုန်သော် ၊ တနေ့ သော်
ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ရမှာ။

အနာဂတ်မှော်ရုံတော
သမီးထွေး နဒီသော်ရေ၊
အဖေ့ခေါ်သံ၊ သံလွင်မြစ်ကြောင်း
ဒေါင်းအိုးဝေသံ
ခံစားစီးဆင်းရစ်ပေတော့။

အိပ်မက်တွေအောက်
မိုးသောက်အိမ်လို
လင်းလက်ပျိုမျစ်၊ မြစ်သံလွင်ပေါ်
ရဲဘော်သော်ဇင်၊ ကိုသန်းလွင်တယောက်
ကြယ်တွေကောက်နေလောက်ရောပေါ့။ ။


မောင်လွမ်းဏီ
၁၈ - ၁ - ၂၀၁၁
ယနေ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော် သန်းလွင် ကောင်းရာသုဂတိလားပါစေ

Read more »

Jan 16, 2011

ရင်ဆိုင်ယှဉ်နွှဲ-အောင်ပွဲရယူ

တပ်မဟာ ၆ ဒေသ စစ်မြေပြင် ရောက် ကျောင်းသားတပ်မတော် စစ်ကော်မရှင် အတွင်းရေးမှူး၊ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်များ နှင့် မဟာမိတ် များ

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ