About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Jan 20, 2011

သံလွင်သူရဲကောင်း


ရုတ်တရက် ဒေါင်းတွန်သံ ဆွံ့အ
ကျန်ရစ်သူ ပုလဲခ ကြွေကျရှာပေါ့
သြော်-မြေခစရာ အရွေးမှားလေရော့လား
ရဲဘော်ဟာဖြစ်တည်ရာအရပ်
လူထုအာရုံ ရင်ဝယ်ခြုံလွှမ်း
ကြယ်စင်လမ်းမှာ အလံလွှင့်နေရော့သလား
သင်ဟာ နှုတ်မဆက် လက်မပြ ဘဝတွေရဲ့
ဖြစ်ပျက်နဲ့ မလွဲသာတဲ့နိဂုံး
ဂုဏ်သိက္ခာရှိစွာ သံလွင်ကမ်းပေါ် ဖြန့်ကြဲခဲ့ရော့သလား။ ။

ဒေါင်းနီ
01/19/2011ရက်နေ့တွင်တိုင်းပြည်အတွက်သူရဲကောင်းပီသစွာကျဆုံးသွားသောရဲဘော်သော်ဇင်(သို့)
ရဲဘော်သန်းလွင်အားအမှတ်တရ။

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ