About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Dec 15, 2011

ရွှေညဝါဆရာတော်အား သံဃမဟာနာယကအဖွဲ့က အရေးယူရန် ဆောင်ရွက်နေ

နိုင်ငံရေး အခမ်းအနားများ မကြာခဏ ကျင်းပလေ့ရှိသော ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေညဝါ ဆရာတော် အရှင် ပညာသီဟ၊ သက်တော် ၄၆ နှစ် (ဝါတော် ၂၇ ဝါရှိ) အား မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တရားဟောကြားသည့်ကိစ္စနှင့် ပါတ်သက်၍ အရေးယူပေးရန် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး သံဃာ့မဟာနာယကအဖွဲ့သို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၁၂ရက်နေ့နေ့စွဲဖြင့် အကြောင်းကြားခဲ့ကြောင်းသတင်းရရှိပါသည်။
ပြည်တွင်းတွင် တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခံနေရသော ဆရာတော်က အာဏာပိုင်များက အမျိုးမျိုး ဖိအားပေးနေကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားမိန့်ခွန်းတွင် ဆရာတော်က ထည့်သွင်း မိန့်ကြားခဲ့သည်။
တရားဟောခွင့် ပြန်လည်ရရှိမည့် ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် နတ်မောက်မြို့၌ တရားပွဲပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း သိရှိရသည်။
သာဓုပရိယတ္တိ စာသင်တိုက်ကြီးတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး၊ ဂီတ၊ ပန်းချီ၊ စာပေအသိုင်းအဝိုင်းနှင့်၊ လူမှုရေး အဖွဲ့အစည်းဝင်များက သြဂုတ် ၈ ရက်နေ့က ၂၃ နှစ်မြောက် လူထုအုံကြွမှု "ရှစ်လေးလုံး" နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့သည်။
နှစ်စဉ် သံဃာတော် အပါးကိုးရာကျော်ကို စာဝါများကို ပို့ချသင်ကြားပေးနေသည့် ဆရာတော်ကဲ့သို့ သာသနာတော်အတွက် ကျေးဇူးများသော ထင်ရှားကျော်ကြားသော ဆရာတော်တစ်ပါးကိုပင် ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်များ ဟောပြောခွင့်မရှိ ဟု ပိတ်ပင်ထားခြင်းသည် လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့် များကိုချိုးဖောက်ခြင်းဖြစ်သည်။ဤ ဆရာတော်အား အရေးယူရန်ဆုံးဖြတ်ချက်ကို ပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကြရန်
လူထုအော်လံ blog တွင် တိုက်တွန်းထားသည်။

သတင်းရင်းမြစ်များ - ဧရာဝတီ၊ HREIB၊ myanmarreferral၊ လူထုအော်သံ၊ 8888peoplepower၊ ဒီမိုဝေယံ။

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ