About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Nov 8, 2010

ကျောင်းသားတပ်မတော်က ပူးပေါင်း တိုက်ပွဲဝင်ရန် အသင့် ဟု ပြော

ကရင်ပြည်နယ် မြဝတီနဲ့ ဘုရားသုံးဆူဘက်မှာ ဖြစ်ပွားနေတဲ့ ဒီကေဘီအေနဲ့ စစ်အစိုးရတပ်အကြား တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းသွားဖို့ အဆင်သင့်ဘဲလို့ ဥက္ကဋ္ဌ ကိုသံခဲက ပြောပါတယ်။

“ABSDF
ကတော့ KNU ရဲ့ တပ်မဟာ ၇ ဒေသထဲမှာတော့ ကျနော်တို့ အမြဲတမ်း ပူးတွဲပြီးမှ အလုပ်လုပ်နေပါတယ်။ ပူးပေါင်းပါဝင်ဖို့ ABSDF က အဆင်သင့်ဖြစ်ပြီ။ ကာယကံရှင်တွေနဲ့ ကျနော်တို့က လက်တွေ့ကျကျ လက်တွဲလုပ်နိုင်ဖို့အတွက်က တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးဖို့ပဲ လိုတော့တယ်လို့ ကိုသံခဲက ပြောပါတယ်။

ဒီနေ့ အခုဖြစ်နေတဲ့ မြဝတီကတိုက်ပွဲတွေက ၂ဝ၁ဝ ရွေးကောက်ပွဲပြီးပြီးချင်း နအဖ က ပထမဆုံး တွေ့ရတဲ့ စစ်ရေး အကျပ်အတည်းပဲ။ ဒီနေ့ ဗမာပြည်မှာဖြစ်နေတဲ့ ၂ဝ၁ဝ အပေါ်ကို စိန်ခေါ်လိုက်တာပဲ။ အထူးသဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ အားလုံး လက်မခံနိုင်ဘူးဆိုတာကို နိုင်ငံရေး၊ စစ်ရေးနည်းနဲ့ တုံ့ပြန်တဲ့ သဘောလို့ ယူဆတယ်။ ရှေ့ဆက်ပြီးတော့ ဒီအတိုင်းသာ နအဖက ခေါင်းမာမာနဲ့ ဆက်သွားနေမယ်ဆိုရင် သည့်ထက်မကတဲ့ ဗမာပြည်ထဲမှာ အကျပ်အတည်းပေါင်းစုံကို ဆက်ပြီးတွေ့ရလိမ့်မယ်လို့ သူက ဆိုပါတယ်။

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ