ဖေဖော်ဝါရီလ(၁၄)ရက်၊မွန်းတည့် ၁၂ နာရီက စာပေဗိမာန်တွင် မြန်မာ့ရိုးရာ
နန်းတွင်းရာမဇာတ်တော်ကြီး (၂၂၂)နှစ်ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲနှင့် ရာမပညာရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့သည်။အခမ်းအနားတွင်
အလှည့်ကျသဘာပတိ ဦးတင်ခ(စာရေးဆရာကြီး တက္ကသိုလ်တင်ခ)က အဖွင့်အမှာစကားပြောကြား ပြီးနောက်
မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌဦးခင်မောင်ထွန်း (ဆရာခင်မောင်ထွန်း -လမ်းမတော်နှင့် အဏ္ဏဝါဦးသန်းအောင်တို့က အမှာ
စကားပြောကြားပေးခဲ့သည်။ ထို့နောက်အဏ္ဏဝါ သီရိရာမအဖွဲ့၊အိုးဘိုရာမ အဖွဲ့ဝင်များအားစီစဉ်သူဦးကြိုင်မြင့်
(ဆရာမာင်ရန်ရှင်း)က ဂုဏ်ပြုချီးမြှင့် စကားပြော ကြားပေးခဲ့သည်။ စာတမ်းဖတ်ပွဲတွင်
[ဆရာကြီးဒေါက်တာဦးခင်အေး(ဆရာမောင်ခင်မင်-ဓနုဖြူ)]က ‘မြန်မာရာမဇာတ်စာပေများ ၏ သွင်ပြင်နှင့်အရင်းခံရာ’စာတမ်း၊
အဏ္ဏဝါ သီရိရာမဦးခင်ရွှေမှ ‘မြန်မာ ရာမဇာတ်အကအဖွဲ့များစီးဆင်းမှု’စာတမ်း၊ ဆရာဦးရဲအောင်မှ ‘ငါးရာငါးဆယ်နိပါတ်တော်လာရာမဇာတ်တော်ကြီး’စာတမ်း၊ဖျာပုံ ဦးကျော်လင်းမှ ‘ဖျာပုံနန်းတွင်း မြန်မာရာမာယဏ
ဇာတ်တော်ကြီး၏ သမိုင်းကြောင်း’ စာတမ်းများဖတ်ကြားပေးခဲ့သည်။ဆရာဦးကြိုင်မြင့်(မောင်ရန်ရှင်း)ကရာမ
အက ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးခဲ့သည်။ အဆိုပါ အခမ်းအနားတွင် စိတ်ကူးချိုချိုစာအုပ်တိုက်မှ
မြန်မာ့ရိုးရာနန်းတွင်း ရာမဇာတ်တော်ကြီး ၂၂၂ နှစ်ြ ပည့်အထိမ်းအမှတ်အဖြစ်ထုတ်ဝေသော ‘မြန်မာရာမဇာတ် စာတမ်းများ’စာအုပ်ကို တက်ရောက်လာသူများအား
မေတ္တာလက်ဆောင် အဖြစ်ပေးခဲ့သည်။
သတင်းရင်းမြစ် - Asian Fame Media Group.