လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် (THE ART of FREEDOM FILM FESTIVAL) ဆုစာရင်းကို ၂၀၁၁ ဇန်နဝါရီ ၄ ရက်နေ့ ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ကြေညာတွင် ပြိုင်ပွဲဝင်ကားပေါင်း ၁၈၈ ကားအနက် အောက်ပါ ဇတ်ကားများ ဆုရရှိခဲ့သည်။
- အကောင်းဆုံး ဇတ်လမ်းတို ဆု ကို ကြိုး ဇတ်ကားဖြင့် ဒါရိုက်တာ မင်းသိုက်၊
- အကောင်းဆုံး မှတ်တမ်းရုပ်ရှင် (Documentary) ဆုကို ဒါရိုက်တာ စိုင်းကျော်ခန့် ၏ Click in fear၊
- အကောင်းဆုံး Animation ဆုကို ဒါရိုက်တာအောင်ဇော်မိုး ၏ Unity & Freedom၊
- အကောင်းဆုံး မျက်နှာသစ်ဒါရိုက်တာဆုကို Still in dark ဇတ်လမ်းတိုဖြင့် တင်ပြခဲ့သော ဒါရိုက်တာ အောင်ဇော်မိုး၊
- ပရိတ်သတ်အကြိုက်ဆုံးဆုကို ဒါရိုက်တာ ဝိုင်း ၏ အဲသည်အခန်းဖြတ်၊
လွတ်လပ်ခြင်း
အနုပညာရုပ်ရှင်ပွဲတော် ကို
ဒီဇင်ဘာလ ၃၁ ရက်နေ့ ရန်ကုန်မြို့၊ ပြည်လမ်းမရှိ တော်ဝင်စင်တာတွင်
စတင်ဖွင့်လှစ်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ပြိုင်ပွဲဝင်ဇတ်ကားများကို အခမဲ့ ပြသခဲ့ကာ ဇန်နဝါရီ ၄ ရက်နေ့ ညနေပိုင်းတွင် ဆုများ ထုတ်ပြန်ကြေညာခဲ့သည်။