မေမေ့သားရဲ့
ပရိုက်ဗိတ် မားသားဒေး ... ...
အဝေးကြီးကနေ ကန်တော့ပါတယ် မေမေ။
ကိန်းဂဏန်း သေးသေးကွေးကွေးကနေ
စက္ကန့်တွေ တလှုပ်လှုပ်
တခုတ်တရ မရေမတွက်မိပေမယ့်
နှစ်စဉ် ကိန်း တိုးနေရဲ့ ...။
ကိုယ့်အသက် ကိုယ်ကြည့်ဟဲ့ ..
ကလေးတွေအတွက် ထည့်စဉ်းစား ..
... အများကြီးပဲ ...
သား .. အနှီးထုတ်ကလေးထဲ ပြန်ရောက်သွားထင် ..။
ဧည့်ခန်းနံရံက စားမရတဲ့ စာရွက်တွေထက်
ပိုပိုမိုမို တက်မက်မိတဲ့ အရာ
ကိုယ်တိုင်သိပါလျက်
ရထားဥသြသံအကြောင်းကို ခုထိ တက်မက် သီဆိုနေရဆဲ ...
မေမေ ရေ ... ရွှင်လန်းပါစေ ... ...
သား ... တုတ်တစ်ချောင်း ကောက်နေတယ် ... ... ။