စိတ်သွားတိုင်း အလွမ်းပါ
ဒဏ်ရာအသစ်တွေ
ဖူး ငုံ ဝေနေကြတာများ
ရာသီပန်းတွေလို
အို အေး ဆို သိပ်
သမီးလေးအပ်စက်
ပုခက်ထဲ
ခဏလေးဖြစ်ဖြစ်
လှဲလျောင်းချင်
ရင်တွင်းသစ်နေမြဲ
အချစ်တွေနားမှာပဲ
တရစ်စွဲ ဝဲ ...
သည်အချိန် ဖေ မေ အပါး
မောင်နှမတွေ ကစား ပျော်နေရရင်
တပေါင်းလဝန်းလည်း မော်ပြုံးနေမှာပဲ ထင် ... ... ။
(ဝင်းတင့်ဟန်)