လူသားပီပီသသ
ကြာသမျှအချိန်တွေထဲ
အလွမ်းတွေချည်းမြဲလာ
အပျော်ဆိုတာလည်း
အိပ်မက်ထဲပဲရှိ ... ...
သည်လိုနဲ့
ကုန်လွန်ချိန်တွေထဲမှာ
[တကယ့်အချစ်နဲ့နှိုင်းရင်
အရည်အချင်းမပီပြင်တဲ့]
စကားလုံးတွေဖောင်းကားရင်း
တမ်းချင်းခပ်ညံ့ညံ့တွေပဲ
ကဲ့ယူသိမ်းဆည်းနေမိ ... ...