၁။ နအဖ ၏ နိုင်ငံရေးလမ်းပြမြေပုံအား အဆင့်တိုင်းတွင် တိုက်ဖျက်သွားမည် ဆိုသော မူ အား ဆက်လက် ကိုင်ဆွဲရန်။
၂။ နအဖ မှ တဖက်သတ်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အား မူအရလည်းကောင်း၊ ရေးဆွဲခဲ့သည့် ဖြစ်စဉ်များအရ လည်းကောင်း လုံးဝ လက်မခံနိုင်။
၃။ ထို ဖွဲ့စည်းပုံ အခြေခံဥပဒေ အား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုချက် ရယူရာတွင်လည်း ဖိနှိပ်မှုများ၊ ခြိမ်းခြောက် အကြပ်ကိုင်မှုများ၊ မသမာမှုများ စသည့် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ခဲ့သည့်အပေါ်...