About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Mar 30, 2008

ကုမုဒြာ

ညချမ်းချိန်ခါ လရောင်လာမှ
ကုမုဒြာ ပွင့်မယ်ဆိုရင်
မင်းဘ၀မှာ ည အသင်္ချေ ဖြစ်ပါစေ ... ... တဲ့ ။

ငယ်ငယ်တုန်းက crazy ဖြစ်ခဲ့တဲ့ ကဗျာတပုဒ် ရဲ့ အစိတ်အပိုင်းတခုပါ။ စကားလုံးတွေတောင် အပြည့်အစုံ မှန်ချင်မှ မှန်ပါလိမ့်မယ်။
တကယ်တမ်းမှာ ကုမုဒြာ လို့ သိကြတဲ့ ပန်းက ရေမှာပေါက်တဲ့ Water Lily, Lotus လို ကြာပန်းမျိုးနွယ်မဟုတ်ပါ မြေစိုက် သစ်ခွ မျိုးနွယ်ပါ။ orchid Cactus လို့ ခေါ်ပါတယ်။ Empress of night လို့လည်း ခေါ်ပါတယ်။အဖြူရောင်၊ ပန်းရောင် စသည်ဖြင့် အရောင်ကွဲတွေ ရှိပါတယ်။ အပွင့်က အရွက်ဖျားကနေ ထွက်တယ် ။  လပြည့် နဲ့ လပြည့် ပတ်ဝန်းကျင် လထွက်ချိန်မှာပွင့်လာတယ်။ မနက် ကျတော့ နွမ်းသွားတယ်။

ပြီးခဲ့တဲ့ လေးငါးနှစ်လောက်က တောထဲမှာ တွေ့တဲ့ အပင်တပင်ကို ကလေးတယောက်က လာပေးလို့ ဆေးခန်းမှာ စိုက်ထားရင်းနဲ့ ကုမုဒြာမှန်း နောက်မှ သိခဲ့ရတာပါ။ `တောင်ထိပ်မှာ ပေါက်တဲ့ကြာ´ ပေါ့။ အပွင့်က အဖြူရောင် ပါ။
ကုမုဒြာ ကြာပင်ဟာ အိမ်တွေမှာတောင် မစိုက်ကောင်းဘူး ... စသည်ဖြင့် ပြောကြဆိုကြလို့ ... (ကျွန်တော့်လူနာတွေက ပိုဆိုးတယ်။ အမှန်က သူတို့ ကိုယ်တိုင် ကျန်းမာရေးအသိပညာကို လက်တွေ အသုံးမချကြလို့ လို့ ကျွန်တော် သုံးသပ်တာပါပဲ။ လူထုကို ကိုးကွယ်တဲ့သူတွေကတော့ ကျွန်တော့်ရဲ သည် တင်ပြချက်ကို မုန်းတီးကြမှာပါပဲ။) ဘုန်းကြီးကျောင်းကို ပန်းအိုးလိုက် ပို့လိုက်တယ်။ ဘုန်းကြီးကလည်း (သူမစိုက်ရဲလို့လားမသိ) ဘာသာခြား မိသားစုတစုကို စွန့်လိုက်တယ်။ အဲသည် ဘာသာခြား မိသားစုကျတော့ တိုးပွားလာလိုက်တဲ့ စီးပွားရေး ... (ဘာကြောင့်လဲတော့မသိဘူး) အဲသည်လိုဟာတွေလည်း ကျွန်တော် နားမလည်ဘူး... နားလည်ဖို့လည်း မကြိုးစားဘူး...

ဒါပေမယ့် ကျွန်တော် တင်ပြချင်တာ အဲသည် ပန်းကို မမြင်ဘူးတဲ့သူတွေ မြင်ဘူးယုံသက်သက်ပါ။




















တခြား ကြည့်စရာတွေ
(၁) လစန္ဒီ ၏ ကုမုဒြာ
(၂) ၀န်းရံခ 
(၃) အိပ်မက် 
(၄) ကုမုဒြာ 
(၅) လပြည့်ညရဲ့ ကုမုဒြာ 
(၆) လမင်း၊ ကုမုဒြာ
အဲသည်လောက်နဲ့မှ အာသာမပြေသေးရင်
သည်မှာထပ်ရှာလို့ရပါသေးတယ် ....

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ