About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Feb 20, 2012

ရွှေတိဂုံ ၂၆၀၀ ပြည့် ဘုရားပွဲတော်တွင် ရာမာယဏ ကပြမည်

ရွှေတိဂုံစေတီတော်နှစ် (၂၆ဝဝ)ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲတွင် မြန်မာ့ ရိုးရာနန်းတွင်း ရာမာယဏဇာတ်တော်ကြီးကို သီရိရာမအဖွဲ့က ထန်းပင်ကုန်းကွင်း ၌ ဖျော် ဖြေတင်ဆက်မှာဖြစ်ပါသည်။ သီရိရာမအဖွဲ့ က ဖေဖော်ဝါရီ ၂၉ ရက် မှ မတ်လ ၃ရက် နေ့အထိ  ၄ ရက်တိုင်တိုင် ရွှေတိဂုံဘုရားပရိ ဝုဏ်အတွင်းထန်းပင်ကုန်း ကွင်းတွင် ကပြဖျော် ဖြေမည်ဖြစ်ကြောင်းသိရပါသည်။ 

ရင်းမြစ် Asia Fame Media Group

Read more »

ရာမဇာတ်တော်ကြီး (၂၂၂)နှစ်ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲနှင့် ရာမပညာရှင်ဂုဏ်ပြုပြွဲ



ဖေဖော်ဝါရီလ(၁၄)ရက်၊မွန်းတည့် ၁၂ နာရီက စာပေဗိမာန်တွင် မြန်မာ့ရိုးရာ နန်းတွင်းရာမဇာတ်တော်ကြီး (၂၂၂)နှစ်ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲနှင့် ရာမပညာရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့သည်။အခမ်းအနားတွင် အလှည့်ကျသဘာပတိ ဦးတင်ခ(စာရေးဆရာကြီး တက္ကသိုလ်တင်ခ)က အဖွင့်အမှာစကားပြောကြား ပြီးနောက် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌဦးခင်မောင်ထွန်း (ဆရာခင်မောင်ထွန်း -လမ်းမတော်နှင့် အဏ္ဏဝါဦးသန်းအောင်တို့က အမှာ စကားပြောကြားပေးခဲ့သည်။ ထို့နောက်အဏ္ဏဝါ သီရိရာမအဖွဲ့၊အိုးဘိုရာမ အဖွဲ့ဝင်များအားစီစဉ်သူဦးကြိုင်မြင့် (ဆရာမာင်ရန်ရှင်း)က ဂုဏ်ပြုချီးမြှင့် စကားပြော ကြားပေးခဲ့သည်။ စာတမ်းဖတ်ပွဲတွင် [ဆရာကြီးဒေါက်တာဦးခင်အေး(ဆရာမောင်ခင်မင်-ဓနုဖြူ)]က မြန်မာရာမဇာတ်စာပေများ ၏ သွင်ပြင်နှင့်အရင်းခံရာစာတမ်း၊ အဏ္ဏဝါ သီရိရာမဦးခင်ရွှေမှ မြန်မာ ရာမဇာတ်အကအဖွဲ့များစီးဆင်းမှုစာတမ်း၊ ဆရာဦးရဲအောင်မှငါးရာငါးဆယ်နိပါတ်တော်လာရာမဇာတ်တော်ကြီးစာတမ်း၊ဖျာပုံ ဦးကျော်လင်းမှဖျာပုံနန်းတွင်း မြန်မာရာမာယဏ ဇာတ်တော်ကြီး၏ သမိုင်းကြောင်းစာတမ်းများဖတ်ကြားပေးခဲ့သည်။ဆရာဦးကြိုင်မြင့်(မောင်ရန်ရှင်း)ကရာမ အက ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးခဲ့သည်။ အဆိုပါ အခမ်းအနားတွင် စိတ်ကူးချိုချိုစာအုပ်တိုက်မှ မြန်မာ့ရိုးရာနန်းတွင်း ရာမဇာတ်တော်ကြီး ၂၂၂ နှစ်ြ ပည့်အထိမ်းအမှတ်အဖြစ်ထုတ်ဝေသော မြန်မာရာမဇာတ် စာတမ်းများစာအုပ်ကို တက်ရောက်လာသူများအား မေတ္တာလက်ဆောင် အဖြစ်ပေးခဲ့သည်။
သတင်းရင်းမြစ် -  Asian Fame Media Group.

Read more »

Feb 7, 2012

ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ

၇ ဖေ ၂၀၁၂

မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)၊ ပြည်ပအခြေစိုက် မီဒီယာများဖြစ်သော ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)၊ ဧရာဝတီ၊ မဇ္ဇိမ သတင်းဌာနများနှင့် တွေ့ဆုံခဲ့သည်။

Read more »

Feb 5, 2012

ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ

၅ ဖေ ၂၀၁၂

ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ပအိုဝ့်အမျိုးသားအစည်းအရုံး၊ ကရင်နီတိုးတက်ရေးပါတီ တို့နှင့် ယနေ့ ထိုင်းမြန်မာနယ်စပ် တနေရာတွင် တွေ့ဆုံခဲ့သည်။
ဖေဖော်ဝါရီ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုနှင့် ဆက်လက်တွေ့ဆုံရန်ရှိသည်ဟု ဆိုသည်။

Read more »

ရွှေညဝါဆရာတော် ကိစ္စ ပြန်လည်သုံးသပ်ရန် လှုပ်ရှားမှု

ကျောင်းတိုက်ကနေ တလအတွင်းထွက်ခွာဖို့အတွက် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်တွေရဲ့ တောင်းဆိုချက်အရ ဇန်နဝါရီ ၁၉ ရက်နေ့က ရွှေညဝါဆရာတော်က ဝန်ခံလက်မှတ် ထိုးပြီးတဲ့နောက်မှာ သည်ကိစ္စကို ပြန်လည်သုံးသပ်ပေးဖို့အတွက်  လူ တထောင်ကျော် လက်မှတ်ရေးထိုးထားတဲ့ စာတစောင်ကို နိုင်ငံတော်သမ္မတ အပါအဝင် လူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်း ၁၇ ဖွဲ့ထံ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

Read more »

Feb 2, 2012

ဆည်းလည်း


ချိုမြနှုတ်ခမ်း တီတာစမ်းရေ
မေ ဖေ လည်ဆွဲ ဒါရူသည်း
မြဲပြုံးရယ်မြူး
နှုတ်ငုံဖူးမှာ
မပျောက်မလျ တည်လေပါ ..

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ