About Me

ကန့်ကေ်
အစွဲအလန်းကြီးတတ်လွန်းတော့... ဘာကိုမှမစွဲလန်းချင်တော့တဲ့သူ... အနိုင်ယူတတ်ချင်လွန်းပြီး... ညှာတာတတ်လွန်းနေသူ ... အများစုကို ဂရုစိုက်နေတတ်လွန်းလို့ ... ကိုယ့်ကိုကိုယ် သတိမထားမိ တတ်တဲ့သူ ... အမှားတွေကို လိုက်ပြင်နေရင်းနဲ့ ... ကိုယ်တိုင်ကျတော့ တလွဲတချော်တွေချည်း ဖြစ်နေသူ ..
View my complete profile

Jan 18, 2012

ရွှေညဝါဆရာတော် ဝန်ခံဂတိပြုလက်မှတ်ရေးထိုး


ရန်ကုန် - ဇန်န၀ါရီ ၁၉
ရွှေည၀ါဆရာတော်ကို သာဓုကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွာပေးရန် တိုင်းသံဃာ့နာယကအဖွဲ့ကယနေ့မွန်းလွဲ ၂နာရီခွဲတွင်ဆုံးဖြတ်ချက်ချခဲ့ကြောင်း 7Day News သတင်းထောက်ကသတင်းပေးပို့သည်။
ဇန်န၀ါရီ ၁၉ရက်မှ ဖေဖ၀ါရီ ၁၉ရက်အတွင်း ကျောင်းတိုက်မှထွက်ခွာပေးရန်နှင့်ကျောင်းမှ
မထွက်ခွာမီ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာနေထိုင်သွားရန်လည်း နာယက အဖွဲ့ကမိန့်ကြားခဲ့သည်။
ထိုဆုံးဖြတ်ချက်ကို တိုင်းသံဃာ့နာယကအဖွဲ့ဥကဌဆရာတော်နှင့် အကျိုးတော်ဆောင်အဖွဲ့
ဝင်ဆရာတော် များစုစုပေါင်း သံဃာတော်၁၀ပါးက ယနေ့အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
လူမှု့ရေးဝန်ကြီးနှင့် တိုင်းသာသနာရေးမှူးတို့တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
ရွှေညဝါဆရာတော်ကိစ္စ နာကြားနေစဉ်အချိန်တွင် ဆရာတော် ဦးဂမ္ဘီရ က အခုလိုလုပ်တာ ဓမ္မဝါယန နဲ့လည်း မညီ၊ လူ့အခွင့်အရေးကိုလည်း ချိုးဖောက်ခြင်းဖြစ်၍ အတိအလင်းကန့်ကွက်ကြောင်း အစည်းအဝေးပြုလုပ်ရာ ရွှေတိဂုံအရှေ့ဖက်မုခ်၊ ကြားတောရလမ်း၊ ကြေးသွန်းဘုရားကြီရှေ့ရှိ သံဃာ့နာယကအဖွဲ့ ကျောင်းတိုက်ဝင်းအတွင်း မိန့်ကြားခဲ့သည်။


(လူထုအော်သံ ဘလော့ဂ် မှ ကူးယူဖော်ပြပါသည်။)

Read more »

Jan 4, 2012

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ဆုရစာရင်း


လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် (THE ART of FREEDOM FILM FESTIVAL) ဆုစာရင်းကို ၂၀၁၁ ဇန်နဝါရီ ၄ ရက်နေ့ ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ကြေညာတွင် ပြိုင်ပွဲဝင်ကားပေါင်း ၁၈၈ ကားအနက် အောက်ပါ ဇတ်ကားများ ဆုရရှိခဲ့သည်။

  • အကောင်းဆုံး ဇတ်လမ်းတို ဆု ကို ကြိုး ဇတ်ကားဖြင့် ဒါရိုက်တာ မင်းသိုက်၊
  • အကောင်းဆုံး မှတ်တမ်းရုပ်ရှင် (Documentary) ဆုကို ဒါရိုက်တာ စိုင်းကျော်ခန့် ၏ Click in fear၊
  • အကောင်းဆုံး Animation ဆုကို ဒါရိုက်တာအောင်ဇော်မိုး ၏ Unity & Freedom၊
  • အကောင်းဆုံး မျက်နှာသစ်ဒါရိုက်တာဆုကို Still in dark ဇတ်လမ်းတိုဖြင့် တင်ပြခဲ့သော ဒါရိုက်တာ အောင်ဇော်မိုး၊
  • ပရိတ်သတ်အကြိုက်ဆုံးဆုကို ဒါရိုက်တာ ဝိုင်း ၏ အဲသည်အခန်းဖြတ်၊

လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော်  ကို  ဒီဇင်ဘာလ ၃၁ ရက်​နေ့ ရန်ကုန်မြို့​၊​ ပြည်လမ်း​မ​ရှိ တော်ဝင်စင်တာတွင် စတင်ဖွင့်​လှစ်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ပြိုင်ပွဲဝင်ဇတ်ကားများကို အခမဲ့ ပြသခဲ့ကာ ဇန်နဝါရီ ၄ ရက်နေ့ ညနေပိုင်းတွင် ဆုများ ထုတ်ပြန်ကြေညာခဲ့သည်။

Read more »

တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ်


လက်နက်ကိုင်တော်လှန်ရေး နှင့် လူထုတိုက်ပွဲ ပေါင်းစပ် အောင်ပွဲခံ